description
Pulung Gantung: Pati Ngendat (2025)
IMDb Rating (4.7)
ပူလန်ဂန်တွန် ဆိုတာ အင်ဒိုနီးရှားနိုင်ငံ ဂူနန်ကီဒူးလ်ဒေသရဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်ပြီး အောက်လမ်းအတတ် ဒါမှမဟုတ် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကိုခေါ်ဆိုတာဖြစ်ပါတယ်။
သူဟာ မီးဘောလုံးကြီးအသွင်ကိုဆောင်ပြီးတော့ ပစ်မှတ်တွေကို တိုက်ခိုက်တတ်ပါတယ်။ သူ့အတိုက်အခိုက်ကိုခံရတဲ့သူဟာ မကောင်းတဲ့ခံစားချက်တွေ စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပေါ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေကြရတော့တာပါ။ ရိုင်ယန်ဆိုတဲ့ လူငယ်လေးတစ်ဦးဆီကို အမည်မသိဖုန်းတစ်ကောလ်ဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်ဝေးကွာနေခဲ့တဲ့ သူ့ဖခင်ဟာနယ်ဝေးမှာသေဆုံးသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။
သူ့အဖေက သူ့အတွက် ပစ္စည်းတစ်ခုချန်ထားခဲ့တယ်ဆိုတာလည်းသိရတဲ့အတွက် သိချင်စိတ်ကြောင့်ရော ဖခင်ဖြစ်သူကိုနောက်ဆုံးတစ်ကြိမ်မြင်ချင်တာကြောင့်ပါ
ရိုင်ယန်နဲ့သူငယ်ချင်းသုံးယောက်တို့ သူ့ရဲ့မွေးရပ်ရွာကိုထွက်လာခဲ့ကြပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်ဟာ ရွာမှာ ပူလန်ဂန်တွန် အကြီးအကျယ်သောင်းကျန်းနေတဲ့အချိန်ဖြစ်ပြီးသူ့ဖခင်သေဆုံးမှုဟာလည်း ပူလန်ဂန်တွန် လက်ချက်ဆိုတာသိလိုက်ရပါတယ်။
အဲ့ဒါတွေအပြင် ရိုင်ယန့်ချစ်သူ အာလာနာပါ ပူလန်ဂန်တွန် ရဲ့သားကောင်ဖြစ်သွားတဲ့နောက်မှာတော့သူတို့တစ်သိုက်ဟာ ပူလန်ဂန်တွန် ကိုတားဖို့၊ ကျိန်စာကိုဖျက်ဆီးဖို့ ဒီဖြစ်ရပ်တွေရဲ့အရင်းခံရာ နောက်ကြောင်းနဲ့နည်းလမ်းတွေကို ရှာဖွေကြရပုံတွေကိုထိတ်လန့်သည်းဖိုရှုစားရမှာဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
File size…(1.3 GB) / (730 MB)
Quality….WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre….Horror,Thriller
Duration….01:30:44
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Alias
Related Keywords
Pulung Gantung: Pati Ngendat (2025) mmsub, Pulung Gantung: Pati Ngendat (2025) myanmar sub, Pulung Gantung: Pati Ngendat (2025) burmese sub, Pulung Gantung: Pati Ngendat (2025) မြန်မာစာတန်းထိုး