channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Professor T (2021)

Professor T (2021)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

လူသတ်၊ အမှုလိုက် စုံထောက်ကားတွေကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အံကိုက်ဖြစ်စေမယ့် Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Johnny English, The Armstrong and Miller, Bridgerton, Paddington အစရှိတဲ့ နာမည်ကြီး စီးရီးတွေ ရုပ်ရှင်တွေမှာ အမြဲတမ်း ပါဝင်တတ်ပြီး ထူးခြားလှတဲ့သရုပ်ဆောင်ချက်နဲ့ လူသိများကျော်ကြားတဲ့ Ben Millerက ပါမောက္ခ တန်းပစ်စ်အနေနဲ့ ဦးဆောင်ပါဝင်ထားပါတယ်။ ထို့အပြင် Emma Naomi, Frances de la Tour, Juliet Aubrey, Barney Whiteတို့ကလည်း အဓိကကျတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodeတစ်ပိုင်းချင်းစီမှာ မတူညီတဲ့ လူသတ်ပုံတွေ၊ ထူးခြားလှတဲ့ လူသတ်မှု ဖြေရှင်းပုံတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာဖြစ်လို့ အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ratingကလည်း 7.3တောင် ရထားတာဆိုတော့ အပြောတင်မဟုတ် လက်တွေ့မှာပါ အကြိုက်တွေ့ခံထားရတဲ့ series ကောင်း တစ်ခုဖြစ်ပါတယ်။

ဝင်းတားစ်၊ လီဆာဒွန်ကာစ်၊ ခရစ္စတီးနား၊ ရက်ဘစ်တို့က အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ်ခ်ျရဲဌာနက ရဲအရာရှိတွေပါ။ ပါမောက္ခ ဂျက်စပါ တန်းပစ်စ်ကတော့ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ ရာဇဝတ်မှုဌာနက ပါမောက္ခဌာနမှူးပဲဖြစ်ပါတယ်။

ပါမောက္ခ တန်းပစ်စ်က စာသင်တာကောင်းရုံသာမကပါဘူး၊ တမူထူးခြားလှတဲ့ ရာဇဝတ်မှုကို အာရုံခံနိုင်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားသူပါ။ ရာဇဝတ်မှု တစ်ခုဖြစ်ပြီဆိုရင် လူသတ်သမားနေရာကို ကိုယ်တိုင်ရောက်သွားပြီး ဘာကြောင့်သတ်တယ်၊ ဘယ်လိုသတ်လဲဆိုတာကိုပါ ကိုယ်တိုင်မြင်တွေ့ခံစားနိုင်တဲ့ ပါရမီရှင်ပါ။ တနေ့မှာ ကိန်းဘရစ်ခ်ျရဲဌာနက စုံထောက် လီဆာဒွန်ကာစ်ဟာ ရှုပ်ထွေးလှတဲ့ မှုခင်းအမှုတစ်ခုကြောင့် ပါမောက္ခစီကနေ အကြံလာတောင်းရင်းကနေ ကိန်းဘရစ်ခ်ျရဲဌာနမှာ ပါမောက္ခက ရာဇဝတ်မှုအကြံပေး ဖြစ်လာပါတော့တယ်။ ဂျက်စပါ တစ်ယောက် ကိန်းဘရစ်ခ်ျရဲဌာနမှာ အကြံပေးလုပ်ရင်း တွေ့ကြုံရလာမယ့် ခက်ခဲနက်နဲလှတဲ့ အဖြေရှာမရတဲ့ အမှုတွေကို သူ့ရဲ့ပါရမီကို ဘယ်လိုအသုံးချပြီး ဖြေရှင်းရှာဖွေသွားမလဲဆိုတာကို အားရပါးရကြည့်ရှု့ရမှာဖြစ်ပါတယ်။

File size…(352 MB)
Quality….Webrip  720p
Format…mp4
Duration….00:48:00
Genre…Drama, Crime , Mystery 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily And Min Khant Kyi Win 

Season 1 

Episode 1 720p  –  Yoteshin/ Megaup / Telegram / Usersdrive

Episode 2 720p  –  Yoteshin/ Megaup / Telegram / Usersdrive 

Episode 3 720p  –  Yoteshin/ Megaup / Telegram / Usersdrive 

Episode 4 720p  –  Yoteshin/ Megaup / Telegram / Usersdrive 

Episode 5 720p  –  Yoteshin/ Megaup / Telegram / Usersdrive 

Episode 6 720p  –  Yoteshin/ Megaup / Telegram / Usersdrive 

Season 2

Season 3

Related Keywords

Professor T (2021) mmsub, Professor T (2021) myanmar sub, Professor T (2021) burmese sub, Professor T (2021) မြန်မာစာတန်းထိုး