description
Power of Paanch (2025) “ပဉ္စမမြောက်ဓာတ်”
IMDb – 4.2/10 Disney+ Hotstarကနေ
ထုတ်လွှင့်ထားတာမကြာသေးတဲ့ အမိုက်စားဟင်ဒီစီးရီးလေးကို
တင်ဆက်ပေးလိုက်ပါတယ်။
ဗုဒ္ဓဘာသာပါဠိကျမ်းစာတွေမှာ အခြေခံအကျဆုံး သဘောသရုပ်အနေနဲ့
ဓာတ်ကြီးလေးပါးဆိုပြီး ရှိတယ်။ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောပေါ့။
ပါဠိဘာသာအနေနဲ့ စတ္တာရောမဟာဘူတလို့ ခေါ်ကြတယ်။ ဒီမဟာဘူတကိုပဲ
ဟိန္ဒူဘာသာရဲ့ သင်္သကရိုက်ဘာသာစကားမှာလည်း သုံးကြတယ်။
အဲဒီမှာတော့ မြေ၊ ရေ၊ လေ၊ မီးအပြင် အကာသဓာတ်လို့ခေါ်တဲ့
ဓာတ်တစ်ပါး ပါဝင်တာမို့ ဓာတ်ကြီးငါးပါးပေါ့။
ဒီဇာတ်လမ်းတွဲမှာလည်း အဲဒီဓာတ်ကြီးငါးပါးက
လူသားတွေဆီမှာ စွမ်းအားအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားတဲ့
လူသားတွေရှိနေပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ ဘီလာဆိုတဲ့ ဆယ့်ရှစ်နှစ်သမီး
တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ရှိတယ်။
ငယ်ငယ်ကတည်းက မိခင်ဖြစ်သူရဲ့ လွပ်လပ်စွာနေထိုင်ခွင့်ဆိုတဲ့
အခွင့်အရေးရထားပေမဲ့ တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့
စည်းကမ်းနှစ်ခုရှိတယ်။
တစ်အချက် – ပန့်ချ်ဂရီဆိုတဲ့မြို့ကို လုံး၀မသွားရ။
နှစ်အချက် – သူ့အမေရဲ့ စတိုခန်းကိုလုံး၀ဝင်မကြည့်ရတဲ့။
ဘီလာတစ်ယောက် နံပါတ်တစ်အချက်ဖြစ်တဲ့
ပန့်ချ်ဂရီကို သွားချင်တဲ့စိတ်နဲ့ နံပါတ်နှစ်အချက်စည်းကမ်းကို
ချိုးဖောက်လိုက်တဲ့အခါမှာတော့…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)
File Size – 600 MB(Appx;)@Episode
Quality – 1080p WEB DL
Duration –25 minute (@Episode)
Total Episodes: 20 Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Mystery, Kids, Sci-Fi & Fantasy
Translator – CM Bollywood Team
Encoder – YK / Htutz
===== Season 1 =====
====Ongoing====
Related Keywords
Power of Paanch (2025) mmsub, Power of Paanch (2025) myanmar sub, Power of Paanch (2025) burmese sub, Power of Paanch (2025) မြန်မာစာတန်းထိုး