channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Phantom Detective (2016)

Phantom Detective (2016)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Phantom Detective (2016)

**************************

၁၉၈၀ ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ စုံထောက်ကျော် အက်ရှင်ဇာတ်ကားကောင်းလေးတွေကို
ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Taxi Driver ထဲက Lee Je-Hoon, Kim Sung-Kyun နဲ့
မမ Go Ara တို့လို ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေပါဝင်ထားတဲ့ ၂၀၁၆ခုနှစ်က ဇာတ်ကားကောင်းလေးကို
ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအညွှန်း
**************

ဟုံးဂီဒုံ(Lee Je-Hoon)ဟာ .. ဥက္ကဌဟွမ်(Go Ara) တည်ထောင်ထားတဲ့ တရားမဝင်စုံထောက်အေဂျင်စီမှာ
ပုဂ္ဂလိကစုံထောက်ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေသူပါ။

အမှုမှန်သမျှကို တစ်ခဏအတွင်းဖြေရှင်းနိုင်ပြီး တစ်နာရီအတွင်း မရှာနိုင်တဲ့လူမရှိအောင်ထက်မြက်တဲ့
ဟုံးဂီဒုံဆီမှာ နှစ်ပေါင်း၂၀ကြာ ရှာမတွေ့နိုင်တဲ့လူတစ်ယောက်ရှိပါတယ်။
အဲဲဒီလူကတော့ ငယ်စဥ်ဘဝက သူ့မျက်စိရှေ့မှာတင် သူ့အမေကိုသတ်သွားခဲ့တဲ့ ဂင်ဗြောင်ဒေါ့ဆိုတဲ့လူပါ။

တစ်နေ့မှာတော့ ဂင်​ဗြောင်ဒေါ့ရှိတဲ့နေရာကို သိလို​က်ရပြီး လက်စားချေဖို့ ရောက်လာတဲ့အခါမှာတော့
ဂင်ဗြောင်ဒေါ့ဟာ ထူးဆန်းတဲ့လူတစ်စုရဲ့ ပြန်ပေးဆွဲတာခံလိုက်ရပြီး မြေးမလေးတွေဖြစ်တဲ့ ဒုံအီနဲ့
မာဆွန်းသာ ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်။

ပါးစပ်နားရောက်ခါနီးမှ ရိုက်ချခံရသလို ခံစားလိုက်ရတဲ့ ဟုံးဂီဒုံတစ်ယောက် ကလေးမလေးနှစ်ယောက်ကို
မြင်လိုက်ပြီးနောက်မှာတော့ တစ်ပုံစံတည်းလက်စားပြန်ချေဖို့အတွက် ကလေးမလေးနှစ်ယောက်ကို
“အဘိုးကို ရှာပေးမယ်”လို့ လိမ်​ညာခေါ်ဆောင်ပြီး ဂင်ဗြောင်ဒေါ့ရှာပုံတော် စဖွင့်ပါတော့တယ်။

ဒီလိုနဲ့ အဘိုးကြီး​ပြန်ပေးဆွဲခံရမှုက စုံထောက်ကျော် ဟုံးဂီဒုံထင်နေသလို မလွယ်ကူနေဘဲ နောက်ကွယ်မှာ
လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ..

တွေ့တာနဲ့ သတ်ဖို့ကြံစည်ထားတဲ့ ဟုံးဂီဒုံနဲ့ .. အဘိုးမရှိလို့မဖြစ်တဲ့ မြေးမလေးနှစ်ယောက်ကြား
ရှာပုံတော်လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲအချော်လေးတွေနဲ့ ကြုံတွေ့ရမလဲ …

နောက်ကွယ်က အဖွဲ့အစည်းကြီးနဲ့ ဟုံးဂီဒုံတို့ကြားမှာရော ဘယ်လိုပတ်သတ်ဆက်နွှယ်မှုတွေရှိနေမလဲဆိုတာကို
လျှို့ဝှက်ဆန်းကြယ်စွာနဲ့ စိတ်ဝင်တစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။

 

(အညွှန်းကို Hsu Pyae မှ ရေးသားထားပါတယ်)

 

File size…1.84GB / 892MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….2 hr. 6 min.
Genre ….. ActionThrillerMystery, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Hsu Pyae
Encoded by AHtet 

  • Download Links Server Size Quality

Related Keywords

Phantom Detective (2016) mmsub, Phantom Detective (2016) myanmar sub, Phantom Detective (2016) burmese sub, Phantom Detective (2016) မြန်မာစာတန်းထိုး