description
Pattth 2025 သံစဉ်ရှာပုံတော်
ဒီဇာတ်ကားက နည်းနည်းတော့ထူးခြားပါတယ် ပုံမှန်လို
အချစ် အလွမ်း အကြမ်းတွေမဟုတ်ဘဲ သီချင်းလေးတစ်ပုဒ်ကိုအကြောင်းပြုပြီး
သက္ကတခေတ်တွေအထိပါ ရှာပုံတော်ပတ်ဖွင့်သွားရတဲ့အထိ
လူတွေစိတ်ဝင်စားခဲ့ကြတာပါ အဓိကအားဖြင့်တော့
ဂီတ မှတ်ဉာဏ်နဲ့ လူသားချင်း ဆက်သွယ်မှု တွေကို
စူးစမ်းရှာဖွေတဲ့ ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်
အူနီလိုခေါ်တဲ့ ကြိုးစားရုန်းကန်ရင်း ဘဝကိုဖြတ်သန်းနေတဲ့
ရုပ်ရှင်တည်းဖြတ်သူတစ်ယောက်က ခရီးသွား vlog တစ်ခုကို
တည်းဖြတ်နေတုန်း ကန်ယာမျိုးနွယ်စုဝင်တွေ သီဆိုထားတဲ့
ရိုးရာသီချင်းတစ်ပုဒ် ကို တွေ့ရှိခဲ့ပါတယ် အူနီရဲ့ အဘွားက
အဲဒီသီချင်းကိုကြားတဲ့အခါ အတူတူလိုက်ဆိုပြီး
ဒီသီချင်းအကြောင်းကို သိတယ်လို ပြောလာပါတယ်
အွန်နီနဲ့ သူ့ချစ်သူတိုက ဒီသီချင်းရဲ့ ဇာစ်မြစ်ကို စိတ်ဝင်စားသွားပြီး
သူတိုအဘွားဆိုပြတဲ့သီချင်းကို ဆိုရှယ်မီဒီယာမှာ ဘာရယ်မဟုတ်ဘဲ တင်လိုက်မိပါတယ်
ဒီလိုနဲ့ Comment တွေကနေ ဒီသီချင်းကို သိတဲ့သူတွေ တစ်စတစ်စ ပေါ်ထွက်လာပြီး
အများကြီးရှိတယ်ဆိုတာ သိလာရတဲ့အခါ သူတိုနှစ်ယောက်က ဒီသီချင်းရဲ့
မူလဇာစ်မြစ်ကို ရှာဖွေဖို မှတ်တမ်းရုပ်ရှင်တစ်ကားရိုက်ဖို ခရီးစထွက်လာပါတော့တယ်
ခရီးတစ်လျှောက် တွေ့ဆုံရတဲ့ လူသစ်တွေကို မေးမြန်းခန်းနဲ့ဒီသီချင်းရဲ့ လျှိဝှက်ချက်တွေက
ပိုပိုပြီးနက်ရှိင်းလာတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်ရှူလိုက်ကြပါဦးရှင်
( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Alex ~ KKKZ တိုပဲဖြစ်ပါတယ် )
File size… 973 MB / 475 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….1 h 26 min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Yunni ~ Cym ~ Alex ~ KKKZ
Related Keywords
Pattth (2024) mmsub, Pattth (2024) myanmar sub, Pattth (2024) burmese sub, Pattth (2024) မြန်မာစာတန်းထိုး