channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Opus (2025)

Opus (2025)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

 

Opus (2025)

IMDb Rating (5.7) / Rotten Tomatoes (40%)

 

2025 ခုနှစ်မှာ A24 ကထုတ်လုပ်ထားတဲ့ psychological thriller ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Opus ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။

ဇာတ်ကားနာမည်က Opus ဆိုတဲ့ အတိုင်းပဲ ဂီတကို အရင်းခံရိုက်ကူးထားပြီး ဆုတွေလဲရရှိထားတဲ့ မင်းသမီး Ayo Edebiri က အဓိကဇာတ်ကောင်နေရာကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

တတ်သစ်စ ဂျာနယ်လစ်‌ဖြစ်တဲ့ အေရီရယ်ဟာ ကုမ္ပဏီမှာ ၀န်ထမ်းလုပ်နေရတယ်ဆိုပေမယ့် သူ့ဟာသူကုန်ကြမ်းရှာပြီး စာအုပ်ထုတ်ချင်နေတာပါ။

အဲ့ဒီအချိန်မှာပဲ လုံး၀ဒိတ်ဒိတ်ကြဲနာမည်ကြီးဖြစ်ခဲ့တဲ့ အဲဖရတ်ဒ် မော်ရက်တီက နှစ်ပေါင်းများစွာ‌ပျောက်သွားပြီးမှ ရုတ်တရက် ပြန်ပေါ်လာတဲ့အတွက် လူတွေက အရမ်းကို အံ့ဩနေကြပါတယ်။

သူက ဒီတိုင်း ပြန်ပေါ်လာတာမျိုးမဟုတ်ပဲ အယ်လ်ဘမ်အသစ်နဲ့အတူပြန်လာတာပါ။ ပြီးတော့ မော်ရက်တီဟာ သူ့ အယ်လ်ဘမ်အသစ်ကို ဦးဦးဖျားဖျားနားထောင်ခိုင်းဖို့ လူတစ်စုကို ရွေးပြီးအရင်ဖိတ်လိုက်ပါတယ်။ အဲ့ဒီမှာ အေရီရယ်လဲ အရွေးခံလိုက်ရပါတယ်။

အေရီရယ်လဲ သူ့အထက်လူကြီးဖြစ်တဲ့ စတန်နဲ့ အတူ လာခေါ်တဲ့ကားနဲ့ပဲ ခရီးထွက်ကြပါတော့တယ်။ ဟိုရောက်တော့ ပွဲရဲ့လုံခြုံရေးအရ သူတို့ရဲ့ ဖုန်းတွေ၊ လပ်တော့တွေကို ၀န်ထမ်းတွေက သိမ်းသွားပါတယ်။

သူတို့ခိုင်းချင်တာ ခိုင်းလို့ရအောင်ဆိုပြီး လူတစ်ယောက်ချင်းစီကိုလဲ အနားမှာ ထားပေးထားပါသေးတယ်။ အေရီရယ်ဟာ ဂျာနယ်လစ်ပီပီ အဲ့နေရာရဲ့ မသင်္ကာစရာတွေကို စတင်ခံစားမိလာပါတယ်။

သူတို့ကို ဖိတ်ရတဲ့ အကြောင်းအရင်းက ဘာတွေလဲ။ အဲ့ဒီ‌ နေရာက လူတွေကရော ဘာ‌တွေလဲ….အရမ်းမပြောတော့ပါဘူး။ ဇာတ်ကားက ကောင်းတာမို့လို့ကြည့်ဖြစ်အောင်ကြည့်ကြပါနော်။

 

(အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)

File size…(2.3 GB) / (900 MB)
Quality….Blu-Ray 1080p HEVC / 720p
Format…. mkv/mp4
Genre….Horror,Mystery,Thriller
Duration….01:44:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Double K
Translated by Ivy Noe

  • Download Links Server Size Quality

Related Keywords

Opus (2025) mmsub, Opus (2025) myanmar sub, Opus (2025) burmese sub, Opus (2025) မြန်မာစာတန်းထိုး