description
One Piece Movie 4 – Dead End Adventure (2003)
IMDb -7.1/10
My anime list -7.5/10
ဒီကားလေးကတော့ ကောက်ရိုးဦးထုပ်သားတွေရဲ့ ၄ ကားမြောက် ရုပ်ရှင်လေး ဖြစ်ပါတယ်။
Luffy တို့အဖွဲ့ဟာဆိုရင် ဇာတ်ကားစစချင်းမှာတင် ရေတပ်ရဲ့သည်းကြီးမဲကြီးလိုက်ဖမ်းတာကိုခံရရင်း
ကျွန်းတစ်ကျွန်းမှာသောင်တင်နေပါတယ်။ အစားပုတ်တဲ့ Luffy ကြောင့် ပါလာသမျှငွေလဲ
ဗိုက်ထဲ ရောက်သွားတော့ ဘိုင်တော်တော်ပြတ်နေတဲ့အခြေအနေကိုရောက်နေတယ်။
ငွေချစ်ခင် Nami san ကတော့ ကိုယ်တွေလိုငွေမရှိရင်မနေနိုင်သူလေးပါ။ တစ်ညတော့
ဘားမှာစားကြရင်း ဘားကလူရဲ့လမ်းညွှန်မှုကြောင့် မြေအောက်တရားမဝင်ပြိုင်ပွဲတစ်ခုအကြောင်း
သိသွားကြတယ်။ ပင်လယ်ဓားပြတွေအတွက်ပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပန်းတိုင်နေရာကို
အရင်ရောက်သူကဆုကြေးကိုပိုင်ဆိုင်မှာပါ။ ဒါကိုကြားပြီးနောက် Luffy တို့အုပ်စု မတုံ့မဆိုင်း
ဝင်ပြိုင်ပါတော့တယ်။ တစ်ဖက်မှာလဲ ရေတပ်ဟောင်း အရာရှိ Gasparde ရဲ့အကျင့်ယုတ်မှုတွေနဲ့
ပြိုင်ပွဲတစ်လျှောက်ဘယ်လိုတွေ အကွက်ကျော်တိုက်ခိုက်ခံရမလဲစိတ်ဝင်စားစရာပါ။
ဒါ့အပြင် လမ်းမှာ Luffy တို့သင်္ဘောပေါ်ကို ခိုးလိုက်လာသူတစ်ယောက်ရှိပါတယ် ။
အဲဒါကဘယ်သူလဲ ဘာရည်ရွယ်ချက်နဲ့လိုက်လာတာလဲ။ Luffy တို့ကရောနောက်ဆုံးမှာ
ဆုကြေးကိုပိုင်ဆိုင်နိုင်မှာသေချာရဲ့လား ဆိုတာကိုဇာတ်လမ်းကိုကြည့်ပြီးအဖြေရှာလိုက်ရအောင်နော်…။
(အညွန်းနဲ့ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်)
File size… 1.9 GB / 850 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 35m
Genre ….. Animation, Adventure, Comedy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Angelia
Related Keywords
One Piece: Dead End Adventure (2003) mmsub, One Piece: Dead End Adventure (2003) myanmar sub, One Piece: Dead End Adventure (2003) burmese sub, One Piece: Dead End Adventure (2003) မြန်မာစာတန်းထိုး