channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Normal People (2020)

Normal People (2020)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

လူငယ်ဘဝက ဘာနဲ့တူလဲ။ နောင်ကာလက ပြန်ငေးကြည့်ရင် တလက်လက်တောက်ပနေတဲ့

အတိတ်တစ်ခုက အဲဒီဘဝမှာ စီးဆင်းနေတယ်။ ဘာမှမဟုတ်သလို ထင်ရပါလိမ့်မယ်။

တစ်ချိန်မှာ ပြန်မငေးမကြည့်မချင်းပဲပေါ့။ အလှပဆုံးမဖြစ်ခဲ့ရင်တောင် ဒါငါတို့ရဲ့ အတိတ်ဘဝပါပဲ။

နှင်းဆီတစ်ပွင့်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လာဖို့ နှင်းဆီတစ်ပွင့်ရဲ့ အတိတ်ကို ဖြတ်သန်းရတယ်။

နှင်းဆီဟာ နှင်းဆီဖြစ်နေခြင်းဟာ နှင်းဆီပါပဲ။ မှားရင်း မှားရင်း မှန်လာတတ်တယ်မလား။

ဒီလိုနဲ့ မမှားသေးတဲ့ လူငယ်ဟာ အမှားတွေအများကြီးကြုံလာရဦးမယ်။ မှားသွားလည်း လှတယ်တဲ့။

မလှတဲ့ အမှားတွေတော့ ငါတို့ အများကြီးလုပ်ခဲ့ကြတာပဲ။ အကျည်းတန်ပါတယ်။

လှသွားအောင်လို့ ခွင့်လွှတ်ခဲ့ကြတယ်။ အဲဒါချစ်ခြင်းတရားပါပဲ။

 

ငါတို့ကိုယ်ငါတို့ ခွင့်လွှတ်တတ်အောင်တော့ အရင်သင်ယူရတာပေါ့။

သဲအိမ်တွေ ငါတို့ဆောက်ကြတယ်။ ကမ္ဘာကြီးဘယ်လိုမြင်လဲ ဂရုစိုက်ရင်း သဲအိမ်တွေပြိုသွားတဲ့

လူငယ်ဟာ ကမ္ဘာကြီးက မင်းကို ဘယ်လိုမှမမြင်ဘူးလို့ သိလိုက်ရတယ်။

 

ကိုယ်ချစ်ခြင်းလို့ထင်တဲ့ ချစ်ခြင်းနဲ့ ချစ်ကြည့်တယ်။ အသက်ကိုဖက်နဲ့ထုပ်ထားရသလို

ဘဝမျိုးတွေမှာ ပုံပြင်ဆန်သော ပုံပြင်ဆန်သော အချစ်မျိုးလည်း တွေ့ရှိလိမ့်ဦးမယ်။ ဝေးကွာလိမ့်ဦးမယ်။

 

“လူသားသည် ထိုကောင်းကင်အောက်၌ပင်ရပ်ရင်း အချစ်ကို ဖြတ်သန်းသွားတာ လွမ်းစရာပင် ကောင်းပါသည်”ဆိုတဲ့

 

မောင်ဒေါင်းစာသားတစ်ကြောင်းလို အချစ်ကို ဖြတ်သန်းသွားရင်း လွမ်းစရာကောင်းတဲ့ရာသီတွေလည်း လာတယ်။

 

 

သက္ကရာဇ်တွေပြိုမယ်။ သစ်ပင်တွေအိုမယ်။ အချစ်တို့ အဓွန့်ရှည်ဖို့ ငါတို့အတိတ်မှာ

သွေးစိမ်းရှင်ရှင်ထွက်နေမယ့် သံမဏိဓားတစ်ချောင်းလို အမှတ်ရနေမယ့် နေ့ရက်တို့လည်းလိုတယ်။

ရှုံးရင်း ရှုံးရင်း မလဲတဲ့အချစ်ဟာ ငါတို့ကိုယ်ပိုင်အချစ်ကို ငါတို့တွေ့ရှိလာအောင် သင်ကြားပေးခဲ့တယ်။

ဘုံဆန်တယ်။ တစ်သီးပုဂ္ဂလဆန်တယ်။ သူ့မှာ သီဝရီတွေမရှိခဲ့ဘူး။

မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့ အဖြစ်အပျက်တွေဟာ ငါတို့ရဲ့သာမန်ဘဝတွေပေါ့။

မထူးဆန်းစွာနဲ့ အံ့ဩဖို့ကောင်းနေတဲ့လူတွေဟာလည်း ငါတို့သာမန်လူတွေပဲ။

ဘဝဟာ ” အချစ်သီချင်း ရိုးရိုးလေးတစ်ပုဒ်”ပဲ။

 

 

Normal People စီးရီးက ရိုမန့် ဒရာမာသက်သက်ပေမဲ့ ပရိသတ်တွေကြား

တော်တော်ထိုးဖောက်နိုင်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။

စာအုပ်ကလည်း တော်တော်အောင်မြင်ခဲ့သလို သရုပ်ဆောင်တွေကလည်း

Daisy Edgar-Jonesတို့ Paul Mescalတို့လို လက်ရှိခေတ်ရဲ့ ကြယ်ပွင့်အသစ်တွေ

သရုပ်ဆောင်သိပ်ကောင်းတဲ့သူတွေ ဖြစ်နေတာလည်းပါပါလိမ့်မယ်။

 

တကယ်ဆိုရင် ဒီစီးရီးက အားလုံးသိပြီးသား မကြည့်ဖူးရင်တောင် ရင်းနှီးပြီးသား ဇာတ်လမ်းတွဲပါပဲ။

ရှုပ်ထွေးတဲ့ဇာတ်အိမ်တွေ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ကျော်လွှားပြီး ဒီဘာမှမပါတဲ့

စီးရီးက ဘာလို့နာမည်ကျော်တာလဲဆိုရင်တော့ သူ့နာမည်အတိုင်း ဒီစီးရီးဟာ

ကျွန်တော်တို့အားလုံးအကြောင်းဖြစ်နေလို့များ ဖြစ်နေမလားတော့မသိဘူး။

 

Normal Peopleဟာ မြင်နေကျရိုမန့်ကားတွေထက်တောင် အများကြီး

လူပိုဆန် သာမန်ပိုဆန်တဲ့ဇာတ်လမ်းပါပဲ။

 

လူငယ်ဘဝရဲ့အစိတ်အပိုင်းတွေ အားလုံးကို Normal Peopleက လွှမ်းခြုံထားတယ်။

တလောက လူတစ်ယောက်က ဇော်ဇော်အောင်ရဲ့ ခံစားကြည့်ပါ

 

မကြည်ပြာက စာသားနဲ့ Normal Peopleက

ဇာတ်ဝင်ခန်းတစ်ခုကို တွဲတင်ထားတာ တွေ့လိုက်သေးတယ်။

 

မမှားပါဘူး။

 

ဒေစီအက်ဂါဂျုန်းရဲ့ ဇာတ်ကောင်နဲ့ တွဲဖက်ခံစားကြည့်လို့ရမယ့် ဇာတ်ကောင်ပါပဲ။

Normal People ဟာ ကျွန်တော်တို့သာမန်လူတွေအတွက်

ကျွန်တော်တို့အရိပ်တွေကို ပြန်လွမ်းစေမယ့် ဇာတ်လမ်းပါပဲ။

 

 

File size…    1.3 GB /  300 MB
Quality… Web-DL HEVC 4K / 1080p
Format… mkv
Duration…. 30m
Genre ….. Drama/Romance
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by WiRa Aung

 

4k Version (CM APP Only)

 

1080p

EP 01 – Usersdrives / Yoteshin / Megaup / Streamsb

EP 02 – Usersdrives / Yoteshin / Megaup / Streamsb

EP 03 – Usersdrives / Yoteshin / Megaup / Streamsb

EP 04 – Usersdrives / Yoteshin / Megaup / Streamsb

EP 05 – Usersdrives / Yoteshin / Megaup / Streamsb

EP 06 – Usersdrives / Yoteshin / Megaup / Streamsb

EP 07 – Usersdrives / Yoteshin / Megaup / Streamsb

EP 08 – Usersdrives / Yoteshin / Megaup / Streamsb

EP 09 – Usersdrives / Yoteshin / Megaup / Streamsb

EP 10 – Usersdrives / Yoteshin / Megaup / Streamsb

EP 11 – Usersdrives / Yoteshin / Megaup / Streamsb

EP 12 – Usersdrives / Yoteshin / Megaup / Streamsb

~END~

 

Related Keywords

Normal People (2020) mmsub, Normal People (2020) myanmar sub, Normal People (2020) burmese sub, Normal People (2020) မြန်မာစာတန်းထိုး