description
ဒီတခါတင်ဆက်ပေးမှာတော့ အင်တာနက်အသုံးပြုသူတွေနဲ့ရင်းနှီးပီးသားဖြစ်နေတဲ့
ဟာသဇာတ်ကောင်တွေပါဝင်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အလွယ်ပြောရမယ်ဆိုရင်
ရှူးရှူးရှူးတွမ် ဆိုပီး လူသိများကြတဲ့ မော်ကုထို , မောင်ထိုင်,ကျူးရှောင်မင် , ချိုချို , စတဲ့
ဟာသvideo အတိုလေးတွေရိုက်ပြီး လူသိများကြတဲ့သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
တစ်ခါတလေမှာ ကံတရားကကျီစယ်လွန်းလှပါတယ်
သူစိမ်းသုံးယောက်ကိုတောင် လွဲမှားစေတဲ့အထိပေါ့…
ဗိုလ်လိုမမှုတ်ရရင်လူမထင်တဲ့ပေါ်ကျော့သူဌေးကြီးကိုမှဒုက္ခပေးချင်သလား..
ဥက္ကဌကျန်းဝေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ယောက်ပေါ့
တစ်နေ့မှာ ပြဇာတ်သမားတစ်ယောက်က သူ့ဇာတ်ရုံမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့
ဥက္ကဌကျန်းဝေကို တောင်းဆိုခဲ့ပေမဲ့ ငြင်းပယ်ခဲ့ပါတယ်
ဘာလို့လဲဆိုတော့ ပြဇာတ်သမားကသူနဲ့နာမည်တူနေလို့ပါတဲ့
ဒီလိုနဲ့မိမိနဲ့နာမည်လာတူနေတာကိုမချင့်မရဲဖြစ်နေတဲ့ဥက္ကဌကျန်းတစ်ယောက်
ပြဇာတ်သမားကိုခြံဝန်းအပြင်နှင်ထုတ်အပြီးမှာ ဇာတ်ဆရာကျန်းဝေက
“အမျိုးသားတစ်ဦးအလိုရှိသည်”ဆိုတဲ့ ကြော်ငြာစာရွက်တစ်ခုတွေ့ခဲ့ပါတယ်
ဒီလိုနဲ့ကြော်ငြာပိုင်ရှင်အမျိုးသမီးနဲ့ဆက်သွယ်ပြီး
ထျယ်ချန်ကုံမှာတွေ့ဖို့ ခြံဝန်းရှေ့မှာပဲအကြိုကိုစောင့်ဆိုင်းနေခဲ့ပါတယ်
ဒီအချိန်မှာပဲ ဥက္ကဌကျန်းဝေက စီးပွားရေးလုပ်ဖို့ ထျယ်ချန်ကုံက
စက်ရုံတစ်ခုကိုသွားရောက်စစ်ဆေးဖို့ကားနဲ့လာကြိုမှာကိုစောင့်နေခဲ့တာပေါ့
ဒီလိုနဲ့ကားဆရာက ပြဇာတ်ဆရာကျန်းဝေကိုအရင်တွေ့ပြီး
ဥက္ကဌကျန်းအထင်နဲ့ကားပေါ်အရင်ခေါ်တင်ခဲ့ပါတယ်။
ကားဆီခသက်သာပြီးငွေပိုရအောင်ဆိုတဲ့အကြံနဲ့ကားဆရာက
အရှေ့မှာစောင့်နေတဲ့ဥက္ကဌကျန်းကိုပါလူပိုအနေနဲ့
နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး ကားပေါ်ခေါ်တင်ခဲ့ပါတော့တယ်
ဒီလောက်တင်မကပါဘူး…သေနတ်အရောင်းအဝယ်လုပ်ဖို့
ထျယ်ချန်ကုံကိုသွားရမဲ့ “ကျန်းဝေ”ဆိုတဲ့သံတမန်တစ်ယောက်ပါ
ပါဝင်ပတ်သတ်လာတဲ့အခါ
လူမတူပေမဲ့နာမည်တူတဲ့သူတို့သုံးယောက်…
ကြုံတွေ့ရမဲ့အရာတွေရောတူညီပါ့မလား
ကိုယ်စီအလွဲလွဲအချော်ချော်နဲ့ပဲရယ်မောရဦးမလား
ဘယ်သူက ဘယ်နေရာမှန်ကိုရောက်မလဲဆိုတာ
ကြည့်ရှုရင်းအပန်းဖြေလိုက်ရအောင်
Filesize : 1.38 GB / 754 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Action , Comedy , Mystery
Runtime : 1h 26 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Moon
Encoded by LK
Related Keywords
Namesake (2025) mmsub, Namesake (2025) myanmar sub, Namesake (2025) burmese sub, Namesake (2025) မြန်မာစာတန်းထိုး