နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေးတွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။
\nအဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်တို့တဲ့
\nမကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့
\nမြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။
ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။
\nတစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့
\nဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ
\nဒေမွန်နဲ့ လူသားအတူတူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့
\nအန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ပစ်လိုက်တဲ့ ပစ်ချက်ဟာ ကန်တိုလေးကို
\nစိတ်မချလို့လိုက်လာတဲ့မိခင်ဖြစ်သူကို မတော်တဆထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံးသွားရပါတော့တယ်။
ဒီနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကို ပြန်လည်ကယ်တင်မယ်ဆိုပြီးတော့ သိမ်းဆည်းရေးဒေမွန်လေးအန်နာကို
\nမိခင်ဖြစ်သူရဲ့အလောင်းကို သိမ်းဆည်းခိုင်းထားပြီး သတင်းသဲ့သဲ့ကြားဖူးတဲ့ အချိန်နောက်ပြန်လှည့်နိုင်တဲ့
\nဒေမွန်ကို အရှာထွက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Hokage Saii ~ Zwe ~ ToMo တို့ပဲ ဖြစ်ပါတယ်)
File Size – 600MB (Appx;) @Episode
Quality – 1080p WEB DL
Duration – 26mins (@Episode)
Total Episodes: 8Eps (@ Season)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama ~ Mystery
Translator – CM Bollywood Team
Encoder – YK
\n","author":{"@type":"Person","name":"channelmyannar","url":"https://channelmyanmar.blog"},"publisher":{"@type":"Organization","name":"channelmyannar INC.","logo":{"@type":"ImageObject","url":"//netmangraw.com/public/assets/images/logo-channelmyanmar.svg","width":135,"height":38}},"image":{"@type":"ImageObject","url":"https://admin.channelmyanmar.blog/storage/images/my-daemon-2023.jpg","width":300,"height":400}}