description
“ဒီလောကကြီးမှာ သရဲ တစ္ဆေဆိုတာမရှိပါဘူးလူတွေရဲ့
စိတ်နှလုံးထဲမှာ ကြောက်စိတ်ကိန်းအောင်း နေလို့သာ
သရဲ တစ္ဆေနဲ့ပတ်သတ်တဲ့ လှည့်စားမှုပေါင်းများစွာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်
”တရုတ်ပြည်သူ့သမ္မတနိုင်ငံပေါက်ပေါက်လာချိန် အချိန်ကာလ /
တရုတ်ရိုးရာ တစ္ဆေပွဲတော်နေ့တစ်နေ့ …..ထိုက်ဖျင် တရားရုံးရဲ့ မှောင်ပျပျ ပြဇာတ်ရုံတစ်ခုမှာ
“ယင်းတောင်ရဲ့ နတ်ဆိုးအရှင်” ပြဇာတ်ကို ကပြလို့နေခဲ့ပါတယ်
တစ်ဆက်ထဲမှာပဲ အဲဒီနေ့က စစ်ဆေးရေးမှူးချုပ် ဖန်းကျန့်ရူ ရဲ့
မွေးနေ့နဲ့ တိုက်ဆိုင်လို့နေခဲ့ပါတယ် ဖန်းကျန့်ရူရဲ့ သားဖြစ်သူဟာ
ပြဇာတ်ရုံကို ရုတ်ရုတ်သဲသဲဖြစ်သွားစေဖို့ လူလွှတ်လိုက်ပြီးတော့
ဖခင်ဖြစ်သူရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ ပြဇာတ်ရုံကို သိမ်းပိုက်လိုက်ပါတော့တယ်
လူတွေအားလုံး ပျော်ရွှင်မှုရဲ့ အငွေ့အသက်တွေကြားမှာ
နစ်မြောနေချိန်အတွင်း ……မီးတောက်များစွာနဲ့ လောင်ကျွမ်းနေတဲ့
လူတစ်ယောက်က စင်မြင့်ထက်ကနေပြီး ပြုတ်ကျလာခဲ့ပါတော့တယ်
အဲ့ဒီမြင်ကွင်းက တစ္ဆေပွဲတော်နေ့ရက်မှာမှ နတ်ဆိုးအရှင်ကို
မီးရှို့ခံရတဲ့မြင်ကွင်းနဲ့ သွားတူလို့နေပါတယ် သိကြတဲ့အတိုင်း
လူသားတွေဆိုတာ တစ်ခုခုဆိုရင် အယူသည်းကြတဲ့ အထဲမှာပါလေ့ရှိပါတယ်
စင်အောက်က စက္ကူရုပ်တွေနဲ့ အထိန်းအမှတ်ကျောက်တိုင်တွေအားလုံးက
မီးကျွမ်းလောင်သွားခဲ့တာမို့ နတ်ဆိုးအရှင် ဒေါသထွက်သွားပြီ ဆိုတဲ့
ကောလဟာလတွေကတစ်ဟုန်ထိုးဆိုသလို ပျံ့နှံ့လို့သွားပါတော့တယ်
ဖန်းကျင့်ရူဟာလဲ ဒေါသပုန်ထပြီး ဒီကိစ္စကို စတင်စုံစမ်းခဲ့ပါတယ်
ဖုန့်ထျန်း စျာပနပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင်ဖြစ်သူ
ရွှီစစ်ကျို ဟာလဲ ဖိအားပေးခံရကာ ဒီအမှုကိစ္စမှာ ပါဝင်လာခဲ့ပါတော့တယ်
အမှုကိစ္စကဟာ တစ်ဖြည်းဖြည်း နက်နဲလာသည်နှင့်အမျှ
ဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်သူ ရွှီစစ်ကျို ဟာလည်း
အဖြစ်ဆိုးတစ်ခုကို မျက်မြင်ကိုယ်တွေ ကြုံတွေ့လာရတဲ့အခါ….?
❏ ဘာတွေဆက်ဖြစ်ကြမလဲ
❏ ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိတဲ့ အဖြေကိုရော သူတို့တွေရှာတွေ့နိုင်ကြမလားဆိုတာ
အသည်းတထိတ်ထိတ်ရင်တဖိုဖို ကြည့်ရှုရမဲ့
ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်လို့
Horror Movie ကိုကြိုက်နှစ်သက်တဲ့
သူတွေအနေနဲ့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ အသေချာပါပဲ
Filesize : 736 MB / 380 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Drama , Horror
Runtime : 1h 09 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
Related Keywords
Mukden Funeral Shop (2022) mmsub, Mukden Funeral Shop (2022) myanmar sub, Mukden Funeral Shop (2022) burmese sub, Mukden Funeral Shop (2022) မြန်မာစာတန်းထိုး