description
လိုင်းမန်နန်ဒက်ဇ်နဲ့ အဲရစ်မန်နန်ဒက်ဇ်… အမေရိကန် ဘီဗာလီဟေးလ်က သူဌေးကြီး ဟိုဆေးမန်နန်ဒက်ဇ်ရဲ့ သားနှစ်ယောက်၊ မိဘနှစ်ပါးလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အမှုအပြီး တစ်နိုင်ငံလုံးရဲ့ ကရုဏာသက်မှုတွေနဲ့အတူ စည်းစိမ်အကုန်လုံးကိုပါ အမွေရလိုက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အကုန်လုံး မထင်မှတ်ထားလောက်အောင်ပဲ ကိုယ့်မိဘအရင်းတွေကို သတ်ခဲ့တဲ့ တရားခံအစစ်တွေ ဖြစ်နေကြောင်း သက်သေသက္ကာရတွေ တစ်ခုပြီးတစ်ခု အခိုင်အမာပေါ်လာတဲ့အခါ…
Monsters ဟာ American Horror Story franchiseနဲ့ နာမည်တစ်လုံး ရထားတဲ့ Ryan Murphyရဲ့ showတစ်ခုဖြစ်ပြီး အတွဲ ၁ ဖြစ်တဲ့ Dahmer စီးရီးရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် franchise တစ်ခု ဖြစ်လာတဲ့ Showတစ်ခုပါ။ Monsters အတွဲတွေရဲ့ မူအတိုင်းပဲ တချိန်တုန်းက နာမည်ကြီးခဲ့တဲ့ မှုခင်းတွေ၊ အပြစ်သားတွေရဲ့ အကြောင်းကို ဇာတ်လမ်း တစ်ပုဒ်လို ပြန်လည်အသက်သွင်း ရိုက်ကူးထားတာပါ။ အတွဲ ၁လို့ဆိုနိုင်တဲ့ Dahmerမှာ နာမည်ကျော် ကွင်းဆက်လူသတ်သမားကြီး ဂျက်ဖရေးဒါးမား အကြောင်း ပြသခဲ့သလို အခု အတွဲ ၂ မှာတော့ ၁၉၉၀ ပြည့်နှစ်တွေမှာ နာမည်ကြီးခဲ့တဲ့ လိုင်းနဲ့ အဲရစ်မန်နန်ဒက်ဇ် ညီအစ်ကို၂ယောက်ရဲ့အမှုကို အခြေခံ ရိုက်ကူးထားတာပါ။
လူတိုင်းက သူတို့ညီအစ်ကို၂ယောက်ကို ဖခင်ဖြစ်သူရဲ့ စည်းစိမ်ကိုလိုချင်လို့ သတ်ပစ်ခဲ့တာလို့ ယုံကြည်ခဲ့ကြပေမဲ့ သူတို့ဘက်ကတော့ ဖခင်အရင်းရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေကို မခံစားနိုင်တော့သည့်အလျောက် သတ်ရခြင်း ဖြစ်ကြောင်း လျှောက်လှဲချက်တွေနဲ့အတူ အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အမှုကြီးတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီ series ထဲမှာတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ ရှုထောင့်၊ သူတို့မိဘတွေရဲ့ ရှုထောင့်၊ ဘေးလူတွေရဲ့ ရှုထောင့် စသဖြင့် Monstersရဲ့စတိုင် ပီသစွာပဲ ဘယ်သူဘယ်ဝါကို အပြစ်တင်ရမလဲ မသိနိုင်အောင်ကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
File size…(700 Mb)/(300 Mb)
Quality….Webrip 1080p / 720p
Format… mp4
Duration…. 01:00:00
Genre… Docudrama, Serial Killer, True Crime, Biography, Crime, Drama, Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by JimX
Season 1
Episode 1 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 2 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 3 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 4 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 5 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 6 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 7 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 8 720p – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Episode 9 720p(End) – Telegram/Yoteshin/gdtot/ Megaup / Usersdrive/ Streamwish
Related Keywords
Monsters (2022) Season 2 mmsub, Monsters (2022) Season 2 myanmar sub, Monsters (2022) Season 2 burmese sub, Monsters (2022) Season 2 မြန်မာစာတန်းထိုး