description
Mithya 2022
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ စီးရီးကတော့ IMDb 7.8ထိရရှိထားတဲ့
Drama, Thriller စီးရီး Mithyaပဲဖြစ်ပါတယ် ဒီစီးရီးမှာဆိုရင်တော့
လှည့်ကွက်တွေ ဇာတ်မြှုပ်ထားတဲ့အကြောင်းအရာတွေပါဝင်ပြီး အပိုင်း ၆ပိုင်းကိုမရိုးရအောင်ဆွဲခေါ်ပေးသွားမှာပါ
ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျူဟီးနဲ့ သူမရဲ့ကျောင်းသူ
ရီဟာတို့ဟာ မထင်ထားတဲ့ ပြဿနာအသေးလေးကနေစအချေအတင်ဖြစ်ကြပြီး ပြဿနာက
တစ်စတစ်စကြီးထွားလာခဲ့တာပါ အက်ဆေးတစ်ခုကို ကော်ပီကူးလာတယ်ဆိုပြီး ဆရာမဖြစ်သူ ဂျူဟီးက
ရီဟာ့ကိုစာမေးပွဲမှာအရှုံးပေးလိုက်ပါတယ် ရီဟာကတခြားလူမဟုတ်ပါဘူး
ကျောင်းအုပ်ထိန်းရေးကောင်စီအဖွဲ့ဝင်တစ်ယောက်ရဲ့သမီးပါ ရီဟာကလည်း
ဒီအက်ဆေးက ခိုးချတာမဟုတ်ဘဲ သူကိုယ်တိုင်ရေးထားတာပါဆိုပြီ
းအကြောက်အကန်ငြင်းနေပါတယ် ဒါပေမယ့် ဂျူးဟီကမယုံခဲ့ပါဘူး
ပြဿနာကဒီမှာတင်ပြီးမသွားပါဘူး ရီဟာကလည်း ထင်မထားအောင်ကို
မြှုပ်ကွက်တွေရှိနေတဲ့လူပါ ပြဿနာတွေတစ်စထက်တစ်စကြီးထွားလာနေချိန်မှာတော့
ရုတ်တရက် ဂျူဟီးရဲ့အမျိုးသားဖြစ်သူက အသတ်ခံလိုက်ရပါတယ် ဂျူဟီးယောကျာ်းကို
ဘယ်သူကသတ်လိုက်တာလဲ ဂျူဟီးထင်ထားသလို လူသတ်သမားက ရီဟာပဲလား
လူသတ်သမားကိုရှာဖွေဖို့ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမှာလဲဆိုတာ
စိတ်ဝင်တစားကြည့်ရှုရမယ့် စီးရီးကောင်းတစ်ခုဖြစ်တာကြောင့်
ခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်
(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)
File Size – 500MB@Episode
Quality – 1080p WEB DL
Duration – 33minute (@Episode)
Total Episodes: 6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Mystery , Drama
Translator – Yunni & Poe & Shwe Pyae Sone
Encoder – YK
FOR VIP MEMBER – Click Here!
>>1080p<<
>>720p<<
===Season1 Complete===
Mithya Season 2″ပန်းနှစ်ပွင့်တိုက်ပွဲ”
===========================
Season 1 တုန်းက ရလဒ်ကောင်းတွေရရှိခဲ့တဲ့
စိတ္တဇသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Mithya ရဲ့
နောက်ဆက်တွဲ season 2 ထွက်ရှိလာပါပြီ။
အခုရေးမယ့်အညွှန်းထဲမှာ season အတွက် စပွိုင်လာတွေပါနိုင်တာမလို့
thriller genre ကြိုက်တတ်ပြီး ဒီဇာတ်လမ်းတွဲရဲ့ season 1 ကို
မကြည့်ရသေးရင် ဒီအညွှန်းကို ကျော်သွားပြီး season 1 အရင်ကြည့်ဖို့ ကြိုပြောချင်ပါတယ်။
Season 1 ထဲမှာ ပါမောက္ခက ကျောင်းသူကို စားခိုးချတယ်လို့ စွပ်စွဲရာကနေ
ပြဿနာတွေ၊ ပြိုင်ဆိုင်မှုတွေ တဖြည်းဖြည်းကြီးလာပြီး နောက်ပိုင်း
အဖေတူအမေကွဲညီမတွေဖြစ်နေမှန်းသိသွားကြရတဲ့ ဂျူဟီးနဲ့ ရီယာ။
ဒီ season 2 မှာတော့ ဂျူဟီးဟာ သူ့ရဲ့ ဝတ္ထုအသစ်နဲ့ စာရေးဆရာမဘဝမှာ
အောင်မြင်စပြုနေပြီး အဲဒီဝတ္ထုကို သူများဆီက
ခိုးချထားပါတယ်လို့ စွပ်စွဲတဲ့သူပေါ်လာတဲ့အခါ။
နောက်ကွယ်မှာ ရီယာရှိနေလား။
ရီယာဘယ်လိုပြန်ပေါ်လာမှာလဲ။
မိသားစုစုံစုံလင်လင်နဲ့ကြီးပြင်းလာတဲ့ ဂျူဟီးနဲ့ မိဘမဲ့လိုကြီးပြင်းလာခဲ့ရတဲ့
ရီယာတို့ မတူညီမှုတွေကြားက မပြီးဆုံးသေးတဲ့ ပြိုင်ဆိုင်မှုတွေကို
ဒီ season 2 မှာ ထပ်မံမြင်တွေ့ကြရမှာပါ…။
(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
===Season 2 Complete===
Related Keywords
Mithya (2022) Season1 + 2 mmsub, Mithya (2022) Season1 + 2 myanmar sub, Mithya (2022) Season1 + 2 burmese sub, Mithya (2022) Season1 + 2 မြန်မာစာတန်းထိုး