description
Season 1
အပိုင်း ( ၁ မှ ၁၀ ) အထိ စ / ဆုံး
ခေတ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ်မှာ
Gender(လိင်)ဆိုတာ အရင်လိုနှစ်မျိုးနှစ်စားတည်း မဟုတ်
တော့ဘဲနဲ့ မရေမတွက်နိုင်လောက်အောင် အမျိုးအစားများစွာ
ကွဲထွက်လာခဲ့ပါတော့တယ်။အမေရိကန်လိုနိုင်ငံမျိုးတွေမှာ
အသစ်ထပ်ပေါ်လာတဲ့ Gender တွေကများပြားလှပေမဲ့
ဒီနိုင်ငံမှာတော့ ရိုးရိုးရှင်းရှင်းနည်းနည်းပါးပါးနဲ့ လည်ပတ်
နေကြဆဲပါပဲ။ဒီလိင်အမျိုးအစားထဲမှာ Gay (ဂေး) ဆိုတဲ့
အမျိုးအစားကိုလည်း ကြုံဖူးတွေ့ဖူးနေကြမှာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဂေးဆိုတဲ့စကားလုံးက နားထဲယဉ်ပါးနေပြီး
လူအများလက်ခံလာကြတဲ့ Gender တစ်ခုဖြစ်တဲ့အတွက်
ရိုင်းတဲ့အသုံးအနှုန်းလို့မသတ်မှတ်တော့တဲ့အတွက် ဒီအတိုင်းပဲ
သုံးနှုန်းပါရစေ။
အခုတင်ဆက်ပေးမဲ့ Series လေးကလည်း ဂေးတွေတင်မကဘဲ
ဖြောင့်ဖြောင့်တန်းတန်း Straight တွေပါ ကြည့်လို့ရမဲ့ ဝေဖန်
မှုတွေမခံရတဲ့အပြင် ပြုံးပြုံးပျော်ပျော် ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့
ဂေးတွေကိုအဓိကထားတင်ဆက်ထားတဲ့ ဟာသ Series လေးပဲ
ဖြစ်ပါတယ်။Series နာမည်လေးကတော့ Mid-Century Modern
ဖြစ်ပြီး လက်ရှိ IMDb Rating 7.8 အထိတောင်ရထားတာ
ဆိုတော့ ကောင်းတဲ့ Series တွေထဲမှာပါတယ်လို့ သေချာပေါက်
ပြောလို့ရပါတယ်။
အဓိကသရုပ်ဆောင်တွေအနေနဲ့ Nathan Lane တို့ Matt Bomer
တို့ Nathan Lee Graham တို့လိုနာမည်ကြီးသရုပ်ဆောင်တွေ
ပါဝင်ထားပြီး ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ မြင်ရတွေ့ရ
ရင်းနှီးနေကျဖြစ်တဲ့ ဟာသသရုပ်ဆောင်ကြီး Richard Kind
တို့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာလည်း
ပါဝင်ကူညီအားဖြည့်ထားပါသေးတယ်။
ဒီ Series ကိုအကျဉ်းချုပ်မိတ်ဆက်ပေးရမယ်ဆိုရင်တော့
အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ဘန်နီ ဂျယ်ရီနဲ့ အာသာဆိုတဲ့
ဂေးသူငယ်ချင်း ၃ ယောက်ကနေ စပြောရမှာပါပဲ။
ဘန်နီက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဘောစိဖြစ်ပြီး
အချစ်စစ်ကိုလိုက်ရှာနေသူတစ်ယောက်ဖြစ်ပါတယ်။
ဂျယ်ရီကတော့ လေယာဉ်မောင်ဖြစ်ပြီး သဘောကောင်းမနောကောင်း
ရုပ်ချောဘဲကြည်သူတစ်ယောက်ဖြစ်ပါတယ်။အာသာကတော့
ဖက်ရှင်လောကမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့ပြီး
အခုအချိန်မှာတော့ သူ့အတွက်အခွင့်အလမ်းကောင်းတွေ
ထပ်ရောက်လာမှာကိုစောင့်နေတဲ့လူဖြစ်ပါတယ်။ဒီလိုတွေမတူ
ကွဲပြားတဲ့ဘ၀တွေကနေလာခဲ့ကြပေမဲ့ သူတို့မှာတူညီတဲ့အရာ
ကတော့ ဂေးဖြစ်နေတာဖြစ်ပြီး သူတို့အချင်းချင်းလည်း အရမ်းချစ်
ကြတဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ဒီလိုသူငယ်ချင်း ၃ ယောက်ကို
ဘယ်အရာကပြန်လည်ဆုံစည်းစေခဲ့လဲဆိုတော့ စစချင်းမှာတင်
သူတို့ရဲ့ ၄ ယောက်မြောက် သူငယ်ချင်းဖြစ်တဲ့ ဂျော့ဂျ် ဆုံးသွားရာ
ကနေဇာတ်လမ်းစပါတယ်။ဂျော့ဂျ်ရဲ့သေဆုံးမှုကြောင့် ဘေးမှာ
မယ်မယ်ရရ ဘယ်သူမှမရှိတဲ့သူတို့ဘ၀ကိုပြန်လည်တွေးမိကြပြီး
ဘောစိဖြစ်တဲ့ ဘန်နီက သူ့အိမ်ကြီးမှာ သူ့သူငယ်ချင်းတွေကို
လာနေဖို့ဖိတ်လိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့သူငယ်ချင်း ၃ ယောက်
အတူတူနေဖြစ်သွားကြပြီး အရွယ်ရလာပြီဖြစ်တဲ့ သူတို့ဘ၀ခရီးကို
ဘယ်လိုအတူတူဖြတ်သန်းကြဦးမလဲဆိုတာကို ရယ်မောပျော်ရွင်စရာ
စိတ်ဝင်စားစရာ ရိုက်ကူးထားတဲ့ Series လေးတစ်ခုပဲဖြစ်ပါတယ်။
File Size –( 522 MB )
Quality –WEB-DL 1080p HEVC
Episodes – 10 Eps
Duration – 25 min
Subtitle – Myanmar Hardsub
Format – mkv
Genre : Comedy
Translator – Saw Lay & Aoi
Encoder – Min Wai
( Season 1 ) Ongoings Series
Ep-1 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-2 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-3 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-4 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-5 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-6 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-7 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-8 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-9 (1080p)>> Usersdrive / YoteShin / gdtot / Megaup
Ep-10 (1080p)>> Usersdrive / YoteShin / gdtot / Megaup
+++++THE END+++++
Related Keywords
Mid-Century Modern (2025) [ Complete ] mmsub, Mid-Century Modern (2025) [ Complete ] myanmar sub, Mid-Century Modern (2025) [ Complete ] burmese sub, Mid-Century Modern (2025) [ Complete ] မြန်မာစာတန်းထိုး