description
Medalist (2025)
———————————
MyAnimeList – 8.3/10 IMDb – 8/10
Inori Yuitsu ဆိုတဲ့ ငါးတန်းကျောင်းသူလေးဟာ သူ့အစ်မဖြစ်သူ စကိတ်စီးတာကိုကြည့်ပြီး
ငယ်စဉ်ကတည်းက ရေခဲပြင်စကိတ်စီးသူ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အစ်မဖြစ်သူကိုယ်တိုင်
ရေခဲပြင်စကိတ်စီးရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမို့ သူ့အမေက Inori ကို စကိတ်စီးဖို့
လုံးဝ ခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် Inori က သူကိုယ်တိုင်ပဲ စာအုပ်တွေဖတ်၊ အိမ်နားလေးက
စကိတ်ကွင်းမှာပဲ လေ့ကျင့်ရင်း ကိုယ့်ဘာသာသင်ယူနေရတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရပ်ကွက်ထဲက
စကိတ်ကွင်းမှာ လေ့ကျင့်ဖို့ရောက်လာရင်း အဝတ်လဲခန်းထဲမှာ Tsukasa Akeuraji ဆိုတဲ့
လူနဲ့တွေ့ပါလေရော။ Tsukasa ကလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်တော် ရေခဲပြင်စကိတ်သမားဖြစ်ဖို့
ဝါသနာထုံခဲ့သူဖြစ်ပေမယ့် အခြားသူတွေနဲ့ယှဉ်ရင် အလယ်တန်းရောက်မှ စတင်ခဲ့ရတာပါ။
ဒါပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် စကိတ်စီးတာကို ရပ်နားခဲ့ပြီး ရေခဲပြင်စကိတ်ကလပ်တစ်ခုရဲ့
လက်ထောက်နည်းပြလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ Inori ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး
အဲဒီကလေးမလေးက သူလက်ထောက်နည်းပြလုပ်မယ့် ကလပ်ကို ရောက်လာခဲ့ပါရော။ Inori ရဲ့အမေက
သူ့သမီးကို ရေခဲပြင်စကိတ်စီးတယ်ဆိုတာ ၅ နှစ်လောက်ကတည်းက စသင့်တာဖြစ်ပြီး အခုအချိန်မှလုပ်ရင်
မဖြစ်နိုင်တော့ကြောင့် အခြားကလေးတွေနဲ့ ယှဉ်ပြနေတာကို တွေ့လိုက်တော့ Tsukasa တစ်ယောက်
သူကိုယ်တိုင် Inori ရဲ့ နည်းပြအဖြစ် လုပ်ပေးပါ့မယ် ကလေးကို စကိတ်စီးခွင့်ပေးပါ ဆိုပြီး Inori ရဲ့ အမေကို
တောင်းဆိုခဲ့ပါတယ်။ ဒီတော့ Inori ရဲ့ အမေကရော Inori ကို ရေခဲပြင်စကိတ်စီးဖို့ ခွင့်ပြုပေးမှာလား၊
သူများတွေနဲ့ယှဉ်ရင် အများကြီးနောက်ကျမှ စတင်ခဲ့တဲ့ Inori ကရော စကိတ်စီးခွင့်ရပြီး နည်းပြဖြစ်သူ
Tsukasa နဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည် ဖော်သွားနိုင်ပါ့မလားဆိုတာကို စိတ်ပါဝင်စားစွာ
စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ ဇွဲမလျှော့တဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ပြီး
ကိုယ့်ကိုယ်တိုင်ပါ ကြိုးစားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာစေနိုင်တဲ့ အားကစားအခြေစိုက်
ဒရမ်မာဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုသူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့
Anime Series လေး တစ်ခုပဲ ဖြစ်ပါတယ်ရှင်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲ ဖြစ်ပါတယ်။)
File size… 400 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 25m @Episode
Genre ….. Animation, Drama, Sport
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by ttmuswe
Season 1
Ep 1 – Userdrive / Megaup / Yoteshin / Telegram
Ep 2 – Userdrive / Megaup / Yoteshin / Telegram
Ep 3 – Userdrive / Megaup / Yoteshin / Telegram
Ep 4 – Userdrive / Megaup / Yoteshin / Telegram
Ep 5 – Userdrive / Megaup / Yoteshin / Telegram
Ep 6 – Userdrive / Megaup / Yoteshin / Telegram
Ep 7 – Userdrive / Megaup / Yoteshin / Telegram
Ep 8 – Userdrive / Megaup / Yoteshin / Telegram
Ep 9 – Userdrive / Megaup / Yoteshin / Telegram
Ep 10 – Userdrive / Megaup / Yoteshin / Telegram
Ep 11 – Userdrive / Megaup / Yoteshin / Telegram
Ep 12 – Userdrive / Megaup / Yoteshin / Telegram
Ep 13 – Userdrive / Megaup / Yoteshin / Telegram
End…
Related Keywords
Medalist (2025) mmsub, Medalist (2025) myanmar sub, Medalist (2025) burmese sub, Medalist (2025) မြန်မာစာတန်းထိုး