description
Mashle: Magic and Muscles
Genre – Anime, Action, Adventure, Comedy
IMDB – 7.6/10
MyAnimeList – 7.6/10
Harry Potter နဲ့ One Punch Man ကို
ပေါင်းစပ်ထားသလို ဖြစ်မယ့် Anime ကောင်းလေး လာပါပြီ။
Harry Potter နဲ့ တူတယ်ဆိုတာက Hogwart ကျောင်းပုံစံတွေ
ဦးထုပ်နဲ့ အဆောင်ခွဲတာမျိုးတွေ တံမြက်စည်းပျံ Quidditch ပြိုင်ပွဲတွေ
မှော်ကြိမ်လုံးတွေ စသဖြင့် တခြားဟာတွေလည်း ပါဝင်ပါသေးတယ်။
One Punch Man နဲ့ တူတာကတော့ လေ့ကျင့်ခန်းအသေလုပ်ထားပြီး
အသေကြမ်းထော်နေတဲ့ကောင်ပေါ့ ဒါပေမဲ့ ရုပ်တည်ကြီးနဲ့ သောက်ခွက်ပြောင်လို့
အသေရယ်ရတာမျိုးရယ် ကျန်တာတော့ သိပ်ပြောလို့မကောင်းပါဘူး
Spoil သလို ဖြစ်မှာစိုးလို့ ကိုယ့်ဘာသာ ကြည့်လိုက်ကြပါတော့။
ဒီလိုပြောလို့ ဇာတ်လမ်းကတော့ သူ့ဟာနဲ့သူ သီးသန့်ကွဲထွက်နေတဲ့
Storyline ပါ မှော်လောကဆိုတာကိုပဲ ဖရိန်ယူထားတဲ့သဘော။
ဇာတ်လမ်းကတော့ တစ်လောကလုံးက မှော်ပညာတတ်စွမ်းကြပြီး
လူသားတွေရဲ့ နိစ္စဓူဝမှာ မပါမဖြစ် ရှိနေတဲ့ကမ္ဘာမှာ ဇာတ်အိမ်တည်ထားတယ်။
မှော်ပညာမတတ်ရင် အဖမ်းခံရ အသတ်ခံရတာမျိုးထိပါ ရှိတာပေါ့။
ဒီမှာ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး Mash ဆိုတဲ့ကောင်က
ဘာမှော်ပညာမှ မတတ်တဲ့ကောင် အဲဒါကြောင့် သူ့အဖေဖြစ်သူက
လူသူနဲ့ဝေးတဲ့ တောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့တာ။
တစ်ခုခုဆို ခုခံနိုင်အောင်ဆိုပြီး လေ့ကျင့်ခန်းတွေလည်း
မဟားတရားလုပ်ခိုင်းထားတော့ လူမဆန်ပဲ
အားအသေသန်တဲ့ကောင်ကြီး ဖြစ်နေရော။
ဒါပေမဲ့ တစ်ရက်ကျ သိတဲ့အတိုင်း တားမြစ်ထားတာကိုမှ
လုပ်ချင်ကြတဲ့ ဆယ်ကျော်သက်အရွယ်ဆိုတော့
မြို့ထဲကိုထွက်ပြီး မုန့်ထွက်ဝယ်ရာကနေ သူ့ရဲ့ ဖြစ်တည်မှုကို
သိသွားကြလို့ မှော်ဝန်ကြီးဌာနက အသေလိုက်ဖမ်းတော့တာပေါ့။
ဒီလိုနဲ့ လိုက်ဖမ်းတဲ့လူက ဖအေမျက်နှာကိုထောက်ရင်
အပေးအယူတစ်ခုလုပ်ရမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။
အဲဒါကတော့ မှော်အကယ်ဒမီကျောင်းကိုတက်ပြီး နတ်ဘုရားလူရည်ချွန်ဆု
ရအောင်ယူခဲ့ရင် မင်းတို့သားအဖကို အေးဆေးလွှတ်ပေးမယ်ဆိုတော့
Mash တစ်ယောက် အူကြောင်ကြောင်နဲ့ မှော်ပညာမတတ်ပဲ
တတ်ချင်ဟန်ဆောင်ပြီး လူရည်ချွန်ဆုရဖို့ မှော်ကျောင်းတက်တဲ့
စွန့်စားခန်းအကြောင်းတွေကို ကြည့်ရမှာပါ။
ကိုယ်ပိုင်အမြင်ပြောရရင် အသေရယ်ရပါတယ် ချတာတွေမိုက်တယ်
နောက်ခံသီချင်းတွေ မိုက်တယ်။
ဟယ်ရီပေါ်တာတို့လို မှော်ကြိမ်လုံးနဲ့ အစွမ်းတွေထုတ်
ချကြတာဆိုပေမဲ့ ဒီမှာကျ လူတစ်ယောက်မှာ ကိုယ်ပိုင်မှော်ပညာတစ်မျိုး
ရှိတာမျိုး ထည့်ထားတာ တော်တော်မိုက်တယ်။
နောက်ပြီး မှော်ပညာမတတ်တဲ့ မင်းသားက မှော်ကျောင်းမှာ
ဘယ်လိုတွေ အခွက်ပြောင်ပြီး အတန်းတက်တယ်ဆိုတာလည်း
အူတက်နေအောင် ရယ်ရပါတယ်
Physical ပိုင်း အရမ်းကြမ်းနေတော့ ဘယ်လိုမျိုး နည်းဗျူဟာတွေနဲ့
မှော်ပညာအယောင်ဆောင်မလဲဆိုတာ ဆက်တိုက် ခွီနေရပါတယ်။
သေချာတာတော့ ဒါကြည့်ပြီးရင် Cream Puff မုန့်
စားချင်လာကြပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါစေဗျ။
File size… 400 mb
Quality… Web-DL 1080p
Format… mp4
Duration…. 23m
Genre ….. Comedy/Anime
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by… Thura Aung
1080p
Zip – EP 01 To EP 10 – Yoteshin / Usersdrive / Megaup (3.5 GB)
Zip – EP 11 To EP 20 – Yoteshin / Usersdrive / Megaup (3.9 GB)
Zip – EP 21 To EP 24 (End) – Yoteshin / Usersdrive / Megaup (1.6 GB)
~END~
Creepy Nuts「Bling-Bang-Bang-Born」 × TV Anime「マッシュル-MASHLE-」
Collaboration Music Video #BBBBダンス
Related Keywords
MASHLE: MAGIC AND MUSCLES (2024) mmsub, MASHLE: MAGIC AND MUSCLES (2024) myanmar sub, MASHLE: MAGIC AND MUSCLES (2024) burmese sub, MASHLE: MAGIC AND MUSCLES (2024) မြန်မာစာတန်းထိုး