description
Love Forecast (2015)
*********************
ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် .. Friend Zone ထဲမှာပဲ ပိတ်မိနေကြတဲ့
လူနှစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ romantic-comedy ရုပ်ရှင်ကားလေးကို
ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ..
Cast တွေကတော့ မင်းသားချော Lee Seung-Gi နဲ့ မမလှလှ Moon Chae-Won တို့
အဓိကပါဝင်ထားပြီး Lee Seo-Jin ၊ Kim Kap-Soo စတဲ့သရုပ်ဆောင်ကြီးများပါ ပါဝင်
အားဖြည့်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
***************
မူလတန်းကျောင်းဆရာလေးဖြစ်တဲ့ ဂန်ဂျွန်းဆူ (Lee Seung-Gi) က ချစ်မိပြီဆိုတာနဲ့
သူချစ်ရတဲ့မိန်းကလေးအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးတတ်သူဖြစ်ပေမဲ့လည်း
တွဲလိုက်တိုင်း ရက် ၁၀၀ မပြည့်ခင် လမ်းခွဲခံရစမြဲ ဖြစ်ပါတယ်။
ဂန်ဂျွန်းဆူရဲ့ငယ်သူချင်းဖြစ်သူ ဂင်ဟျွန်းအူ (Moon Chae-Won) ကတော့ မိုးလေဝသ သတင်း
ကြေညာသူဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့် ရာသီဥတုနတ်သမီးလို့ နာမည်ကြီးပြီး ပုရိသတိုင်းရဲ့
အချစ်ကို ခံရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း မချစ်သင့်တဲ့လူကို သွားချစ်မိရာကနေ စိတ်ဒဏ်ရာ
ရသွားပြီးနောက်မှာတော့ …
ဂင်ဟျွန်းအူတစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ သူ့အနောက်မှာရှိနေခဲ့တဲ့ ပြောမနာဆိုမနာ
သူငယ်ချင်း ဂန်ဂျွန်းဆူကို သတိထားမိသွားမလား ။
ဂန်ဂျွန်းဆူကရော သူ့ကို အမြဲတမ်းရိုက်ပြီး အနိုင်ကျင့်နေတဲ့ သူငယ်ချင်း ဂင်ဟျွန်းအူအပေါ်
သူငယ်ချင်းထက်ပိုတဲ့ခံစားချက် ရှိလာမလားဆိုတာကိုတော့….
သွားအတူ ,စားအတူ ,အသည်းကွဲရင်လည်းအတူ အရက်သောက်ဖော်သောက်ဖက်ဖြစ်ကြတဲ့
ငယ်သူငယ်ချင်းနှစ်ယောက် Friend Zone ထဲကနေ လွတ်မြောက်နိုင်မလားဆိုတာကို
ရယ်မောရင်း ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. ။
(အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်)
File size…1.72GB / 918MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….2 hr. 1 min.
Genre ….. Comedy, Romance, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Su Sandi
Encoded by AHtet
Related Keywords
Love Forecast (2015) mmsub, Love Forecast (2015) myanmar sub, Love Forecast (2015) burmese sub, Love Forecast (2015) မြန်မာစာတန်းထိုး