description
Little Voice (1998)
IMDb Rating (7.0) / Rotten Tomatoes (80%)
ဒီတစ်ခါမှာတော့ Musical Film တစ်ခုဖြစ်တဲ့ Little Voice ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။
Jane Harrocks, Brenda Blethyn, Micheal Caine နဲ့ Ewan Mcgregor တို့လိုနာမည်ကျော်သရုပ်တွေပါဝင်ထားပြီး ဒါရိုက်တာကတော့ Mark Hermanပါ။
Oscar Nominee အပါအဝင် ရုပ်ရှင်ဆုပေးပွဲအသီးသီးမှာလည်းဆန်ကာတင်တွေဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဥ်း
အယ်လ်ဗီ(ခေါ်) လစ်တဲဗွိုက်စ်ဟာ အရှက်အကြောက်ကြီးပြီး အိမ်ထဲကအိမ်ပြင်တောင်မထွက်တဲ့အိမ်တွင်းပုန်းလေးပါ။
စကားလည်းအရမ်းနည်းပြီး အိမ်မှာအတူနေတဲ့အမေဖြစ်သူနဲ့တောင် စကားဆယ်ခွန်းပြည့်အောင်မပြောပါဘူး။
ဒါကြောင့်မို့ အာကြမ်းလျှာကြမ်းအမေဖြစ်သူရဲ့ဆူပူကြိမ်းမောင်းအပြစ်တင်တာကိုအမြဲခံရပါတယ်။
အမေဖြစ်သူကတော့ သူမနဲ့ဆန့်ကျင်ဘက်ပါ အပျော်မက်တယ် သွက်လက်တယ် အိမ်ကိုမကပ်ပါဘူး။
အမေဖြစ်သူအပြင်ထွက်တိုင်း အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့အယ်လ်ဗီလေးကတော့ အထီးမကျန်ပါဘူး ဆုံးသွားတဲ့သူ့အဖေစုဆောင်းထားတဲ့သီချင်းခွေအဟောင်းကြီးတွေကိုအဖော်ပြုပြီး သီချင်းတွေနဲ့ပျော်မွေ့နေတတ်ပါတယ်။
သီချင်းတွေကိုချစ်တဲ့အပြင် အဲ့သီချင်းတွေကိုလည်း မူရင်းအဆိုရှင်ကဲ့သို့သီဆိုနိုင်စွမ်းရှိပါတယ်။
တစ်ရက်မှာ သူ့အမေဟာ ချစ်သူဖြစ်သူ “ရေးဆေး”ဆိုတဲ့ အနုပညာပါရမီပါတဲ့ရွက်ပုန်းသီးလေးတွေကိုစင်တင်ပြီး အေးဂျင့်လုပ်တဲ့သူကို အိမ်ကိုအလည်ခေါ်လာရာကနေ “အယ်လ်ဗီ”ရဲ့သီချင်းဆိုသံကိုကြားသွားပြီး ပါရမီရှင်ဆိုတာကိုသိသွားပါတယ်။
အနုပညာလောကက အေးဂျင့်ပီပီ “ရေးဆေး”ဟာ အယ်လ်ဗီကိုငွေတွင်းကြီးလို့သတ်မှတ်ပြီး နာမည်ကြီးဖြစ်အောင်စင်တင်ဖို့လုပ်ပါတော့တယ်။
ရှက်တတ်ကြောက်တတ်တဲ့အယ်လ်ဗီတစ်ယောက် လူအများရှေ့ကစတိတ်စင်ပေါ်မှာ ဖျော်ဖြေရဲပါ့မလား ? အမေဖြစ်သူနဲ့ ရေးဆေးကရော သူ့ကိုဘယ်လိုဖိအားတွေပေးကြမလဲဆိုတာကိုကြည့်ရှုရမှာပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)
File size… (2.5 GB) / (850 MB)
Quality…. Blu-Ray 1080p / 720p
Format…. mp4
Genre…. Comedy, Drama, Music, Romance
Duration…. 01:37:24
Subtitle…. Myanmar Subtitle (Hardsub)
Encoder…. Benjamin
Translated by Rubyjane
Related Keywords
Little Voice (1998) mmsub, Little Voice (1998) myanmar sub, Little Voice (1998) burmese sub, Little Voice (1998) မြန်မာစာတန်းထိုး