description
Lazarus (2025)
IMDb Rating (8.4) / Rotten Tomatoes (87%)
ခေတ်လွန်ကမ္ဘာတစ်ခုမှာ နာမည်ကျော်ဒေါက်တာတစ်ဦးဟာ လူသားမျိုးနွယ်အတွက်ဆိုပြီး ဈေးလည်းသက်သာပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ Hapna ဆိုတဲ့ အကိုက်အခဲပျောက်ဆေးကို တီထွင်ခဲ့တယ်။ တစ်ကမ္ဘာလုံးကိုလည်း အနှေးနဲ့အမြန် လွှမ်းမိုးသွားပြီး တစ်ဦးမကျန် သောက်သုံးကြတဲ့အဆင့်ရောက်တဲ့အချိန် ဒီဒေါက်တာဟာ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပေါ့။
ဒီလိုနဲ့ အချိန်ကာလ ၃ နှစ်လောက် ကြာလာတဲ့အခါမှ ဆရာသမား ပြန်ပေါ်လာပြီး သူ့ရဲ့ မဟာဂန္ဓဝင်ထောင်ချောက်ကြီးအကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်တော့တယ်။ အဲဒါကတော့ ၃ နှစ်ကြာတဲ့အခါမှ ဒီဆေးက လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းပြီး အဆိပ်အတောက်ဖြစ်နေပါပြီ ဖယ်ရှားတာမျိုးလည်း လုပ်လို့မရတဲ့အပြင် ရက် ၃၀ ကြာတာနဲ့ ပထမအသုတ် စသေမယ်တဲ့။ ဖြေဆေးဖော်ထုတ်ဖို့ဆိုရင်လည်း ဉာဏ်ကြီးရှင်တစ်ယောက်ရဲ့ ဖန်တီးမှုဖြစ်နေတာကြောင့် အချိန်ကာလ အရမ်းကြာရှည်သွားပြီး လူသားအားလုံး အကုန်သေမှပဲ ရပါလိမ့်မယ်။ ဒီလိုနဲ့ ကမ္ဘာတွေပျက် လူတွေကဆူပူအုံကြွ အစိုးရတွေလည်း ဂယောက်ဂယက်ဖြစ်နေတဲ့အချိန်မှာပဲ လူ ၅ ဦးပါဝင်ပြီး Lazarus လို့ ခေါ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းပြီး မူလရင်းမြစ်ခံ ဒေါက်တာကိုရှာ ဖြေဆေးရယူကာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်….။
သူကတော့ Manga ကို တိုက်ရိုက် Adaption လုပ်ထားတဲ့ Anime မဟုတ်ပဲ MAPPA ရဲ့ မူလ Anime တစ်ခုပဲ ဖြစ်ပါတယ်။ MAPPA ဆိုတာကတော့ နာမည်ကျော်စီးရီးတွေဖြစ်တဲ့ AOT တို့ Jujutsu Kaisen တို့ Chainsaw Man တို့ကို ထုတ်လုပ်ပေးထားတာဖြစ်လို့ ကွာလတီကတော့ မကောင်းမှာ ပူမနေပါနဲ့။ တင်ဆက်ပုံစတိုင်ကလည်း Classic ဖြစ်တဲ့ Cowboy Bepop တို့လို Jazz Background Soundtrack တွေရယ် CyberPunk Sci-fi အထာတွေရယ် မိုက်နေတာပါ။
MC ဆိုရင် ပြင်သစ်နာမည်ကျော် B-13 လိုမျိုး Parkour သမားဆန်ဆန် အက်ရှင်အရှောင်အတိမ်းတွေကို လုပ်ပြဦးမှာပါ။ ကျန်တဲ့ အဖွဲ့ဝင်တွေလည်း ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာမို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်။)
File size…(500 MB)
Quality….WEB-DL 1080p
Format…. mp4
Genre….Action & Adventure,Animation,,Sci-Fi & Fantasy
Duration….00:25:24
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thit San Khant
Translated by Thura Aung
EP 01 – UsersDrive / Yoteshin / GDtot / Megaup
EP 02 – UsersDrive / Yoteshin / GDtot / Megaup
EP 03 – UsersDrive / Yoteshin / GDtot / Megaup
EP 04 – UsersDrive / Yoteshin / GDtot / Megaup
EP 05 – UsersDrive / Yoteshin / Megaup
EP 06 – UsersDrive / Yoteshin / Megaup / Telegram
EP 07 – UsersDrive / Yoteshin / Megaup / Telegram
EP 08 – UsersDrive / Yoteshin / Megaup / Telegram
EP 09 – UsersDrive / Yoteshin / Megaup / Telegram
EP 10 – UsersDrive / Yoteshin / Megaup / Telegram
EP 11 – UsersDrive / Yoteshin / Megaup / Telegram
EP 12 – UsersDrive / Yoteshin / Megaup / Telegram
EP 13 – UsersDrive / Yoteshin / Megaup / Telegram
>>>>> Complete <<<<<
Related Keywords
Lazarus (2025) mmsub, Lazarus (2025) myanmar sub, Lazarus (2025) burmese sub, Lazarus (2025) မြန်မာစာတန်းထိုး