channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Laakhon Mein Ek (2017)

Laakhon Mein Ek (2017)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Laakhon Mein Ek (2017)”တစ်သိန်းမှာတစ်ယောက်”
=======================================

Season (1)
၂၀၁၇ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော တက္ကသိုလ်
ဟာသဒရာမာ ရုပ်သံဇာတ်လမ်းတွဲလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လိုက်ဖြစ်သူ အာကတ်ရှ်ဆိုတဲ့ လူငယ်လေးဟာ
မိဘတွေမသိအောင် ယူကျုမှာဗွီဒီယိုတွေတင်ရင်း အင်ဖလူရန်ဇာဖြစ်ဖို့ကြိုးစားနေသူပါ။

သူဟာ စာတော်သူတစ်ယောက်မဟုတ်ဘဲ ဆယ်တန်းကို ၅၅ ရာခိုင်နှုန်းနဲ့ပဲအောင်ခဲ့ပေမဲ့
အဖေဖြစ်သူက သူ့ကို IIT ဆိုတဲ့ နာမည်ကြီးကောလိပ်ကို ဝင်ခွင့်ရဖို့အတွက်

တခြားမြို့က ကောလိပ်တစ်ခုမှာ သွားတက်ခိုင်းခဲ့ပါတယ်။

ဖခင်ကို မလွန်ဆန်နိုင်တဲ့ အာကတ်ရှ်တစ်ယောက် သူငယ်ချင်းတစ်ယောက်မှမရှိတဲ့
ကောလိပ်မှာ အဆင်ပြေဖို့ကြိုးစားရင်း ဝါသနာရယ် မိဘတွေရဲ့ မျှော်လင့်ချက်ရယ်ကြားမှာ

ရုန်းကန်ရင်း ကောလိပ်ကျောင်းသားတို့ထုံးစံ တလွဲတချော်ဘရုတ်ကျပုံတွေကို
ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။

(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

File Size – 500 MB(Appx;)@Episode

Quality – 1080p WEB DL

Duration –30minute (@Episode)

Total Episodes:6Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama

Translator – CM Bollywood Team

Encoder – YK

===== Season 1 =====

Episode 1 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 2 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 3 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 4 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 5 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 6 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

===== Complete =====

Laakhon Mein Ek Season 2″ (2019)
စနစ်ကို ပြောင်းလဲမလား စနစ်က ပြောင်းလဲမလား

S1 မှာ‌တော့ ကိုယ်စီရည်မှန်းချက်တွေနဲ့ကြိုးစားခဲ့ကြပြီး
s2 မှာတော့ အိန္ဒိယရဲ့ ကျန်းမာရေးစနစ်ထဲက နက်နဲတဲ့ အမှန်တရားတွေကို ဖော်ထုတ်ပြသထားပါတယ်

ဒီအပိုင်းမှာ ရဲရင့်ပြီး စိတ်ဓာတ်ပြင်းပြတဲ့ ဆရာဝန်မလေး ရှရီယာပါထာရေရဲ့ ဇာတ်လမ်းကို အဓိကထားပြီး ပုံဖော်ထားပါတယ်
ဒီဇာတ်လမ်းက ၂၀၁၇ ခုနှစ်က Gorakhpur ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို

အခြေခံထားတာကြောင့် ပိုပြီးကြည့်ရတာ အသက်ဝင်နေမှာပါ။။

ရှရီယာက အစိုးရဆေးရုံတစ်ခုမှာ နောက်ဆုံးနှစ် သင်တန်းဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေရင်း
ဆီတာလာပူရ်ဆိုတဲ့ရွာမှာ မျက်စိတိမ်ခွဲစိတ်ကုသရေးစခန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်ဖို့ စေလွှတ်ခံရပါတယ်

တောဖြစ်နေလို့မီးမလာ ရေမရှိ သန့်စင်ခန်းမကောင်းတဲ့နေရာဆိုတော့ သွားဖို့အချင်းချင်းလက်တို့‌နေကြပေမဲ့
စေလွှတ်ခံရသူက‌တော့ ရှရီယာပါ ပြောရရင် ဒီတောကိုအလွှတ်ခံရတာကလည်း မဟုတ်မမှန် ခြမစား

မှန်မှန်ကန်ကန်နေသူမို့ အထက်လူကြီးကို ပုန်ကန်မိလို့ အမြင်ကပ်တဲ့ပုဒ်မနဲ့ စေလွှတ်ခံရတာပါ အထက်အမိန့်ဆိုတော့
မသွားချင်သွားချင်နဲ့ ရောက်သွားရှာတဲ့ ရှရီယာမျက်ဝါးထင်ထင် မြင်လိုက်ရတာကတော့ စနစ်တစ်ခုလုံးရဲ့

ယိုယွင်းပျက်စီးနေမှုတွေပါပဲ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေ၊ ဒေသခံတွေရဲ့ အစိုးရဆေးရုံအပေါ် ယုံကြည်မှု

နည်းပါးမှုတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေဟာ သူ့အတွက်တော့
ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်လာခဲ့ပါတယ် အပြင်လောကကျန်းမာရေးစနစ်ရဲ့ အားနည်းချက်တွေကို မီးမောင်းထိုးပြထားရုံသာမက၊

တရားမျှတမှုအတွက် ရုန်းကန်နေရတဲ့ လူတစ်ဦးရဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ဖော်ပြထားပါတယ်

“သူက စနစ်ကို ပြောင်းလဲနိုင်မလား ဒါမှမဟုတ် စနစ်ကပဲ သူမကို ပြောင်းလဲပစ်မလား” ဆိုတဲ့ မေးခွန်းကတော့
ဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်ဝိညာဉ်ပါပဲ .. အလုပ်သင်ဘဝရှရီယာရဲ့ ကြိုးစားရုန်းကန်မှုတွေကို လိုက်ပါကြည့်ရှုလိုက်ပါဦး

( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

File Size – 500 MB(Appx;)@Episode

Quality – 1080p WEB DL

Duration –30minute (@Episode)

Total Episodes:6Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama

Translator – CM Bollywood Team

===== Season 2 =====

Episode 1 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 2 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 3 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 4 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 5 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 6 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 7 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 8- Yoteshin | Gdtot | Userdrive | Megaup | Streamsb 

===== Complete =====

 

Related Keywords

Laakhon Mein Ek (2017) mmsub, Laakhon Mein Ek (2017) myanmar sub, Laakhon Mein Ek (2017) burmese sub, Laakhon Mein Ek (2017) မြန်မာစာတန်းထိုး