description
JL 50 Season 1 (2020) အချိန်၏ နက်နဲသော လျှို့ဝှက်ချက်များအားလှန်လှောရှာဖွေခြင်း
Imdb 7.3
လူသားတွေက အတိတ်ကို ပြန်သွားနိုင်ဖို့ ဒါမှမဟုတ် အနာဂတ်ကို ကြိုတင်မြင်နိုင်ဖို့ အမြဲတမ်း အိပ်မက်မက်ကြပါတယ်
အချိန်ခရီးသွားခြင်းရဲ့ သီအိုရီတွေ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေစာအုပ်တွေ အများကြီး ထွက်ရှိခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ လျှို့ဝှက်နက်နဲနေဆဲပါ JL 50 Season 1 က အဲဒီမေးခွန်းကို စိတ်ကူးယဉ်
ဆန်ဆန်နဲ့ သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းအဖြစ် ပြောင်းလဲတင်ဆက်ထားပါတယ် နှစ်ပေါင်း ၃၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လေယာဉ်တစ်စီးက ဘယ်လိုလုပ် ရုတ်တရက် ပြန်ပေါ်လာတာလဲ အချိန်ခရီးသွားမှုတွေကြောင့်လား ဒါမှ
မဟုတ် လူသားတွေရဲ့ မသိသေးတဲ့ နည်းပညာတွေကြောင့်လား ဒီစီးရီးကို ကြည့်ပြီး အချိန်ခရီးသွားခြင်းရဲ့ ဖြစ်နိုင်ခြေတွေနဲ့ မဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ကြည်ရှုသူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်ပြီး လိုက်ပါစီးမျောလိုက်ပါဦးရှင်။
အနောက်ဘင်္ဂလားပြည်နယ်ရဲ့ တောနက်နက်ထဲမှာ
လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့တယ် ပထမတော့ သာမန်လေယာဉ်ပျက်ကျမှုလို့ ထင်ခဲ့ကြပေမဲ့…
မကြာခင်မှာပဲ အမှန်တရားက ထင်ထားတာထက် အများကြီး ပိုပြီး ထိတ်လန့်စရာကောင်းတာကို တွေ့လာရပါတယ်
CBI ရဲ့ စုံစမ်းရေးမှူးရှန်တာနူက ဒီထူးဆန်းတဲ့ အမှုကို စုံစမ်းဖို့ ရောက်လာခဲ့သူပါ
ပျက်စီးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစတွေကြားမှာ သူ ရှာဖွေတွေ့ရှိလိုက်တဲ့ အရာတစ်ခုကတော့
လွန်ခဲ့တဲ့ ၃၅ နှစ် အတိအကျက ပျောက်ဆုံးသွားခဲ့တဲ့ “JL 50” လေယာဉ်ရဲ့ မှတ်တမ်းတင် အချက်အလက်တွေပါပဲ
ဘယ်လိုလုပ်ပြီး နှစ်ပေါင်း ၃၅ နှစ်ကြာ ပျောက်ဆုံးနေတဲ့ လေယာဉ်တစ်စီးက အခုမှ ပြန်ပေါ်လာရတာလဲ
ဒီမေးခွန်းရဲ့ အဖြေကိုရှာဖွေရင်း ရှန်တာနူက အချိန်နဲ့ ပတ်သက်တဲ့ မယုံကြည်နိုင်စရာ
လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရော
ဘယ်ရောက်သွားကြတာလဲ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေမလဲ
အပိုင်းတစ်ပိုင်းပြီးတိုင်း နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမဲ့
သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေ မယုံကြည်နိုင်စရာ ဇာတ်ကွက်လှည့်ကွက်တွေနဲ့ JL 50 Season 1က
ကြည့်ရှုသူကို တစ်စက္ကန့်လေးတောင် မျက်စိလွှဲလို့ မရအောင် ဆွဲဆောင်ထားမှာ
အသေအချာပါပဲ အချိန်ရဲ့ နိယာမတွေကို စိန်ခေါ်မဲ့ခရီးစဉ်မှာ အတူလိုက်ပါကြည့်လိုက်ပါဦးနော်
( အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )
File Size –400 MB (Appx;)@Episode
Quality – 1080p WEB DL
Duration – 30minute (@Episode)
Total Episodes: 4Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Sci-Fi & Fantasy
Translator – Yunni
Encoder – YK
===== Complete =====
Related Keywords
JL50 (2020) mmsub, JL50 (2020) myanmar sub, JL50 (2020) burmese sub, JL50 (2020) မြန်မာစာတန်းထိုး