description
ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့
တရုတ်ဇာတ်လမ်းတွဲတွေရဲ့ ဘုရင်မတစ်ပါးလည်းဖြစ် 80’s flower တွေထဲက
နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ မမ Yang Mi ဗီလိန်လုပ်မဲ့
၁၉၄၀ လောက်ကဇာတ်ကားကောင်းလေးကိုကြည့်ရမှာပဲဖြစ်ပါတယ် ။
ဇာတ်လမ်းအညွှန်းလေးအနေနဲ့ –
၁၉၄၀ ခုနှစ်ဝန်းကျင်က ဟာ့ပင်းမြို့ မန်ချူးတွေရဲ့လက်အောက်ရောက်နေတဲ့အချိန်ဖြစ်ပါတယ် ။
အဲဒီအချိန် မြေအောက်တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စုန့်ကျော်ဝမ်က
မန်ချူးအဖွဲ့ထဲကိုဝင်ဖို့နည်းလမ်းရှာနေတဲ့အချိန်လည်းဖြစ်ပါတယ် ။
ဒါပေမဲ့ မန်ချူးတွေရဲ့လက်အောက်ခံဟာ့ပင်းရဲဌာနရဲ့ ဌာနမှူးဖြစ်တဲ့
ကွမ်းရွှယ်ရဲ့အကူအညီနဲ့အတူ ဟာ့ပင်းရဲဌာနကိုဝင်ခွင့်ရသွားခဲ့ပါတယ် ။
ဌာနမှူးကွမ်းရွှယ်က စုန့်ကျော်ဝမ်ကိုဌာနကိုဝင်ခွင့်ပေးလိုက်တာကလည်း အကြောင်းအရင်းရှိပါတယ် ။
ဒီလိုနဲ့ မန်ချူးတွေကိုဆန့်ကျင်ဖို့အတွက် ရဲတပ်ဖွဲ့ထဲဝင်လာတဲ့ စုန့်ကျော်ဝမ်နဲ့
မန်ချူးလက်အောက်ခံရဲဌာနက ရဲမေမမတို့နှစ်ယောက် ရှေ့ဆက်ပြီး
အပြန်အလှန်ဘယ်လိုထိုးစစ်ဆင်ကြမလဲ ? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို
ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမှာဖြစ်လို့ ဆက်ဆက်စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။
=================================================
Quality : WEB-DL 1080p , 720p
Total Episodes : 40
Format : mp4
Genres : Drama
Runtime : 45 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kay Thwe Phyo
Encoded by LK
=====================================
Related Keywords
In the Name of the Brother mmsub, In the Name of the Brother myanmar sub, In the Name of the Brother burmese sub, In the Name of the Brother မြန်မာစာတန်းထိုး