description
I, Jack Wright (2025)
IMDb Rating (7.1) / Rotten Tomatoes (100%)
ခရမ်းချဉ်သီး ရာနှုန်းပြည့်ပုပ်တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထွက် ဗြိတိသျှစီးရီးကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းကတော့ ပေါင်သန်း ၁၀၀လောက် ပိုင်ဆိုင်မှုရှိတဲ့ သူဌေးကြီးဂျက်ရိုက် ညတစ်ညမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။
သူဟာ သုံးကြိမ်တိုင် လက်ထပ်ဖူးပြီး သားသမီး ၅ယောက်နဲ့ မြေးတစ်ယောက်ရှိပါတယ်။ အသုဘအခမ်းအနားအပြီး နောက်တစ်ရက်မှာ အားလုံးစုပြီး အမွေခွဲဝေခန်း ဝင်ကြရမှစပြီး ဤဇာတ်ရှုပ်ကြီး စတင်ပါတော့တယ်။
အကြောင်းကတော့ သားနှစ်ယောက်ကို မဖြစ်စလောက်၊ တတိယလက်ရှိဇနီးသည်နဲ့ သူ့သားကို ဘာမှမပေးထားခဲ့သလို တစ်ဦးတည်းသောမြေးကိုတော့ ပိုင်ဆိုင်မှုအများစုပေးထားခဲ့လို့ ဖြစ်ပါတယ်။
ပိုဆိုးတာက သူ့ရဲ့ သေတမ်းစာကို ပြန်ပြင်ထားတာ တစ်လတောင်မပြည့်သေးပါဘူး။ ဒါ့အပြင် သူ့ရဲ့သေဆုံးမှုဟာလည်း သတ်သေတာမဟုတ်ဘဲ လူသတ်မှုဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။
သင့်ကို စီးရီးတစ်လျှောက်လုံး သို့လော သို့လော အကြိမ်ကြိမ်ဖြစ်စေမှာ ဖြစ်သလို ဇာတ်သိမ်းကိုလည်း အများစုအံ့အားသင့်ရမှာပါ။
မိသားစုဝင်အချင်းချင်းကြားက ပဋိပက္ခ၊ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ၊ အာဃာတ တို့အပြင် ကြည်နူးစရာ မေတ္တာ၊ ကရုဏာာ၊ မုဒိတာတွေကိုလည်းမြင်ရမှာပါ။
Documentary ပုံစံရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ ပြောင်မြောက်သက်ဝင်မှုကို (အသည်းယားစဖွယ်) မြင်တွေ့ရမှာပါ။
၄၅ မိနစ် ဝန်းကျင် အပိုင်း ခြောက်ပိုင်းပဲ ရှိပါတယ်။
01∙ Every Single Penny (IMDb 7.6/10)
02∙ Fight Like Hell (IMDb 7.7/10)
03∙ A Tougher Love (IMDb 7.6/10)
04∙ Juggling Snakes (IMDb 7.6/10)
05∙ Salt in the Wound (IMDb 7.6/10)
06∙ Testament (IMDb 6.8/10)
သရုပ်ဆောင်တွေအနေနဲ့ Nikki Amuka-Bird, Ruby Ashbourne Serkis, John Simm, Daniel Rigby, Harry Lloyd, Gemma Jones, Liz Kingsman, Zoë Tapper စသူတို့ ပါဝင်ပါတယ်။
ဇာတ်ညွှန်းရေးသားသူ Chris Lang ဖြစ်ပြီး ဒါရိုက်တာကတော့ Tom Vaughan ဖြစ်ပါတယ်။ TV-MA အဖြစ် သတ်မှတ်ထားပါတယ်။
ဗြိတိသျှလေသံတွေကို နားပသာဒ ဆင်ရင်း ရိုက်မိသားစုဝင်တွေနဲ့အတူ အမွေခွဲလိုက်ကြရအောင်။
(အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။)
File size… (450 MB) / (250 MB)
Quality…. WEB-DL 1080p HEVC / 720p
Format…. mkv/mp4
Genre…. Crime, Drama, Mystery, Thriller
Duration…. 45min
Subtitle…. Myanmar Subtitle (Hardsub)
Encoder…. Benjamin
Translated by Thompson
=================================
Season 01 (စ/ဆုံး)
Episode 1 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 1 (1080p) – Yoteshin/ Gdot / Megaup
Episode 2 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 2 (1080p) – Yoteshin/ Gdot / Megaup
Episode 3 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 3 (1080p) – Yoteshin/ Gdot / Megaup
Episode 4 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 4 (1080p) – Yoteshin/ Gdot / Megaup
Episode 5 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 5 (1080p) – Yoteshin/ Gdot / Megaup
Episode 6 (720p) – Yoteshin/ Gdot / Megaup / Telegram
Episode 6 (1080p) – Yoteshin/ Gdot / Megaup
=====THE END=====
Related Keywords
I, Jack Wright (2025) mmsub, I, Jack Wright (2025) myanmar sub, I, Jack Wright (2025) burmese sub, I, Jack Wright (2025) မြန်မာစာတန်းထိုး