channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

How I Met Your Mother (2005-2014) Complete

How I Met Your Mother (2005-2014) Complete
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

How I Met Your Mother (2005-2014)

အခုတစ်ခါ တင်ဆက်ပေးမယ့် စီးရီးလေးကတော့ Sit-com လောကမှာ အကောင်းဆုံးစာရင်းဝင်တွေထဲက တစ်ခုဖြစ်တဲ့ How I met yor mother ဆိုတဲ့ စီးရီးလေးပါပဲ။ ခေါင်းစဉ်မှာပါတဲ့အတိုင်း ဒီစီးရီးက သူတို့အမေနဲ့ဆုံတွေ့ခဲ့ပုံကို ကလေးတွေကို အဖေကပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာပါပဲ။ ဒီစီးရီးက Rating လည်း လန်ပြန်ထွက်နေတဲ့အပြင်ကို ရုပ်ရှင်ပွဲတော်များစွာမှာ ဆုပေါင်း ၂၉ ခု အနိုင်ရထားပြီး ၁၀၂ ဆုအထိ ဆန်ကာတင်စာရင်းလည်း ပါထားပါသေးတယ်။ ပါဝင်တဲ့ဇာတ်ကောင်တွေကတော့ ငါးယောက်ဖြစ်ပြီး… မာရှယ်နဲ့လီလီတို့စုံတွဲရယ် တက်ဒ်..ရော်ဘင် နဲ့ ဒီစီးရီးကိုအဓိကဆွဲဆောင်မှုရှိစေတဲ့ ဘာနီတို့ပါပဲ။ မတူကွဲပြားတဲ့ဇာတ်ကောင်စရိုက်တွေနဲ့ နယူးယောက်မြို့ကြီးအလယ်မှာ ဇာတ်လမ်းအစုံ ပြသနာပေါင်းစုံကို နေ့စဉ်ရင်ဆိုင်ဖြတ်သန်းကြရင်းနဲ့ Sit-com ဇာတ်လမ်းတို့ထုံးစံ ရယ်ရယ်မောမောနဲ့ရှေ့ဆက်သွားပြီး တစ်ခါတစ်လေမှာလည်း မျက်ရည်စို့စရာ ရင်ထဲထိစရာဇာတ်လမ်းလေးတွေလည်း ပါပါသေးတယ်။

ဘဝမှာစိတ်မောစရာတွေနဲ့ ကြုံလာတဲ့အခါမှာ လူတိုင်းဟာ စိတ်ထွက်ပေါက်ရှာတတ်ကြတာ သဘာဝပါပဲ…။ Friends Reunion ဇာတ်ကားလေးကို ကြည့်ဖူးတဲ့သူတွေရှိရင် အဲ့ထဲမှာပါတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ စိတ်ဓာတ်ကျတိုင်း Friends ဇာတ်လမ်းတစ်ပိုင်းလောက် ခွေထိုးကြည့်လိုက်တာပဲဆိုတာကို ခံစားချက်ချင်းတူတဲ့သူတွေ နားလည်ကြပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက Sit-com show တွေကို လူသိတော့သိပ်မများသေးပါဘူး။ ဒါပေမဲ့ ကြည့်ဖူးသူတိုင်းတော့ ဒီလိုရှိုးတွေပဲအမြဲရှာကြည့်ချင်စိတ် ပေါက်သွားလောက်အောင်အထိ တကယ့်ကို ဘဝအမောတွေဖြေဖျောက်ပေးနိုင်တဲ့အရာပါပဲ။အပိုင်းတစ်ပိုင်းကို မိနစ်ပိုင်းပဲကြာတယ်…။ Season တစ်ခုပြီးတစ်ခု ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါနေထိုင်ရင်းနဲ့ ဇာတ်လမ်း အဆုံးသတ်သွားရင်တောင် သူတို့ကိုလွမ်းကျန်ခဲ့သလိုဖြစ်နေတတ်တာလည်း သဘာဝပါပဲ။ အခု ဒီဇာတ်လမ်းလေးကလည်း ရင်မောစရာတွေများပြားလွန်းတဲ့ နေ့စဉ်ဘဝကြီးမှာ တစ်ရက်ကိုတစ်ပိုင်းလောက် ဖြစ်ဖြစ် အပျင်းပြေကြည့်ရင်းနဲ့ အချစ်ကိုကိုးကွယ်တဲ့တက်ဒ်ရဲ့ အချစ်ရေးတွေ….ကောင်မလေးတွေကို နည်းလမ်းပေါင်းစုံနဲ့ ကြံတတ်တဲ့ ဘာနီရဲ့ဇာတ်ရှုပ်တွေ…တက္ကသိုလ်ကျောင်းသားဘဝထဲက စချစ်ခဲ့ကြပြီး အိမ်ထောင်သည်တွေဖြစ်တဲ့အထိ စွယ်တော်ရွက်လိုမခွဲနိုင်ကြတဲ့ လီလီနဲ့မာရှယ်တို့ စုံတွဲ…လွတ်လပ်တဲ့မိန်းမသားဆိုတာ ဒီလိုလားဆိုတဲ့အထာကျပြီး အချစ်ကိုမယုံကြည်တဲ့ ရော်ဘင်တို့ငါးယောက်ရဲ့ အကြောင်းတွေကို တစ်ပိုင်းပြီးတစ်ပိုင်းခံစားရင်းနဲ့ ကိုယ့်ဘော်ဒါတွေလို ရင်းနှီးမိပြီးတော့ နေ့တိုင်းသူတို့နဲ့ဆုံဖြစ်ချင်နေမှာတော့ အသေအချာပါပဲ။ ဒီဇာတ်လမ်းရဲ့ထူးခြားတဲ့အချက်လို့ ပြောရမှာကတော့ တက်ဒ်ရဲ့ဖူးစာရှင် ကလေးတွေရဲ့မိခင်ကဘယ်သူလဲဆိုတာ ပရိသတ်တိုင်းသိချင်မိမယ့်အကြောင်းအရာပါပဲ ပေါ်လာတော့လေမလား တမျှော်မျှော်နဲ့ နောက်ဆုံး Season တွေထိ စောင့်မျှော်ကြည့်ရှုရမှာမို့ Spoiler တွေ အမိမခံဖို့တော့ ကြိုသတိပေးလိုပါတယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်ဘောနပ်စ်ကတော့ စော်ရှုပ်လွန်းတဲ့ဘာနီကြောင့် သူရှုပ်ဖို့အတွက် ပါဝင်သရုပ်ဆောင်ပေးရတဲ့ ချောချောလှလှမဟေသီပေါင်း များစွာပါပဲ။ ကြိုပြီးတော့ နည်းနည်းပါးပါးပြောပြရရင် ဘရစ်တနီစပီးယားတို့ ဂျနီဖာလိုပက်ဇ်တို့..ကေတီပယ်ရီတို့လို အကျော်အမော်တွေပါ ဘာနီနဲ့တစ်ပိုင်းတစ်လေ ပါဝင်အသုံးတော်ခံရင်း ဖြတ်လျှောက်ပါဝင်ထားပေးပါသေးတယ်။ တစ်ချိန်လုံးပေါက်ကရတွေပြော သူ့ဟာသူအဆန်းထွင်ပြီး တွေ့တာလျှောက်ပြောတတ်တဲ့ ဘာနီဇာတ်ကောင်ကြောင့် တချို့စကားလုံးတွေကိုတော့ အနီးစပ်ဆုံးအဓိပ္ပာယ်တူ ခံစားလို့ရအောင် ဘာသာပြန်ပေးထားပါတယ်။

ဇာတ်ကောင်ငါးယောက်ရယ် တစ်ကားလုံးပေါ်မလာနိုင် ဆဌမမြောက်အမေဇာတ်ကောင်ရယ်ပါမှ အဓိကဇာတ်ကောင် ခြောက်ယောက်ပဲပါပေမယ့် တခြားဇာတ်ပို့နေရာတွေဖြစ်တဲ့ မာရှယ်မိသားစုတို့ ဘာနီရဲ့ညီတို့ တက်ဒ်မိသားစု မာရှယ်ရဲ့အဖေနဲ့သူ့အကိုတွေ ရော်ဘင်ရဲ့သားပဲလိုချင်တဲ့အဖေတို့ စသဖြင့် သူနေရာနဲ့သူ ပြည့်စုံအောင်ပါဝင်ပေးထားပါသေးတယ်။

ဟာသအဓိကဇာတ်လမ်းဆိုတဲ့အတိုင်း အူတက်နေအောင်ရယ်ရတဲ့အပိုင်းတွေလည်း ပါသလို မိသားစုရေးရာ အချစ်ရေးရာ…ဘော်ဒါအပေါင်းအသင်းဆက်ဆံရေး စသဖြင့် ဆေးရောင်စုံပန်းချီကားတစ်ချပ်လို ရသစုံစွာခံစားကြည့်ရှုရမယ်ဆိုတာလည်း အာမခံပြီးတော့ ညွှန်းဆိုပေးလိုပါတယ်။ CM က တင်ဆက်ပြီး/တင်ဆက်ဆဲ Sitcom တွေဖြစ်တဲ့ Friends, The Bigbang Theory , The Office, Mordern Family တို့အပြီးမှာ ဘာဆက်ကြည့်ရမလဲမသိ ကြောင်ပျောက်နေရင်တော့ ဒီစီးရီးကိုပဲ အပြေးလေးလာကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ တစ်ခန်းရပ်လိုက်ပါမယ်။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားပါတယ်။)

How I met your mother Sit-Com ကို 2005 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး 2014 ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။
Season ၉ ခုပါဝင်ပြီး အပိုင်းပေါင်း (၂၀၈) ပိုင်းရှိပါတယ်။
Channel Myanmar အနေနဲ့ စဆုံးကို အပတ်စဉ်သဘောမျိုး မနှေးမမြန် တင်ဆက်သွားပါမယ်။

 

File Size – (700 MB) / (250 MB) (Appx;) @Episode
Quality – WEB-DL 1080p HEVC / 720p
Duration – 25 min (@Episode)
Season – 9 / Episode – 208
Subtitle – Myanmar Hardsub
Format – mkv/mp4
Genre : Comedy,Drama,Romance
Translated by Sai Thurein Lynn
Encoder – Ka Naung

 

(One Click ဖြင့် လွယ်ကူစွာ Download ဖို့ CM App မှာဒေါင်းပါ…။
Website မှာတော့ Gdrive အဖြစ် YoteShin နဲ့ Gdtot Link ကနေတင်ပေးထားပါတယ်။)

 

Watch & Download in App >>>www.cmapp.tv

++++++++++++++++++++

Season-1 (Episode-22)
=========

Season-1 (1080p) Ep (1-5) Zip (3.5 GB) >>>YoteShin / Gdtot

 

Season-1 (720p) Ep (1-5) Zip (1.2 GB) >>>YoteShin / Gdtot / Telegram

 

Season-1 (1080p) Ep (6-10) Zip (3.5 GB) >>>YoteShin / Gdtot

 

Season-1 (720p) Ep (6-10) Zip (1.2 GB) >>>YoteShin / Gdtot / Telegram

 

Season-1 (1080p) Ep (11-15) Zip (3.6 GB) >>>YoteShin / Gdtot

 

Season-1 (720p) Ep (11-15) Zip (1.2 GB) >>>YoteShin / Gdtot / Telegram

 

Season-1 (1080p) Ep (16-22-END) Zip (5.2 GB) >>>YoteShin / Gdtot

 

Season-1 (720p) Ep (16-22-END) Zip (1.7 GB) >>>YoteShin / Gdtot / Telegram

 

Season-1  ပြီးပါပြီ။

++++++++++++++++

Season-2 (Episode-22)
=========

Season-2 (1080p) Ep (1-5) Zip (4 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (1-5) Zip (1.3 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (6-10) Zip (4.1 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (6-10) Zip (1.4 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (11-15) Zip (4.2 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (11-15) Zip (1.4 GB) >>>YoteShin / Gdtot / Telegram

 

Season-2 (1080p) Ep (16-22-END) Zip (5.5 GB) >>>YoteShin / Gdtot

 

Season-2 (720p) Ep (16-22-END) Zip (1.7 GB) >>>YoteShin / Gdtot / Telegram

 

Season-2  ပြီးပါပြီ။

+++++++++++

Season-3 Coming soon…….

– ဆက်ရန်….

– ကျန်ရှိသော Season များကို အလျဉ်းသင့်သလို Website နှင့် CM App မှာ ဆက်လက်တင်ဆက်သွားပါမည်။ CM App ကို www.cmapp.tv မှာ ရယူပါ။

– Channel Myanmar Team –

Related Keywords

How I Met Your Mother (2005-2014) Complete mmsub, How I Met Your Mother (2005-2014) Complete myanmar sub, How I Met Your Mother (2005-2014) Complete burmese sub, How I Met Your Mother (2005-2014) Complete မြန်မာစာတန်းထိုး