description
Hotel Transylvania (2012)IMDb – 7.1/10_____Rotten – 45%
ဒီတစ်ခါတော့ စိတ်အပန်းဖြေအနေနဲ့ကြည့်လို့တော်တော်လေးကောင်းတဲ့ ကာတွန်းကားလေး
တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်…
Count Dracula ဟာသူ့ရဲ့ ဇနီး Martha သေဆုံးပြီး နောက်ပိုင်းမှာ သူ့မိန်းကို ကတိ ပေးထား ခဲ့တဲ့အတိုင်း သူတို့ ၂ ယောက်ရဲ့ သမီးလေး Mavis ကို မျက်စိ အောက်က အပျောက် မခံပဲ ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။
Count Dracula ဟာ Transylvania လို့ခေါ်တဲ့ Five Star အဆင့်ရှိ Hotel တစ်ခု တည်ဆောက် ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Frank နဲ့ သူ့ဇနီး Eunice, Wayne, Wanda နဲ့ သူတို့ရဲ့ မြေခွေး သားသမီး တစ်ဖွဲ့, Griffin ဆိုတဲ့ ကိုယ်ပျောက် လူသား, Murray ဆိုတဲ့ Mummy အစရှိတဲ့ နာမည်ကြီး Zombie တွေနဲ့ အတူ Human Free Zone ဆိုပြီး Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပဖို့ ပြင်ဆင် ကြပါတယ်။
Count Dracula ဟာ Mavis ကို အပြင်ထွက်လည် ခွင့်မပေး ချင်ပေမယ့် Mavis ရဲ့ 118 နှစ်ပြည့် မွေးနေ့မှာ Mavis ကို အပြင် ထွက်လည် ခွင့်ပေးခဲ့ပြီး အပြင် လောက လူသားတွေဟာ ကြောက်ဖို့ ကောင်းကြောင်း ရွာတုတစ်ခု တည်ဆောက်ပြီး Mavis ကိုခြောက်လှန့် ခဲ့ပါတယ်။
Mavis ဟာလဲ ဒီခြောက်လှန့် မှုကို တကယ်ထင် သွားပြီး အပြင်လောကကို ဘယ်တော့မှ မထွက်လို တော့ကြောင်း သူ့အဖေကို ပြောခဲ့ပါတယ်။
ဒါပေမယ့် မမျှော်လင့်ပဲ ဟန်ဆောင် ခြောက်လှန့်မှု ပြုလုပ်ပြီး ပြန်လာတဲ့ Zombie တွေရဲ့ နောက်ကနေ 21 နှစ်အရွယ် Jonathan ဆိုတဲ့ လူသား တစ်ယောက်ပါ Hotel ကို ရောက်ရှိ လာခဲ့ပါတယ်။
Jonathan ဟာ Hotel ကိုရောက်စမှာ မကောင်းဆိုးဝါးလို ဝတ်ဆင်ပြီး ပြုလုပ် နေတဲ့ Party ပွဲလို့ ထင်ခဲ့ပြီး လိုက်ကြည့် နေတဲ့ အချိန်မှာ Count Dracula က ဖမ်းစည်း ခေါ်ယူ သွားပြီး ဒီ Hotel ကို ဘယ်လို ရောက်လာကြောင်း မေးမြန်း ခဲ့လို့ အဖြစ်စုံကို Jonathan က ရှင်းပြ ခဲ့ပါတယ်။
Jonathan ကို ပြန်ပို့ဖို့ ကြိုးစား ခဲ့ပေမယ့် Count Dracula ရဲ့ သူငယ်ချင်းတွေ တွေ့သွားတာကြောင့် Human Free Zone လို့ကြွေးကြော် ထားတဲ့ သူ့ရဲ့ Hotel သိက္ခာ ထိခိုက်မှာ ဆိုးတဲ့အတွက် Jonathan ကို Zombie အဖြစ်ဟန်ဆောင် ခိုင်းခဲ့ရာမှ Count Dracula ရဲ့ သမီး Mavis နဲ့ Jonathan တို့ သံယောဇဉ် ဖြစ်မိပြီး….ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါ..
ဒါရိုက်တာ Genndy Tartakovsky ရဲ့ 91 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။
အသံ သရုပ်ဆောင်တွေ အဖြစ် Dracula (voice of Adam Sandler), Jonathan (voice of Andy Samberg), Mavis (voice of Selena Gomez) တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။
(အညွှန်းကိုတော့ moviereview.ygn.me မှ ပြန်လည်ကူးယူဖေါ်ပြပါသည်)
File Size : 1.8 GB / 930 MB
Quality : Blu-Ray 1080p and 720p
Running Time : 1hr 31min
Format : Mp4
Genre : Animation, Comedy, Family
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264-SPARKS
Translated by kokolatt
Encoded by Thanhtike Zaw
Related Keywords
Hotel Transylvania (2012) mmsub, Hotel Transylvania (2012) myanmar sub, Hotel Transylvania (2012) burmese sub, Hotel Transylvania (2012) မြန်မာစာတန်းထိုး