channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Highway Love (2023)

Highway Love (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Highway love 2023 အမြန်လမ်းပေါ်ကရင်ခုန်သံ

IMDb-7.5/10

2022ခုနှစ် Ishq Expressမှာ chemiမိမိနဲ့ အစွမ်းကုန်ချစ်ပြသွားတဲ့
Gayatriနဲ့Ritvikတို့ရဲ့ comeback rom-com mini seriesလေးဖြစ်တဲ့
Highway loveကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးမှာရော ဘယ်လိုပုံစံနဲ့ပွဲထွက်လာမလဲဆိုတာ ရှုစားကြပါဦး။

သစ္စာရှိတဲ့အချစ်ကို ပန်းပိတောက်နဲ့တင်စားကြမယ်ဆိုရင်တော့ အချစ်စစ်ဆိုတာကို နှင်းဆီတစ်ပွင့်နဲ့
ကျွန်တော်ကတော့ တင်စားချင်ပါရဲ့။ အဆင်းရောအချင်းနဲ့ပါ ပြည့်စုံသလို
အချိန်မရွေး နေရာမရွေး ပွင့်လန်းတတ်သလို အဆူးလေးတွေနဲ့လည်း ဝေဒနာပေးတတ်တယ်မဟုတ်ပါလား။

တက်တက်ကြွကြွနဲ့ ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးမလေး အင်နာယာတစ်ယောက် ဘဲနဲ့လတ်လတ်ဆတ်ဆတ်လမ်းခွဲပြီး
ပူပူနွေးနွေးexလေးက အမြန်လမ်းမပေါ်မှာ ထားရစ်ခဲ့တာ ခံရပါတော့တယ်။
ဖုန်းအားကလည်းမရှိတော့လို့ တိုင်ပတ်နေတုန်း ဘီးပေါက်သွားလို့
ကားဘီးလဲဖို့အရေး ဟိုနားကိုင်ရမလို ဒီနားကိုင်ရမလိုနဲ့ ဗျာများနေတဲ့ကိုလူချောကိုသွားတွေ့ပါတော့တယ်။

ကားဘီးမလဲတတ်တဲ့ ကိုလူချောဒွန်ဒွန်ကို အင်နာယာကပဲ ကားဘီးလဲပေးပြီး ဒွန်ဒွန်ရဲ့ကားနဲ့ပဲ
မြို့ထဲကိုလိုက်လာတာပေါ့။ သိပ်ကိုရိုးအေးပြီး ရိုးရှင်းတဲ့ဘဝမှာပဲနေခဲ့တဲ့ဒွန်ဒွန်ဟာ
ရဲရင့်ပြီး စွန့်စားခန်းတွေကိုနှစ်သက်တဲ့အင်နာယာရဲ့ ဘဝအကြောင်းတွေနားထောင်ရင်း
ခပ်မိုက်မိုက်မိန်းကလေးကို သဘောကျမိသွားတဲ့အခါ…

လုံးဝပုံစံကွဲထွက်နေတဲ့သူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့အချစ်တစ်ခုက ရေရှည်ဖြစ်တည်နိုင်မလား။
အာလူးကြော်နဲ့ဘာဂါလိုပဲ တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ပေးမယ့်
legendaryအတွဲအစပ်ဖြစ်သွားမလားဆိုတာ ရှုစားကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)

File Size – 500MB(Appx;)@Episode

Quality –1080p WEB DL

Duration – 35 minute (@Episode)

Total Episodes: 4Eps

Subtitle – Myanmar Hardsub

Format – Mp4

Genre : Comedy~Romance

Translator – Alex_Tomo~V~Yunni

Encoder – YK

Season 1

Episode 1 – Yoteshin | Userdrive | Megaup | Streamvid

Episode 2 – Yoteshin | Userdrive | Megaup | Streamvid

Episode 3 – Yoteshin | Userdrive | Megaup | Streamvid

Episode 4 – Yoteshin | Userdrive | Megaup | Streamvid

===Complete===

Highway Love S2 2024 (အမြန်လမ်းပေါ်က ရင်ခုန်သံ)
IMDb – 7.4/10

Gayatri နဲ့ Ritvik တို့ရဲ့ Highway Love စီးရီးဟာ S2 အနေနဲ့ အပိုင်း၆ပိုင်း ထွက်ရှိလို့လာခဲ့ပါပြီ။

S1ကို ပြန်ပြောရမယ်ဆိုရင် အမြန်လမ်းပေါ်မှာ ကားဘီးမလဲတတ်လို့ တိုင်ပတ်နေတဲ့
ဒွန်ဒွန်နဲ့ ပူပူနွေးနွေးကောင်လေးနဲ့ လမ်းခွဲလိုက်ပြီးတော့ အမြန်လမ်းပေါ်မှာ တိုင်ပတ်နေတဲ့
အင်နာယာတို့နှစ်ယောက် တွေ့ဆုံခဲ့ကြရာကနေ ချစ်မိသွားကြပြီး S1 အဆုံးမှာတော့
ဒွန်ဒွန်ဟာ စပိန်ကို အလုပ်နဲ့ သွားရပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ
အဝေးချစ် ချစ်ရတဲ့အဖြစ်နဲ့ အဆုံးသတ်ထားပါတယ်။

S2မှာတော့ စပိန်မှာ အလုပ်လုပ်နေတဲ့ ဒွန်ဒွန့်နောက်ကို လိုက်ဖို့အတွက် ပတ်စ်ပို့တွေ
ဗီဇာတွေပြင်ရင်း အလုပ်ရှုပ်နေတဲ့ အင်နာယာ၊ နောက်ဆုံးမှာ အားလုံးအဆင်သင့်ဖြစ်ပြီ
လိုက်သွားလို့ရပြီဆိုတဲ့အချိန်ကျတော့မှ အင်နာယာရဲ့အစ်ကိုဖြစ်သူ ဗာရွန်ဟာ
အက်စီးဒန့်ဖြစ်ပြီးတော့ ခြေထောက်ကျိုးသွားတဲ့အတွက်
ဗာရွန့်ကို ပြန်နေကောင်းလာတဲ့အချိန်ထိ ပြုစုဖို့အတွက်နဲ့ စပိန်ကိုလိုက်သွားဖို့
ကိစ္စကို အင်နာယာတစ်ယောက် နောက်ရွှေ့လိုက်ရပါတော့တယ်။

အစ်ကိုဖြစ်သူကို ပြုစုပေးနေရင်းနဲ့ နေလာရင်း တစ်ရက်မှာ ဒွန်ဒွန်ဟာ ဗာရွန်ကို
စိတ်ပူတာရော ချစ်သူလေး အင်နာယာနဲ့တွေ့ချင်တာရောကြောင့်နဲ့ အိန္ဒိယကို
ချက်ချင်းဆိုသလို ပြန်လာခဲ့ပြီး အားလုံးကို စပရိုက်ဖြစ်စေပါတော့တယ်။

ဒီလိုနဲ့ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက် ပြန်လည်ဆုံစည်းကြပြီးနောက်မှာ
သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ ….

သူတို့နှစ်ယောက်ကြားထဲကို ဘယ်သူတွေက ဝင်ရောက်ပြီးတော့
ဘယ်လိုတွေ ခလောက်ဆန်ရင်းနဲ့ ချစ်သူနှစ်ယောက်
ချစ်ခရီးလမ်းကို ဘယ်လိုတွေဖြတ်သန်းမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Episode 1 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 2 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 3 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 4 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 5 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 6 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

===Complete===

Related Keywords

Highway Love (2023) mmsub, Highway Love (2023) myanmar sub, Highway Love (2023) burmese sub, Highway Love (2023) မြန်မာစာတန်းထိုး