channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

HACK Crimes Online (2023)

HACK Crimes Online (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Hack: Crimes Online(2023) “ဆိုက်ဘာရာဇဝတ်မှုများ”
IMDb-7.6/10

Amazon mini tvကနေ ထုတ်လွှင့်ခဲ့ပြီး အိန္ဒိယမှာ ထင်ရှားတဲ့
ဆိုက်ဘာရာဇဝတ်မှု စုံစမ်းရေးအရာရှိ မစ္စတာအာမစ်ဒူဘေးရဲ့ ၀တ္ထုကိုအခြေခံထားတဲ့
တကယ်ဖြစ်ပျက်ခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးပဲဖြစ်ပါတယ်။
ဒီအတွဲတစ်မှာတော့ အပိုင်းကိုးပိုင်းပါဝင်ပါတယ်။

ဆိုက်ဘာရာဇဝတ်မှုဆိုတာက ရာဇဝတ်မှုပါပဲ။ဘယ်လိုရာဇဝတ်မှုလည်းဆိုတော့ အပြင်မှာခိုးဆိုးလုနှိုက်သတ်ဖြတ်ကြတဲ့
ရာဇဝတ်မှုတွေလိုမျိုးပဲ အခုခေတ်ထဲက အလွှာပေါင်းစုံမှာ ပြောနေကျ “လိုင်းပေါ်မှာ… လိုင်းပေါ်က…”ဆိုတဲ့စကားလို၊
လိုင်းပေါ်ကနေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပေါ့။ဒီမှာ ဘာပါလာလည်းဆိုတော့ ဟက်ခ်ကာဆိုတဲ့ပုဂ္ဂိုလ်တွေ။
ဟက်ခ်တယ်ဆိုတာ သူတပါး ပိုင်ဆိုင်မှုကို သူတပါးခွင့်မပြုပဲ ဝင်ရောက်ယူငင်သုံးစွဲကြတာလို့ပဲ ဆိုကြပါစို့။
ခေတ်ကြီးတိုးတက်လာတာနဲ့အညီ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ငွေသားအဖြစ်မဟုတ်ဘဲ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်နဲ့
အကောင့်ဖွင့် စုဆောင်းသိမ်းဆည်း သုံးစွဲလာကြပါတယ်။ဒီလိုပိုင်ဆိုင်မှုတွေကို ဟက်ခ်ပြီး ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ
ခိုးယူတဲ့ ရာဇဝတ်မှုတွေ၊အဲဒါအပြင် လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ
ဓာတ်ပုံတွေ၊ ဂိမ်းအကောင့်တွေထိ ခိုးယူကြတဲ့ရာဇဝတ်မှုတွေ၊ ခိုးယူရရှိလာတဲ့ အချက်အလက်တွေကိုချုပ်ကိုင်ထားပြီး
ပိုင်ရှင်ကို ခြိမ်းခြောက်ငွေညှစ်တာမျိုး၊အလိုမတူပဲ ကာမရယူတာမျိုးလို ရာဇဝတ်မှုတွေကို
အထူးဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးခေါင်းဆောင် အရာရှိအရှူတို့ရှ် ဦးဆောင်တဲ့အဖွဲ့က
ဒီဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နှင်းဖော်ထုတ်အရေးယူကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ရှက်ခ်သီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မွေးလာတဲ့ ကောင်မလေးတစ်ယောက် ex ဖြစ်သူရဲ့ ဘဏ်အကောင့်ကို ခိုးယူမှုနဲ့ အဖမ်းခံလိုက်ရပါတယ်
အဖေဖြစ်သူက ဆုံးပါးသွားပြီး မိသားစုပိုင်ပစ္စည်းတွေကို ဦးလေးဖြစ်သူက လုယူခြင်းလည်း ခံခဲ့ရတာကြောင့် ဆင်းဆင်းရဲရဲနဲ့ NGO ထောက်ပံ့တဲ့ကျောင်းတက်ရင်း
အင်တာနက်ကဖေးမှာ အချိန်ပိုင်းအလုပ်တစ်ခု ဝင်လုပ်ခဲ့ပါတယ်… ပရိုဂရမ်းမင်းဘာသာရပ်ကို စိတ်ဝင်စားမိပြီး ဟက်ကာမလေးဖြစ်လာစေခဲ့တဲ့ မြစ်ဖျားခံရာ နေရာပေါ့

တစ်ဖက်မှာလည်း တရွေ့ရွေ့တက်လာတဲ့ ဆိုက်ဘာအမှုအခင်းတွေအတွက် အစိုးရက Cyber Crime Task Force ဆိုတဲ့ နည်းပညာကျွမ်းကျင်သူ hacker တွေပါဝင်တဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းလိုက်ပြီး…
ဖမ်းမိထားတဲ့ ဟက်ကာမလေး ရှက်ခ်သီကို Hackathon လို့ခေါ်တဲ့ နည်းပညာပြိုင်ပွဲတစ်ခု ဝင်ပြိုင်စေရာကနေ ရှက်ခ်သီတစ်ယောက် Hoodie တစ်ထည်ဝတ်လို့
ကွန်ပျူတာ စခရင်အမည်းပေါ်မှာ ပဟေဠိဆန်ဆန် အစိမ်းကြောင်းတွေ ထိုင်ရေးရတဲ့ Task Force အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ်

အင်တာနက်ဆိုတာ အသိပညာဗဟုသုတတွေနဲ့ပြည့်၀နေပြီး ဖန်တီးနိုင်စွမ်းတွေကို ထောက်ပံ့ပေးနေတဲ့ သမုဒ္ဒရာကြီးဆိုရင် ဟက်ခ်ကာတွေက အဲဒီသမုဒ္ဒရာကြီးထဲက ငါးမန်းတွေပါပဲတဲ့။

ဒီတော့ အဲဒီမကောင်းဆိုးဝါး ငါးမန်းတွေကို ဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးအထူးတပ်ဖွဲ့က ချေမှုန်းနိုင်မှာလားဆိုတာ….။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Quality : 500MB

Total Episodes : 9Eps

Format : mp4

Genres : Action ~ Crime

Duration : 26mins

Subtitle : Myanmar Subtitle ( Hardsub )

Translated by CM Bollywood Team

Encoded by YK

1080p

Episode 1 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 2 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 3 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 4 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 5 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 6 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 7 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 8 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Episode 9 – Yoteshin   | Userdrive | Megaup | Meganz | Streamvid

Related Keywords

HACK Crimes Online (2023) mmsub, HACK Crimes Online (2023) myanmar sub, HACK Crimes Online (2023) burmese sub, HACK Crimes Online (2023) မြန်မာစာတန်းထိုး