channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Gundam: Requiem for Vengeance (2024)

Gundam: Requiem for Vengeance (2024)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

Gundam ကိုတော့ ကျွန်တော်တို့အကုန်လုံးသိကြမယ်ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ Power Rangers တွေရှိခဲ့သလိုပဲ

Gundam လည်းတစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။

Gundam ဟာ ဂျပန် Animation (Anime) တစ်ခုဖြစ်ပြီး Yoshiyuki Tomino နဲ့

Bandai Namco Filmworks တို့လက်တွဲပြီးထုတ်လုပ်ထားတဲ့ စိတ်ကူးယာဉ် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

ပထမဦးဆုံး Series ကို ၁၉၇၉ ခုနှစ်မှာ စတင်လွှင့်ခဲ့တာဖြစ်ပြီး အတော်လေးပရိသတ်တွေကြားထဲကို

အထူးသဖြင့် လူငယ်ပရိသတ်တွေကြားထဲမှာ ရေးပန်းစားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ Transformers ဆိုတဲ့ စက်ရုပ်တွေကို စမသိခင်မှာ Gundam ဆိုတဲ့

လူသားဝင်ထိန်းလို့ရတဲ့ စက်ရုပ်တွေကို အရင်သိကျွမ်းခဲ့ရပါတယ်။

Gundam: Requiem for Vengeance (2024) ကတော့ ၂၀၂၄ ခုနှစ်

အောက်တိုဘာလကမှ ထွက်ရှိထားတဲ့ Anime Series အသစ်ဖြစ်ပါတယ်။

ငယ်ဘဝကို လွမ်းမိစေမှာဖြစ်သလို၊ အခုချိန်ထိကြည့်လို့ကောင်းနေတဲ့ Series တစ်ခုဖြစ်ကြောင်းကိုလည်းမြင်ရမှာဖြစ်ပါတယ်။

ဇာတ်ညွှန်း

ခုနှစ်က Universal ရာစုနှစ် ၀၀၇၉၊ ဇီယွန်နိုင်ငံတပ်တော်ကြီးဟာ အာကာသ ကိုလိုနီများဖြစ်တာနဲ့အညီ

ကမ္ဘာကို စစ်မျက်နှာဖွင့်ကာ ကျူးကျော်လာခဲ့ပါတယ်။

အဲဒီမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရေးရှင်းတပ်မတော်က ဇီယွန်တပ်တော်ကို ပြန်လည်တွန်းလှန်ခဲ့ပါတယ်။

စစချင်းမှာတော့ နည်းပညာအစစအရာရာသာတဲ့ ဇီယွန်တပ်တော်ကြီးဟာ

ကမ္ဘာဖက်ဒရေးရှင်းတပ်ပေါင်းစုကို ဦးနှိမ်ကာ အသာစီးကနေ တိုက်နိုင်ခဲ့ပါတယ်။

သို့သော်လည်း သူတို့ဟာ တစ်ကမ္ဘာလုံးကို အပြည့်မသိမ်းနိုင်ခဲ့ပါဘူး။

ဒါတင်မကသေးပဲ ဖက်ဒရေးရှင်းတွေဟာ ဇီယွန်တွေရဲ့ စခန်းတစ်ခုကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။

တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ ဇီယွန်တွေကြားထဲမှာ “Red Wolves” တပ်ခွဲက

ကပ္ပတိန် အီရီယာ ဆိုလာရီဦးဆောင်တဲ့ “Mobile Suit” တပ်ဖွဲ့လည်းပါဝင်ခဲ့ပါတယ်။

သူတို့ဟာ “Mobile Suit” ရှိနေတာတောင်မှ ဖက်ဒရေးရှင်းတို့ရဲ့ အမည်မသိနည်းပညာကို ကျော်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီလိုနဲ့ အီရီယာတို့ဟာ ကမ္ဘာမြေမှာပိတ်မိနေပြီး ဌာနချုပ်ကိုပြန်ဖို့ကြိုးစားပါတော့တယ်။

ဖက်ဒရေးရှင်းတွေမှာ ဘာနည်းပညာတွေရှိနေတာလဲ။

နည်းပညာအစစအရာအရာသာတဲ့ ဇီယွန်တို့ရဲ့ စခန်းပျက်သွားလောက်တဲ့အထိ ဘာတွေများရှိနေတာလဲ။

အီရီယာတို့ ဘယ်လိုများ ဖောက်ထွက်သွားမှာလဲဆိုတာကို

ဆက်ပြီးခံစားကြည့်လိုက်ကြပါခင်ဗျာ။

 

 

File Size : 650
Quality : WEB-DL 1080p
Running Time : 23min
Format : Mp4
Genre : Action, Adventure, Animation
Subtitle : Myanmar Subtitle (Hard Sub)
Translated by : CM Team
Encode by : Thit San Khant

 

EP 01 – Usersdrive / Yoteshin / Megaup / Streamsb

EP 02 – Usersdrive / Yoteshin / Megaup / Streamsb

EP 03 – Usersdrive / Yoteshin / Megaup / Streamsb

EP 04 – Usersdrive / Yoteshin / Megaup / Streamsb

EP 05 – Usersdrive / Yoteshin / Megaup / Streamsb

EP 06 – Usersdrive / Yoteshin / Megaup / Streamsb

 

END

Related Keywords

Gundam: Requiem for Vengeance (2024) mmsub, Gundam: Requiem for Vengeance (2024) myanmar sub, Gundam: Requiem for Vengeance (2024) burmese sub, Gundam: Requiem for Vengeance (2024) မြန်မာစာတန်းထိုး