description
Ghost Sweepers (2012)
**********************
Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး
အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost
sweepers လေး တင်ပေးထားပါတယ် .. ။
Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro,
Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့
The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ
ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။
ဇာတ်လမ်းအညွှန်း
*************
အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက
ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။
ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို
တွေ့ရမှာဖြစ်ပါတယ် ။
တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim Su Ro)ဦးဆောင်ပြီး၊ အင်ဂျင်နီယာ
ပါမောက္ခ ပယောဂဆရာ ဆော့ဟျွန်း (Lee Je hoon), သရဲမြင်ရတဲ့ဘုန်းတော်ကြီး ရှီမင်း
(Kwak Do Won), အတိတ်ကိုမြင်ရတဲ့ နက္ခတ်ဗေဒင်ဆရာမ ဆွန်းဟီး (Kim Yoon Hye),
အနာဂတ်ကိုကြိုမြင်နိုင်တဲ့ကောင်လေး ဝေါဂွမ် (Yang Kyung Mo) တို့အပြင် တခြားပယောဂဆရာ
များစွာလည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် သတင်းထောက်ချွဲချန်ယောင်း (Kang Ye Won)ကလည်း
မှတ်တမ်းယူဖို့ အတူတူလိုက်သွားခဲ့ပါတယ်။
အူဂျင်ကိုရောက်တဲ့အခါမှာတော့ မကောင်းဆိုးဝါးဟာ သူတို့မျှော်မှန်းထားတာထက် အားကောင်းနေပြီး
သတင်းထောက်ချွဲချန်ယောင်းရဲ့ အဖေရဲ့သေဆုံးမှုကလည်း ဒီမြို့နဲ့ပတ်သက်နေတယ်ဆိုတာကို သိသွားခဲ့ရတယ်။
ချန်ယောင်းရဲ့အဖေက ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ…..
မကောင်းဆိုးဝါးကရော ဘယ်လိုကြောင့်ဖြစ်လာရတာလဲ ..
ဘာလို့အဲဒီလောက် အားကောင်းနေရတာလဲ……
အဲဒီမကောင်းဆိုးဝါးကို ပယောဂဆရာတွေ ပေါင်းပြီး ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာ ဟာသလေးတွေရောပြီး
တစ်ကားလုံးပါးစပ်မစိဘဲ ကြည့်ရမယ့်ကားလေးမို့လို့ ကြည့်လိုက်ကြပါဦးနော် ။
(အညွှန်းကို Vanessa မှ ရေးသားထားပါတယ်)
File size…2.7GB / 1.1GB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….2h 00m
Genre ….. Horror, Comedy, Supernatural
Subtitle….Myanmar Subtitle (Hard Sub)
Translated by Vanessa
Encoded by AHtet
Related Keywords
Ghost Sweepers (2012) mmsub, Ghost Sweepers (2012) myanmar sub, Ghost Sweepers (2012) burmese sub, Ghost Sweepers (2012) မြန်မာစာတန်းထိုး