description
Ghatikachalam 2024 (ဂါတီကာချလမ် မကောင်းဆိုးဝါးကြီး)
ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ (psychological horror)
စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုဆိုင်ရာ ဇာတ်လမ်းဖြစ်ပြီးတော့
တမူထူးခြားနေတဲ့ အိန္ဒိယရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။
ကောရှစ်ဆိုတဲ့ ဆေးကျောင်းသားလေးတစ်ယောက်ရှိပါတယ်၊ ကောရှစ်ဟာ
သူစိတ်ပါဝင်စားလို့ ဆေးကျောင်းတက်ရတာမျိုးမဟုတ်ဘဲ ဖခင်ဖြစ်သူရဲ့
အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်
ဆေးကျောင်းတက်နေရသူတစ်ယောက်ပါ။
သူဟာမိသားစုထဲမှာဆိုရင် မိသားစုရဲ့ အလိုကိုပဲလိုက်ကာ နေရသူဖြစ်ပြီး
သူ့ဆန္ဒကိုတော့ ထုတ်မပြောတတ်တဲ့ လူလိမ္မာသားလေးတစ်ယောက်ပေါ့။
ဒီလိုဖိအားတွေနဲ့ နေလာရတဲ့ ကောရှစ်တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်တွေ
ကြုံတွေ့လာရတဲ့အချိန်မှာတော့ ဂါတီကာချလမ်လို့ခေါ်တဲ့ မကောင်းဆိုးဝါးကြောင့်ဖြစ်ရတယ်ဆိုကာ
သူ့မိသားစုမှ ကုသပေးဖို့ နည်းလမ်းမျိုးစုံ ရှာဖွေပါတော့တယ်။
ကောရှစ်တစ်ယောက်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်များဟာ
သူ့မိသားစုထင်သလိုမျိုး ဂါတီကာချလမ်
မကောင်းဆိုးဝါးကြီး နှောင့်ယှက်နေတာပဲလား ………
ဒါမှမဟုတ် ဘယ်လိုအကြောင်းကိစ္စတွေကြောင့်မလို့ ဖြစ်နေရတာလဲ ……….
ကောရှစ်တစ်ယောက်ရော ဖြစ်ပျက်နေတဲ့အရာတွေကနေ ပျောက်ကင်းသွားနိုင်ပါ့မလား ဆိုတာကို
စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ Horror, Thriller ဇာတ်ကားလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
File size… 1.6 GB / 800 MB
Quality…WEB DL 1080p HEVC/ 720p
Format…mkv/ mp4
Duration….2h
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
Related Keywords
Ghatikachalam (2024) mmsub, Ghatikachalam (2024) myanmar sub, Ghatikachalam (2024) burmese sub, Ghatikachalam (2024) မြန်မာစာတန်းထိုး