channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Frieren: Beyond Journey’s End (2023)

Frieren: Beyond Journey’s End (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

IMDB – 8.9/10, MyAnimeList – 9.3/10

“ခရီးဆုံးအလွန်က ခရီးရှည်တစ်ပုဒ်”

Frieren ဆိုတဲ့ Elf မလေးတစ်ယောက်က လူသား သူရဲကောင်းတစ်ယောက်ရယ်၊ လူသား ဘုန်းတော်ကြီးတစ်ယောက်ရယ်

Dwarf မျိုး စစ်သည်တော်တစ်ယောက်ရယ် ပါတီဖွဲ့ပြီး ၁၀ နှစ်ကြာ စွန့်စားခန်းထွက်ပြီး အမှတ်တရပေါင်းစုံနဲ့ နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းပြီး

အကုန်ပြီးသွားတဲ့အနေအထားမျိုးကနေ ဇာတ်လမ်းကို စတည်ထားပါတယ်။

ဒါပေမဲ့ နှစ်ပေါင်းထောင်ချီ နေနိုင်တဲ့ Elf မျိုးတွေဆိုတော့ သူ့အတွက် ဒါလေးက ဘဝရဲ့ အခိုက်အတန့်လေးတစ်ခုသာသာပဲပေါ့။

လုပ်စရာမရှိ အဖွဲ့ဖျက်သိမ်းတော့ သူက ရိုးရာမပြတ် တစ်ယောက်တည်း ခရီးဆက် လုပ်ချင်ရာလုပ်ပေါ့လေ။

အချိန်တွေက သူ့အတွက် ပြောင်းလဲတာ သူများတွေနဲ့ မတူတော့ သူ့မှာ ဒီ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ စွန့်စားဖော်တွေဆီမှာ ဘာခံစားချက်မှ မရှိသလို ဖြစ်နေတာရယ်။

ဒါပေမဲ့ နှစ်တွေကြာလာတော့ သူ့လူတွေက သေတဲ့လူကသေ အိုတဲ့လူကအိုဆိုတော့ နည်းနည်းချင်းစီ သူ့ ခံစားချက်ကို မသိမသာ လာပြီး သက်ရောက်မှုရှိလာတယ်။

အဲဒီမှာ နောင်တလည်းရပြီး သူ လူသားတွေအကြောင်းကို ပိုသိအောင်လုပ်မယ် လူတွေကြားက ဆက်နွယ်မှုတွေကို ပိုပြီး နားလည်အောင်လုပ်မယ် ဘဝတန်ဖိုးတွေအကြောင်း သိရမယ်ဆိုပြီး

စွန့်စားခန်းခရီးရှည်တစ်ခု တစ်ဖန်ထွက်လာခဲ့ရာကနေ ဒီ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။

စသတိထားမိလိုက်တာတော့ IGN ရဲ့ Anime of the Year 2024 Winner ရသွားတယ်တဲ့။

ဟုတ်ပြီ ဒါနဲ့ Rating တွေ သွားကြည့်လိုက်တော့လည်း အားပါးပါး ရှယ်ကြီးတွေဗျာ။ MyAnimeList မှာ သူက Ranked 1 တဲ့။

ပိုစတာလေး ကြည့်တော့လည်း Elf မလေးတစ်ယောက် ခရီးသွားသလိုမျိုးပေါ့ အက်ရှင်လည်း သိပ်မများလောက်ပါဘူး ဘာလဲ

ဒါဆို ဇာတ်လမ်းပဲ ဖြစ်ရမယ်ဆိုပြီး စပြီး စမ်းသပ်ကြည့်လိုက်တာ……..။

တကယ်ကို တွယ်ငြိသွားတာဗျို့ ဇာတ်လမ်းအလိုက် နောက်ကနေ ပံ့ပိုးနေတဲ့ ကျေးလက်ရိုးရာ Celtic ဆန်ဆန် Background Sountrack တီးလုံးလေးတွေက တော်တော်ကြီးကို အသက်ဝင်စေတယ်ဗျာ။

နောက်ပြီး သူက ခုလက်ရှိ ခရီးသွားနေတာရယ် အရင်က သူ့အဖွဲ့နဲ့ ခရီးသွားတာတွေရယ်ကို Mix လုပ်ပြီး တင်ဆက်ထားတော့

Nostalgia ဆိုတဲ့ ခံစားချက်ကြီးကို ကောင်းကောင်းခံစားမိတာ။

အချိန်တွေကို တန်ဖိုးထားဖို့တွေ ဘယ်လောက်အရေးပါသလဲဆိုတာတွေကို လှလှပပ ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဗျ။

ဇာတ်လမ်းက သွားနေရင်း သူတို့အဖွဲ့သားကြားက လျှို့ဝှက်ချက်လေးတွေ တဖြည်းဖြည်းဖော်ရင်း

လက်ရှိအဖော်လေးတွေနဲ့လည်း သံယောဇဉ်အသစ်တွေတိုးရင် တချို့အခန်းလေးတွေဆို မျက်ရည်တောင် ဝဲချင်ချင် ဖြစ်သေးတာ။

သူက တခြား Anime တွေလို ဆက်တိုက်ဆွဲခေါ်သွားတာ မဟုတ်ပဲ သဘာဝဆန်တဲ့အတွက်ကြောင့် ဇိမ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာ အေးဆေးဖြစ်ပြီး သူ့နာမည်အတိုင်း

ခရီးဆုံးတစ်ခုရဲ့အလွန်က ဘဝတွေကို မြင်ရမှာဖြစ်တယ်။ ခုလို Drama ဆန်ဆန်ပဲ ပြောနေလို့ အက်ရှင်မပါတာ မဟုတ်ဘူးနော်

Adventure ဖြစ်တဲ့အတွက် သူတို့တွေ စွန့်စားခန်းထွက်ရင်း နတ်ဆိုးတွေ အကောင်တွေနဲ့ တိုက်ခိုက်ရတာတွေပါတယ် စာမေးပွဲစစ်တာတွေပါတယ်၊

တခြား Anime နဲ့ ယှဉ်ရင် နည်းတယ်ဆိုပေမဲ့ Battle Scene တစ်ခန်းတစ်ခန်းက ရှယ်ဖြုတ်တာ။

နောက်ပြီး ဒီ Anime က Waifu လေးတွေက မျက်နှာဝိုင်းလေးတွေနဲ့ Frieren နဲ့ Fern တို့ဆို ချစ်ဖို့ကောင်းနေရော။

Ending သီချင်းဖြစ်တဲ့ Milet ရဲ့ Anytime Anywhere ဆိုရင်လည်း ကြိုက်လွန်းလို့ ခုထိ ခဏခဏတောင် နားထောင်ဖြစ်နေတယ်။

ကဲ စာရှည်သွားတာ ခွင့်လွှတ်ပါဗျာ အေးအေးဆေးဆေး ကြည့်ကြမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်စေရမယ်လို့ ပြောကြားရင်း အဆုံးသတ်လိုက်ပါရစေ။

 

File size… 550 MB
Quality… WEB-Dl 1080p
Format… mp4
Duration…. 23m
Genre ….. Adventure, Fantasy, Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Thura Aung

 

EP 01 – UsersDrive / Yoteshin / Megaup / Streamsb

EP 02 – UsersDrive / Yoteshin / Megaup / Streamsb

EP 03 – UsersDrive / Yoteshin / Megaup / Streamsb

EP 04 – UsersDrive / Yoteshin / Megaup / Streamsb

EP 05 – UsersDrive / Yoteshin / Megaup / Streamsb

EP 06 – UsersDrive / Yoteshin / Megaup / Streamsb

EP 07 – UsersDrive / Yoteshin / Megaup / Streamsb

EP 08 – UsersDrive / Yoteshin / Megaup / Streamsb

EP 09 – UsersDrive / Yoteshin / Megaup / Streamsb

EP 10 – UsersDrive / Yoteshin / Megaup / Streamsb

EP 11 – UsersDrive / Yoteshin / Megaup / Streamsb

EP 12 – UsersDrive / Yoteshin / Megaup / Streamsb

EP 13 – UsersDrive / Yoteshin / Megaup / Streamsb

EP 14 – UsersDrive / Yoteshin / Megaup / Streamsb

EP 15 – UsersDrive / Yoteshin / Megaup / Streamsb

EP 16 – UsersDrive / Yoteshin / Megaup / Streamsb

EP 17 – UsersDrive / Yoteshin / Megaup / Streamsb

EP 18 – UsersDrive / Yoteshin / Megaup / Streamsb

EP 19 – UsersDrive / Yoteshin / Megaup / Streamsb

EP 20 – UsersDrive / Yoteshin / Megaup / Streamsb

EP 21 – UsersDrive / Yoteshin / Megaup / Streamsb

EP 22 – UsersDrive / Yoteshin / Megaup / Streamsb

EP 23 – UsersDrive / Yoteshin / Megaup / Streamsb

EP 24 – UsersDrive / Yoteshin / Megaup / Streamsb

EP 25 – UsersDrive / Yoteshin / Megaup / Streamsb

EP 26 – UsersDrive / Yoteshin / Megaup / Streamsb

EP 27 – UsersDrive / Yoteshin / Megaup / Streamsb

EP 28 – UsersDrive / Yoteshin / Megaup / Streamsb

S1 Complete

Related Keywords

Frieren: Beyond Journey’s End (2023) mmsub, Frieren: Beyond Journey’s End (2023) myanmar sub, Frieren: Beyond Journey’s End (2023) burmese sub, Frieren: Beyond Journey’s End (2023) မြန်မာစာတန်းထိုး