description
IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်..
ဇာတ်လမ်းအကျဉ်း
++++++++++
ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။
နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။
စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန်
လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။
ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။
ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။
ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက
ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် တွန်းပို့သလိုဖြစ်သွားတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။
ဒီကားလေးက cringe comedy ဖြစ်သလိုပဲ ပုံမှန်လူနေမှုဘ၀က မျက်မှောက်ခေတ်လူတစ်ဦးရဲ့ အထီးကျန်ဆန်မှုတွေကိုပါ ကွက်ကွက်ကင်းကင်းပြသပေးထားတယ် ။
အားကျမှုကနေတစ်ဆင့်ပြောင်းလာတဲ့ စွဲလမ်းမှုတွေက လူတစ်ဦးကို ဘယ်လောက်ထိအစွန်းရောက်စေလဲဆိုတာကို ဖော်ကျူးထားခြင်းပါပဲ ။
File Size… (2.19 GB) / ( 856 MB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration….1h 40m
Genre …..Comedy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Phu Thet Khin
Related Keywords
Friendship (2025) mmsub, Friendship (2025) myanmar sub, Friendship (2025) burmese sub, Friendship (2025) မြန်မာစာတန်းထိုး