description
Flesh (2020) လူသားများ၏ အမှောင်ဆုံး လျှိဝှက်ချက်များထံသို ခရီးနှင်ခြင်း
Imdb 5.2
ကမ္ဘာကြီးရဲ့ မျက်နှာစာမှာ လှပမှုတွေ အောင်မြင်မှုတွေရှိသလို လူမသိသူမသိတဲ့ အမှောင်ထုကြီးလည်း ရှိနေပါတယ် အဲဒီအမှောင်ထုထဲမှာတော့ လူသားတွေကို ကုန်ပစ္စည်းတစ်ခုလို တန်ဖိုးဖြတ်ကြကြီး
လူသားကုန်သွယ်မှုတွေ ပြုလုပ်နေကြပါတယ် “Flesh” က ကြည့်ရှုသူတိုကို အဲဒီကြောက်စရာကောင်းတဲ့
ရင်တမ,မဖြစ်ရတဲ့ ကမ္ဘာထဲကို ဆွဲခေါ်သွားမဲ့ စီးရီးတစ်ခုဆိုလည်း မမှားနိုင်ပါဘူး
ပျောက်ဆုံးသွားတဲ့ ဆယ်ကျော်သက်မိန်းကလေးဇိုယာ.. သူ့ဘဝကို လိုက်ရှာဖွေနေတဲ့ ရဲအရာရှိရာဒါရဲ့ မျက်လုံးတွေကနေ ဒီအမှောင်ကမ္ဘာရဲ့ အမှန်တရားတွေကို ဖြည်းဖြည်းချင်း မြင်တွေ့လာရမှာပါ ရာဒါက အမှန်ကိုလုပ်ဖိုဆို
စည်းကမ်းမလိုက်နာတတ်ပေမဲ့ သူမရဲ့စိတ်ဓာတ်ကတော့ အရမ်းခိုင်မာပြီးပြတ်သားပါတယ် စပြီးရင်
မပြီးတဲ့အထိ လက်မလွှတ်တတ်တဲ့ရာဒါက ဒီအမှုကို စုံစမ်းရင်းနဲ့ လူ့သားကုန်ကူးတဲ့
ကွင်းဆက်တွေရဲ့ နက်နဲတဲ့ အမြစ်တွေဆီကို တဖြည်းဖြည်း နစ်ဝင်သွားခဲ့တယ်
မွမ်ဘိုင်းရဲ့ တောက်ပတဲ့ မြိုပြအလင်းရောင်အောက်မှာရော ကိုလ်ကတ္တားရဲ့ မှောင်မိုက်တဲ့ လမ်းကြားတွေကြားမှာပါ
လူသားတွေရဲ့ အသက်တွေဟာ ရောင်းဝယ်ဖောက်ကားခံနေရပါတယ် လိင်ကျွန်အဖြစ် ရောင်းဝယ်ဖောက်ကားခံနေရတဲ့ အိမ်တစ်အိမ်ရဲ့သမီးပျို မိဘတွေရဲ့အဖိုးတန် ဆယ်ကျော်သက်အလှတရားလေးတွေက ဘယ်လိုရုန်းကန်ရှင်သန်ကြမလဲ ဒီအမှောင်ကမ္ဘာကြီးကရော ဘယ်လိုလည်ပတ်နေလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ
ဒီစီးရီးမှာတော့ စိတ်လှုပ်ရှားစေမဲ့ဇာတ်ကွက်တွေ ခန့်မှန်းရခက်တဲ့ အလှည့်အပြောင်းတွေအပြည့်ပါပဲ
ဒါက ရိုးရိုး ရာဇဝတ်မှုစီးရီးတစ်ခု မဟုတ်ဘဲ လူသားဆန်မှုရဲ့ အနိမ့်ဆုံးအဆင့်ရှိတဲ့ လူ့အဖွဲအစည်းရဲ့ အမှောင်ဆုံးရှုထောင့်တွေကို ထုတ်ဖော်ပြသထားတဲ့ စီးရီးတစ်ခုအဖြစ် ညွှန်းဆိုရင်း….။
( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
File Size – 700 MB (Appx;)@Episode
Quality – 1080p WEB DL
Duration – 50minute (@Episode)
Total Episodes: 8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Crime, Drama, Action & Adventure
Translator – CM Bollywood Team
Encoder – YK
====== Complete =====
Related Keywords
Flesh(2020) mmsub, Flesh(2020) myanmar sub, Flesh(2020) burmese sub, Flesh(2020) မြန်မာစာတန်းထိုး