description
Fantasmas ( 2024 )
ဒီစီးရီးကတော့ တော်တော်ထူးထူးခြားခြားစီးရီးလို့ပြောရမယ်။ အမျိုးအစားက Surrealist comedy။ အိမ်း ဇာတ်လမ်းကတော့ ရယ်လည်းရယ်ရသလို ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်အောင် အဓိကဇာတ်ကောင်ရဲ့ သူများတွေကို စီးကူးခံစားနိုင်စွမ်းကိုသုံးပြီး လုပ်ပြသွားတော့ ဘယ်သူ့ဇာတ်လဲတောင် တော်တော်ပြောရခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒီထဲပြောသွားတာက အနုပညာသမားဆိုတာ လူတွေကို အတွေးအသစ်အမြင်သစ်တွေပေးနိုင်ရတယ်တဲ့။ ဆိုတော့ ဒီစီးရီးတစ်လျှောက်လုံး စည်းအပြင်ထွက်တွေးတဲ့ ထော်လော်ကန့်လန့် အတွေးသစ်အမြင်သစ်တွေတော့ မြင်နေရမှာပဲ။ သရော်ထားတာလည်း တော်တော်များသလို အကြောင်းအရာတွေက စုံစီနေတယ်။
ဒီစီးရီးကို Julio Torresက Creatorရော ဒါရိုက်တာရော စာရေးဆရာရော မင်းသားရော အကုန်လုပ်ထားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီစီးရီးကို စဆုံးကြည့်မိရင်ကို ဒီလိုမျိုးမလုပ်ဘဲ ဒီလိုစီးရီးမျိုးမထွက်လာဘူးလို့ တွေးမိကြမှာပါ။ ကြည့်ဖူးသမျှထဲတော့ တော်တော်ရဲတင်းပြီး တော်တော်ထူးခြားတဲ့စီးရီးလို့ပြောရမယ်။ ခပ်ဆင်ဆင်အရသာရဖူးတာဆိုတော့ အမ်မာစတုန်းပြီးခဲ့လတွေတုန်းက ထွက်ခဲ့တဲ့ The Cursဆိုတဲ့စီးရီးတော့ရှိမယ်။ အဲဒီစီးရီးကိုကြိုက်ရင်တော့ ကြည့်ကြည့်သင့်တယ်။ The Curseကတော့ သရုပ်ဆောင်တွေ ပိုကြမ်းပေမဲ့ Fantasmasကတော့ ဇာတ်ညွှန်းဆရာအတွေးက တော်တော်လေးထူးခြားတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခုပါပဲ။
Quality_Blu-Ray 1080p HEVC
Format_mkv
Aired: 2024
Original Network: HBO
Duration_00:30:00
Genre_TV Show, Comedy, Drama
Subtitle_Myanmar Subtitle (Hardsub)
Translater_W
Encoder_a hao
Episode (1)_1080p [700MB]
Episode (2)_1080p [700MB]
Episode (3)_1080p [700MB]
Episode (4)_1080p [700MB]
Episode (5)_1080p [700MB]
Episode (6)END_1080p [700MB]
Related Keywords
Fantasmas (2024) mmsub, Fantasmas (2024) myanmar sub, Fantasmas (2024) burmese sub, Fantasmas (2024) မြန်မာစာတန်းထိုး