description
Ellyas Pical (2024)
အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သူ
အယ်လီရက်စ်ပီကယ်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
အယ်လီဟာ စာပူရာဆိုတဲ့ အင်ဒိုနီးရှားရဲ့ ကမ်းခြေမြို့လေးမှာ မွေးဖွားလာသူဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ဆင်းရဲခဲ့ပြီး အမေတစ်ခုသားတစ်ခုနေခဲ့ရပြီး ငယ်စဉ်ကတည်းက ပုလဲရေငုပ်ရှာ ငါးဖမ်းပြီး အသက်မွေးခဲ့ရသူပါ။
သူဟာစာလည်းမတတ်ပါဘူး။ သူ့မှာတော်တဲ့နေရာဆိုလို့ ရန်ဖြစ်တာပဲရှိပါတယ်။ အမေဖြစ်သူက ဘယ်လောက်ပင်ဆုံးမပါစေ ရန်ဖြစ်တာပါပဲ။
ရန်ဖြစ်လိုက်ရင်လည်း သူ့လက်သီးဒဏ်ကိုခံနိုင်သူရှားပါတယ်။
ဒါပေမယ့်တစ်နေ့မှာ သူတို့အိမ်နားလေးမှာနေတဲ့ လက်ဝှေ့သမားဟောင်းတယောက်က
အယ်လီရဲ့ ပါရမီကိုမြင်ပြီး လက်ဝှေ့ပညာမှာအသုံးချဖို့ စည်းရုံးခဲ့ပါတယ်။ ဒီလိုနဲ့ ဆင်းရဲသားငါးဖမ်းသမားလေး
အယ်လီတစ်ယောက်ဟာ သူပါရမီပါတဲ့ လက်ေဝှ့ပညာမှာ ကြိုးစားခဲ့ရင်း သူ့ရဲ့ရိုးသားတဲ့စိတ်ကို
ထိန်းသိမ်းနိုင်ပါ့မလား။ အောင်မြင်လာမှုဒဏ်ကို အယ်လီတစ်ခံနိုင်ပါ့မလား ဆိုတာ
ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုအားပေးကြပါဦး။ အယ်လီရက်စ် ပီကယ်ဟာ ဒုံးပျံဆိုတဲ့ နာမည်ပြောင်ကိုရရှိထားပြီး
သူ့ခေတ်သူ့အခါမှာ ကြောက်စရာကောင်းတဲ့ လက်ဝှေ့သမားဖြစ်ခဲ့ပါတယ်။
သူရဲ့လက်ဝှေ့ထိုးတဲ့ စတိုင်ဟာ Southpaw ဆိုတဲ့ ညာခြေညာလက်ရှေ့ထုတ်ပြီးအားပြင်းတဲ့ဘယ်ဝှိုက်လက်သီးနဲ့ထိုးတဲ့ စတိုင်ပါ။
ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ၂၆ ပွဲထိုးသတ်ခဲ့ပြီး ပွဲ ၂၀ အနိုင်ရခဲ့သူပါ။
အမှောက်သိပ် ၁၁ ပွဲ ရှုံးပွဲ ၅ ပွဲနဲ့ သရေ ၁ ပွဲထိုးခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံဘွဲ့ကို ၁၉၈၅ မှာရရှိခဲ့သူဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းရေးသားသူကတော့ K.Hein ဖြစ်ပါတယ်။)
File Size – 1 GB (Appx;)@Episode
Quality – 1080p WEB DL
Duration –60minute (@Episode)
Total Episodes:6Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – CM Team
Encoder – YK
===== Season 1 =====
Episode 1 – Yoteshin | Gdtot | Megaup | Streamsb
===== Complete =====
Related Keywords
Ellyas Pical (2024) mmsub, Ellyas Pical (2024) myanmar sub, Ellyas Pical (2024) burmese sub, Ellyas Pical (2024) မြန်မာစာတန်းထိုး