description
Ek Farzi Love Story (2025) မစစ်မှန်သော စစ်မှန်ခြင်း
IMDb 6.8/10
ဒီနေ့ခေတ်မှာ ဆက်ဆံရေးတစ်ခုဟာ စတင်ဖိုရော အဆုံးသတ်ဖိုပါ လွယ်ကူလာပါတယ်။
ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာတာနဲ့အမျှ ကောင်းတဲ့ဘက်က အသုံးချတတ်ရင်
အကျိုးရှိပေမဲ့ အသုံးမချတတ်ရင်တော့ တကယ့်အပြင်ကဘဝနဲ့
အွန်လိုင်းပေါ်ကဘဝက ရောထွေးလာမှာပါ။
ဒီစီးရီးလေးက ဒီနေ့ခေတ်ရဲ့ လူနေမှုဘဝကို ထင်ဟပ်နေစေတာမို
ဆိုရှယ်မီဒီယာနယ်ပယ်နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွဲပရိသတ်တို
အကြိုက်ဖြစ်မယ်ထင်ပါတယ်။
content creation ကိုအလွန်စိတ်ဝင်စားသူ ခရီတီကာဆိုတဲ့
ကောင်မလေး။ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ post တွေတင်ပြီး follower တွေ
like တွေဟာလည်း သူ့နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းပါပဲ။
သူလေးစားအားကျရတဲ့သူတွေနဲ့လည်း လိုက်လံတွေ့ဆုံပြီး
အကြံဉာဏ်တောင်းလို အိမ်မက်ကို အကောင်အထည်ဖော်နေခဲ့ပါတယ်။
မာနာ့ဗ်ကတော့ ရုံးတစ်ခုက စာရင်းကိုင်ကောင်လေးတစ်ယောက်။ သူ့ဘဝမှာ
နယ်ပယ်အသီးသီးက မိတ်ဆွေသူငယ်ချင်းပေါင်းစုံ ရှိပါတယ်။ ဂိမ်းဆော့ဖော်ဆော့ဖက်၊
သောက်ဖော်သောက်ဖက်၊ လည်ပတ်စားသောက်ဖော်မိတ်ဆွေ စသဖြင့် အပိုင်းတွေခွဲပြီး
သူ့ဘဝကို နေထိုင်နေပါတယ်။ အရာရာမှာ မျှခြေရှိရမယ်၊ အလုပ်လည်းလုပ် ပျော်လည်းပျော်ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။
Like တွေ share တွေ comment တွေကို မသိတဲ့သူတွေဆီကမရချင်၊
စိတ်ရင်းစိတ်မှန်နဲ့ပေးတဲ့အနည်းငယ်ကိုသာရလိုသူ မာနာ့ဗ်၊ လူအများရဲ့ အာရုံစိုက်ခံရမှုကို
အသည်းအသန်ကြိုးစားနေသူ ခရီတီကာ။ သူတိုနှစ်ယောက်ဟာ ပွဲတစ်ခုမှာ
အမှတ်မထင်ဆုံဖြစ်ပြီး သိကျွမ်းဖိုဖြစ်လာပါတယ်။ အမြင်မတူသူတွေမို
ရန်ဖြစ်ငြင်းခုံရင်း ရင်းနှီးခင်မင်သွားလေရဲ့။ သူတိုနှစ်ယောက်ရိုက်တဲ့ ဗီဒီယိုလေးတစ်ခုက
အွန်လိုင်းမှာ လူကြိုက်များသွားတဲ့အခါမှာတော့ ဘရန်းတွေက အလုပ်လုပ်ဖို
ကမ်းလှမ်းလာပါတော့တယ်။ အလုပ်သဘောအရ နှစ်ယောက်သား
စုံတွဲအဖြစ်ဟန်ဆောင်ဖို ဖြစ်လာတဲ့အခါမှာတော့
……………………………………
ပေါ့ပါးရင်းနှီးပြီး ပွင့်လင်းလွန်းတဲ့ဆက်ဆံရေးရှိတဲ့သူတိုနှစ်ယောက်အဖို
ခံစားချက်ရှိလာဖိုက မဖြစ်နိုင်ဘူးဆိုတဲ့အနေအထားမှာ stalker တစ်ယောက်က
သူတိုဟန်ဆောင်နေတာသိသွားပြီး ဖော်ထုတ်ဖိုလုပ်ပါတော့တယ်။
လိုင်းပေါ်ကလူတွေဝေဖန်မှုကြောင့် ယုံကြည်ချက်ကင်းမဲ့လာသူ
ခရီတီကာနဲ့ တကယ့်ဘဝနဲ့ အွန်လိုင်းကဘဝ ရှုပ်ထွေးစပြုလာတဲ့
မာနာ့ဗ်တို ဝေးကွာသွားကြမလား၊ ဟန်ဆောင်ရင်းတကယ်ခံစားချက်ရှိလာမလားဆိုတာ
ဒီစီးရီးလေးထဲမှာ ကြည့်ရှုခံစား အဖြေထုတ်ကြရအောင်ပါ။
(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။)
File Size – 500 MB (Appx;)@Episode
Quality – 1080p WEB DL
Duration –30minute (@Episode)
Total Episodes:20Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama ~ Bollywood
Translator – CM Bollywood Team
Encoder – YK
===== Complete =====
Related Keywords
Ek Farzi Love Story (2025) mmsub, Ek Farzi Love Story (2025) myanmar sub, Ek Farzi Love Story (2025) burmese sub, Ek Farzi Love Story (2025) မြန်မာစာတန်းထိုး