description
Desperate Lies 2024 (စိတ်ပျက်ဖွယ်ရာ အလိမ်အညာများ)
ဒီတစ်ခါမှာတော့ အပိုင်း (၁၇)ပိုင်းပါဝင်တဲ့ ပေါ်တူဂီဒရာမာ
ရိုးမန့်စ်စီးရီးကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လီယာနာနဲ့ တိုမာ့စ်တို့ဟာ ကလေးလိုချင်လို့ ကြိုးစားနေကြတဲ့ အတွဲတစ်တွဲပေါ့။
သူတို့ဟာ ကလေးလိုချင်လွန်းလို့ အရမ်းပဲ ရူးသွပ်နေကြပြီး လီယာနာဟာဆိုရင် ခင်ပွန်းဖြစ်သူမသိအောင်
မျိုးဥအောင်ဆေးတွေပါ သောက်နေပါပြီး လိင်ဆက်ဆံခြင်းကို တာဝန်တစ်ခုလို
သတ်မှတ်ပြီး ပြုလုပ်နေကြတဲ့ အတွဲလေးပေါ့။
ဒီလိုနဲ့ တစ်နေ့မှာ ခင်ပွန်းဖြစ်သူ တိုမာ့စ်ဟာ ဖောက်ပြန်နေတာကို သိသွားတဲ့အခါမှာတော့
ပြဿနာတွေတက်ကြရင်း တိုမာ့စ်ဟာ စက်ဘီးကလပ်နဲ့ သွားမှာကို အကြောင်းပြပြီး
အိမ်ကနေ ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ တောင်ပေါ်မှာ စက်ဘီးစီးရင်း
မတော်တဆဖြစ်ကာ ဆေးရုံပေါ်ရောက်သွားတဲ့ တိုမာ့စ်ဟာ ဇနီးဖြစ်သူကို အကြောင်းမကြားခဲ့ရာမှ
လီယာနာဟာလည်း ခင်ပွန်းဖြစ်သူဟာ သူ့ကိုပစ်သွားပြီဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူရဲ့ စေ့ဆော်မှုကြောင့် ကလပ်ကိုသွားရင်း စိတ်ဖြေဖျောက်ရာကနေ သူငယ်ချင်းရဲ့မောင်လေးနဲ့
ကုတင်ပေါ်ရောက်သွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ ဆေးရုံတက်တာကို သိသွားတဲ့နောက်မှာ ပြန်အဆင်ပြေသွားကြရင်း
၆ပတ်ကြာတဲ့အခါမှာ လီယာနာ့မှာ အမွှာကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ …….
လီယာနာရဲ့ ကိုယ်ဝန်ဟာ ခင်ပွန်းဖြစ်သူနဲ့ရတာလား တစ်ညတာမှားယွင်းမိတဲ့ ရလဒ်လား ……..
ကလေးရချင်တဲ့ အိပ်မက်လေး အကောင်အထည်ဖော်နိုင်ခဲ့လို့ လီယာနာတို့လင်မယား ပျော်ရွှင်ရမှာလား …..
ဒီကိုယ်ဝန်ကြောင့်ပဲ နောက်ပိုင်းမှာ ဘယ်လိုတွေ ဇာတ်ရှုပ်လာမလဲ …..
ဆိုတာတွေကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)
File Size – 800MB(Appx;)@Episode
Quality – 1080p WEB DL
Duration – 45 minute (@Episode)
Total Episodes: 17Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – CM Team
Encoder – YK
=====Complete=====
Related Keywords
Desperate Lies (2024) mmsub, Desperate Lies (2024) myanmar sub, Desperate Lies (2024) burmese sub, Desperate Lies (2024) မြန်မာစာတန်းထိုး