description
Demon Lord 2099 (2024)
——————————
IMDb-6.9/10, Myanimelist-7.5/10
ဒီ Anime ကတော့ Light Novel ကနေ Anime ပြန်ရိုက်ထားတာပါ။ Plot ကတော့
လွန်ခဲ့တဲ့ ဟိုးခုနှစ်တွေတုန်းက Velto ဆိုတဲ့ နတ်ဆိုးဘုရင်အုပ်ချုပ်တဲ့ မသေမျိုးတွေနဲ့
သူရဲကောင်း Garm တို့သေမျိုးတွေအုပ်စုဟာ စစ်မက်ဖြစ်ကြရင်း မသေမျိုးတွေကျရှုံးသွားပြီး
Velto လည်း အနှစ် ၅၀၀ တိုင် အိပ်စက်သွားရပါတယ်။ သူပြန်နိုးထလာတဲ့အချိန်မှာ
ကမ္ဘာကြီးက သူအုပ်ချုပ်ခဲ့စဉ်ကလိုမဟုတ်ဘဲ လူတွေနေတဲ့ကမ္ဘာနဲ့ မသေမျိူးတွေနေတဲ့
ကမ္ဘာပေါင်းစပ်သွားပြီး ခေတ်လွန်ကမ္ဘာဖြစ်နေပါတယ်။ ၂၀၉၉ ခုနှစ်ကိုရောက်နေပြီး
လူတွေက မှော်ပညာနဲ့ စက်ပစ္စည်းတွေကို တွင်ကျယ်စွာပေါင်းစပ်အသုံးပြုလာကြတယ်။
ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ကြွေးကြော်နေတဲ့ Velto တစ်ယောက် သူ့ရဲ့ယခင်က
လက်အောက်ခံ အမတ်ခြောက်ယောက်လည်း အကွဲကွဲအပြဲပြဲနဲ့ သေတဲ့သူကသေ
သစ္စာဖောက်တဲ့သူကဖောက်၊ အစွမ်းတွေလဲပျောက်၊ အလုပ်လဲမရှိနဲ့ ဒီကမ္ဘာကြီးနဲ့
အံဝင်ခွင်ကျဖြစ်ဖို့ကြိုးစားရပါတော့တယ်။ ဒီလိုနဲ့ နတ်ဆိုးဘုရင်လည်း ဘေးနားကလူ
မြောက်ပေးတာနဲ့ Streamer ဖြစ်သွားလေသတည်း။ သူ့ကိုသစ္စာဖောက်သွားတဲ့မသေမျိူး
Marcusu ကတော့ စက်ဆုပ်တဲ့အကြံဖြစ်တဲ့ မသေမျိူးတွေကိုလောင်စာအဖြစ်သုံးမယ့်
ပရောဂျက်ကြီးကို Velto တစ်ယောက်တားဆီးနိုင်မလား။ ပျောက်ဆုံးနေတဲ့စွမ်းအင်တွေကို
ပြန်ယူနိုင်ပြီး နတ်ဆိုးဘုရင် ပြန်ဖြစ်လာနိုင်မလားဆိုတာကိုကြည့်ရမှာပါ။ ကြိုက်တာတစ်ခုကတော့
Opening အစမှာပါတဲ့သူတို့ Theme song ပါ။ ဇာတ်လမ်းနဲ့လိုက်ဖက်တယ်လို့ ခံစားရမိစေပါတယ်။
နောက်ပြီး MC အနေနဲ့ အတည်ပေါက်ကြီးတွေနဲ့ စခွီထရအောင် ရယ်ရပါတဲ့အတွက်
ကြည့်မိလို့နောင်တ မရစေရဘူးလို ပြောရင်း ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်)
File size… 300 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 23m @Episode
Genre ….. Animation, Action, Fantasy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Angelia
Season 1
Ep 1 – Yoteshin / Userdrive / Megaup / Telegram
Ep 2 – Yoteshin / Userdrive / Megaup / Telegram
Ep 3 – Yoteshin / Userdrive / Megaup / Telegram
Ep 4 – Yoteshin / Userdrive / Megaup / Telegram
Ep 5 – Yoteshin / Userdrive / Megaup / Telegram
Ep 6 – Yoteshin / Userdrive / Megaup / Telegram
Ep 7 – Yoteshin / Userdrive / Megaup / Telegram
Ep 8 – Yoteshin / Userdrive / Megaup / Telegram
Ep 9 – Yoteshin / Userdrive / Megaup / Telegram
Ep 10 – Yoteshin / Userdrive / Megaup / Telegram
Ep 11 – Yoteshin / Userdrive / Megaup / Telegram
Ep 12 – Yoteshin / Userdrive / Megaup / Telegram
S1 Complete
Related Keywords
DEMON LORD 2099 (2024) mmsub, DEMON LORD 2099 (2024) myanmar sub, DEMON LORD 2099 (2024) burmese sub, DEMON LORD 2099 (2024) မြန်မာစာတန်းထိုး