channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Crimson Peak (2015)

Crimson Peak (2015)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

 

သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။

အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။

ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။

အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။

ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal တို့ပူးပေါင်းမှုဆိုတော့စောင့်ကြည့်သင့်တဲ့စာရင်းမှာပါပါတယ်။ အဓိကဇာတ်ဆောင်တွေက Tom Hiddleston, Jessica Chastain, Mia Wasicowska, Charlie Hunnum ဆိုတော့ပိုစိတ်ဝင်စားစရာကောင်းလာတယ်။

ဇာတ်လမ်းအညွှန်းကတော့ –

Edith Cushing (Wasikowska) ကစာရေးဆရာမလေးဖြစ်ပြီး အတိတ်က သူ့မိဘတွေရဲ့ ကြေကွဲစရာဇာတ်သိမ်းကို မေ့ပျောက်ဖို့ကြိုးစားနေရသူ။ သူ့ရဲ့အသစ်စက်စက်ခင်ပွန်း Thomas Sharpe (Hiddleston) ကခန့်ညားပြီးဆွဲဆောင်မှုရှိပေမယ့် လျှို့ဝှက်တတ်ပြီး လူတွေနဲ့ခပ်ကင်းကင်းနေတတ်သူတစ်ဦးပါ။ သူ့ခင်ပွန်းရဲ့အစ်မ Lucille Sharpe (Chastain) ကလည်းသူ့ကိုသိပ်မကြိုဆိုပြန်ဘူး။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ငယ်ရည်းစား Alan McMichael (Hunnum) ကိုလည်းစိတ်ထဲကမပြတ်မသားဖြစ်နေမိပြန်တယ်။
Edith ဟာသူ့ခင်ပွန်းရဲ့ခန်းနားတဲ့အိမ်ကြီးမှာနေထိုင်ရင်း အဲ့ဒီအိမ်ကြီးရဲ့ထိတ်လန့်စရာကောင်းတဲ့အတိတ်ကို တဖြည်းဖြည်းတူးဆွဖော်ထုတ်လာမိတဲ့အခါမှာတော့…..။

မက္ကဆီကန်ဒါရိုက်တာ Del Toro ရဲ့ပြောစကားအရတော့ R အဆင့်တောင်သတ်မှတ်ခံရနိုင်တဲ့ရုပ်ရှင်ဆိုပဲ။ သူဇာတ်ညွှန်းရေး သူဒါရိုက်တာလုပ်ရိုက်တဲ့ကားတွေထဲမှာ Hell Boy I, II လောက်ကိုပဲသဘောကျတယ်။ Pan’s Labyrinth ရဲ့ဇာတ်လမ်းကသိပ်မဆိုးပေမယ့် Pacific Rim ကိုတော့မကြိုက်ဘူး။ ကျနော်ကပဲ Alien theme တွေမကြိုက်လို့လားတော့မသိဘူး။ The Hobbit Trilogy ကိုဇာတ်ညွှန်းရေးပေးခဲ့တဲ့အတွက် သူ့ကိုဇာတ်ညွှန်းအရေးကောင်းသူလို့ပဲ မြင်မိတယ်။

ဒီဇာတ်ကားကလည်းသိပ်မဆိုးလောက်ပါဘူး၊ teaser နဲ့တင်တော်တော်ကြည့်ချင်စရာကောင်းနေပြီ။ တစ်ခုပဲ.. သူဇာတ်ညွှန်း၊ သူဒါရိုက်တာဆိုတော့ သွေးသံရဲရဲနဲ့ရွံစရာ animation ကြီးတွေမပါပါစေနဲ့ပဲဆုတောင်းရမယ်။

ဇာတ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ကတော့ Edith Cushing ရဲ့နေရာမှာ အရင်က Emma Stone ကိုလျာထားပြီး နောက်မှ Wasikowska နဲ့ပြောင်းလိုက်တာပါတဲ့။ Wasikowska ကပိုကောင်းတဲ့ရွေးချယ်မှုလို့ထင်တယ်။ Stoker ထဲကအေးတိအေးစက်ကောင်မလေးပုံစံကို ထပ်မြင်ချင်သေးတာကိုး။

Thomas Sharpe ရဲ့နေရာမှာလည်း အရင်က Benedict Cumberbatch ကိုရွေးထားပြီးမှ Hiddleston နဲ့လဲလိုက်ပါတယ်။
သူတို့ ၂ယောက်စလုံးက အေးစက်စက်မျက်နှာတွေနဲ့ဆိုတော့ ဘယ်သူဖြစ်ဖြစ် ဇာတ်လမ်းနဲ့လိုက်ဖက်မှာပါပဲ။
ပြီးတော့ Hiddleston ကအပြင်မှာလည်း သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ Cumberbatch ကို ဒီရုပ်ရှင်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလို့ပြောသေးတယ်ဆိုပဲ (yeah, bromance!)။

ဘာပဲပြောပြော ဒါရိုက်တာကောင်း သရုပ်ဆောင်ကောင်းတွေနဲ့ရိုက်ထားတဲ့ဒီကားက စောင့်ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားပါ။
YouTube teaser ထဲကနောက်ခံသီချင်း Red Right Hand ကို PJ Harvey ပြန်ဆိုထားတာဖြစ်ပြီး ဇာတ်ကားရဲ့ အဓိကနောက်ခံသီချင်းလည်းဖြစ်ပါတယ်။

(ဇာတ်လမ်းအညွှန်းကိုတော့ Nay Thiha Facebook Acc(https://www.facebook.com/nay.thih) မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)

 

File size…(7 GB)/(2.1 GB)/(1.1 GB)
Quality….Blu-Ray 4K HEVC/1080p / 720p
Format… mp4
Duration…. 01:59:00
Genre… Drama, Horror, Mystery, Romance, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield

  • Download Links Server Size Quality

Related Keywords

Crimson Peak (2015) mmsub, Crimson Peak (2015) myanmar sub, Crimson Peak (2015) burmese sub, Crimson Peak (2015) မြန်မာစာတန်းထိုး