channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Criminal Justice – A Family Matter (2025)

Criminal Justice – A Family Matter (2025)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

description

Criminal justice : A Family Matter 2025 အမှန်တရားဘက်တော်သား

IMDb – 8.1/10

Bollywood Legal dramaချစ်သူတိုင်း အကြိုက်တွေ့ကြတဲ့ Criminal justice ကတော့
ဒီနှစ်မှာ Season 4အနေနဲ့ ပရိသတ်တို့ရှေ့မှောက် ပြန်လည်ရောက်ရှိလာပြန်ပါပြီ။

Season တစ်ခုတိုင်းမှာ မတူညီတဲ့အမှု မတူညီတဲ့ အနှစ်သာရတွေနဲ့ ပရိသတ်ကို
မကြည့်ရမနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ဒီဇာတ်လမ်းတွဲလေးက အခုတစ်ခါမှာတော့
Family Matterဆိုတဲ့အတိုင်းပဲ မိသားစုအရေးကိစ္စကို ဦးတည်ထားတဲ့ ရာဇဝတ်မှုတစ်ခုကို ဖြေရှင်းရမှာပါ။

ထုံးစံအတိုင်းပဲ ကျွန်တော်တို့ရဲ့ အမှန်တရားဘက်တော်သား ရှေ့နေကြီးမီရှရာအဖြစ်
ပန်ကာ့ခ်ျထရီပသီက ပါဝင်ထားပြီး တခြားသရုပ်ဆောင်များစွာလည်း အားဖြည့်ထားတာဖြစ်လို့
ဒီseason4ကရော ရှေ့ ၃ ခုကိုအမီလိုက်နိုင်မလား အရှေ့အတွဲတွေထက်ပိုကောင်းမလားဆိုတာ ရှုစားရင်းအကဲဖြတ်ကြပါဦးစို့။

ဒေါက်တာရာ့ဂ်ျနာ့ဂ်ပါလ်နဲ့ အန်ဂျူတို့က တရားဝင်ကွာရှင်းထားတာတော့မဟုတ်ကြပေမဲ့
နှစ်ဦးသဘောတူ ခွဲနေနေကြတဲ့လင်မယားနှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့သမီးလေးအီရာမှာ
Asperger’s Syndrome ဆိုတဲ့ရောဂါ ခံစားနေရတဲ့အတွက်လည်း တစ်စိတ်တစ်ပိုင်းပါနေတာပေါ့။

ဒါပေမဲ့ ရာ့ဂ်ျက ရို့ရှ်နီဆိုတဲ့ သူနာပြုမလေးနဲ့လည်း ချစ်သူဖြစ်နေပြီး
သူတို့ရဲ့ပတ်သက်မှုကို ဇနီးဖြစ်သူအန်ဂျူအပါအဝင် အကုန်လုံးကသိထားတဲ့အပြင်
အီရာကိုယ်တိုင်ကလည်း ရို့ရှ်နီက သူ့ကိုစောင့်ရှောက်ပေးနေတဲ့သူနာပြုဆိုတော့ ခင်တွယ်နေတာပါ။

ဒီလိုနဲ့ အီရာရဲ့မွေးနေ့ပွဲညပါတီမှာ သူတို့ရဲ့ဆွေမျိုးမိ‌တ်ဆွေ အိမ်နီးချင်းအားလုံးနဲ့
ပါတီပွဲလုပ်ရင်း ပျော်ပါးကြပြီး နောက်တစ်နေ့မနက်မှာ ရို့ရှ်နီက ရာ့ဂ်ျလက်ပေါ်မှာ
သွေးအလိမ်းလိမ်းနဲ့သေဆုံးနေတာကို မြင်လိုက်ရချိန်မှာတော့….

အခြေအနေအရပ်ရပ်က ရာ့ဂ်ျကို လူသတ်တရားခံအဖြစ် ညွှန်ပြနေပြီး
ဘေးကြပ်နံကြပ်ဖြစ်နေချိန်မှာ ထုံးစံအတိုင်း ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်
ရှေ့နေကြီးမီရှရာထံ အန်ဂျူတစ်ယောက် အကူအညီလာတောင်းပါတော့တယ်။

မတရား ပြစ်ဒဏ်ကျခံရတော့မယ့် တရားခံဘက်ကနေ အမြဲရှေ့နေလိုက်ပေးပြီး
အမှုမှန်ပေါ်ပေါက်အောင် အမြဲစွမ်းဆောင်နိုင်တဲ့ ရှေ့နေကြီးမီရှရာတစ်ယောက်
ဒီseason 4မှာရော ဘယ်လိုတွေအစွမ်းပြသွားဦးမလဲဆိုတာ ရှုစားကြပါဦး။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)

File Size – 1.9 GB / 800 MB(Appx;)@Episode

Quality – WEB DL 4k HEVC / 1080p

Duration –41 minute (@Episode)

Total Episodes:Ongoing ( Weekely)

Subtitle – Myanmar Hardsub

Format – Mp4

Genre : Crime, Mystery, Drama

Translator –Alex ~ ToMo ~ Yunni

Encoder – YK

Episode 1 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 2 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 3 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 4 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 5 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 6 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 7 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

Episode 8 – Yoteshin | Gdtot | Userdrive | Megaup | Streamsb

====Complete===

Related Keywords

Criminal Justice – A Family Matter (2025) mmsub, Criminal Justice – A Family Matter (2025) myanmar sub, Criminal Justice – A Family Matter (2025) burmese sub, Criminal Justice – A Family Matter (2025) မြန်မာစာတန်းထိုး