description
Call of the Night Season 1 (2022)
========================
IMDB:7.4/10 Myanimelist: 7.95/10
အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၂ က စတင်ထွက်ရှိခဲ့တဲ့ မန်ဂလေးကို
အခြေခံရိုက်ကူးထားတဲ့ Anime စီးရီးဇာတ်ကားလေးဖြစ်ပါတယ်။ ရိုမန့်ကိုမှ
စိတ်ကူးယဉ်ဆန်ဆန်ကြည့်ချင်တဲ့သူတွေအတွက်ရော Anime ကိုသိပ်မကြိုက်တဲ့လူတွေရောပါ
ကြည့်သင့်တဲ့ တစ်ပိုင်းကြည့်ပြီး နောက်တစ်ပိုင်းပါ ဆက်ကြည့်ချင်သွားမယ့်
ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နော်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ Yamori Ko ဆိုတဲ့
ကောင်လေးဟာ ကျောင်းလည်းမတတ်ချင် ကောင်မလေးတွေကိုလည်း စိတ်မဝင်စား
လူ့လောကကြီးရဲ့ကိစ္စအဝဝကို စိတ်ကုန်နေတဲ့အပြင် ညတွေမှာလည်းအိပ်မပျော်တဲ့အတွက်
ညအချိန် အပြင်ကို လျှောက်လည်ဖို့လုပ်ပါတယ်။ ဒီတော့ တစ်ညမှာ လျှောက်လည်ရင်း
ဘီယာခိုးဝယ်ဖို့လုပ်နေတုန်း Nanakusa Nazuna ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့သွားတွေ့ပါတယ်။
အဲ့မှာ Nazuna က သူညအိပ်မပျော်တာကို သိသွားပြီး အိပ်ပျော်အောင်ကူညီပေးမယ်ဆိုပြီး
သူ့တိုက်ခန်းကိုခေါ်သွားတာပေါ့။ ဆရာသမားကလည်း ဟိုရောက်မှ ကြောက်စိတ်ဝင်လာတာနဲ့
အိပ်ချင်ယောင်ဆောင်ပြီး ပြန်မယ်အလုပ်မှာ Nazuna ဟာ သွေးစုပ်ဖုတ်ကောင်ဆိုတာကို သိသွားပါတယ်။
အဲ့ချိန်ကျ သကောင့်သား Yamori ဟာ မကြောက်တော့ပဲ သူ့ကို သွေးစုပ်ဖုတ်ကောင်အဖြစ်
ပြောင်းလဲပေးဖို့ပြောပါတယ်။ Nazuna ကလည်း သွေးစုပ်ဖုတ်ကောင်ဖြစ်ဖို့ သွေးစုပ်ရုံနဲ့မလုံလောက်ကြောင်း၊
သွေးစုပ်ဖုတ်ကောင်ဖြစ်ချင်တဲ့သူဟာ သွေးစုပ်ဖုတ်ကောင်နဲ့ချစ်ကြိုက်ပြီး သွေးစုပ်ခံမှသာ
သွေးစုပ်ဖုတ်ကောင်ဖြစ်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒီမှာတင် ကောင်မလေးတွေကို
စိတ်မဝင်စားတဲ့ Yamori လည်း Nazuna ကို ချစ်မိဖို့အတွက် ကြိုးစားရပါတော့တယ်။
နောက်တစ်ခုအနေနဲ့ Yamori မနက်ရောက်လို့ အိမ်အပြန်မှာပဲ Akira ဆိုတဲ့ သူနဲ့ငယ်ငယ်တုန်းက
ခင်ခဲ့တဲ့ကောင်မလေးတစ်ယောက်နဲ့သွားတွေ့ပါတယ်။ သူကလည်း Yamori လို ကျောင်းလည်းမတတ်ချင်
အိမ်မှာလည်း မနေချင်တဲ့သူပါပဲ။ ဒါကြောင့်မို့ မနက်ဆိုအစောကြီးတွေထပြီး ကျောင်းကိုမသွားခင်
လမ်းပတ်လျှောက်နေတတ်ပါတယ်။ ဒါပေမယ့် Yamori ကိုတွေ့ပြီးနောက်ပိုင်း Yamori ကို
ကျောင်းတတ်စေချင်တဲ့အတွက် သူ့ကို ကျောင်းလာဖို့စည်းရုံးပါတော့တယ်။ အဲဒီမှာ နောက်ဆုံးတော့
Yamori လည်း Nazuna ကိုချစ်မိကာ သွေးစုပ်ဖုတ်ကောင်ဖြစ်လာပြီး သူ စိတ်ကုန်နေတဲ့လူ့ဘောင်က
ကိစ္စတွေကနေ လွတ်မြောက်နိုင်မလား… ဒါမှမဟုတ် Akira စည်းရုံးတာနောက်ပါပြီး
ကျောင်းပြန်တတ်ချင်လာမလားဆိုတာကို သွေးစုပ်ဖုတ်ကောင်နဲ့ လူသားကြားက ရိုမန့်စ်လေးတွေနဲ့အတူ
ခံစားကြည့်ရှုလိုက်ရအောင်နော်…။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alyn ပဲ ဖြစ်ပါတယ်။)
File size… 300 MB (Appx;)@Episode
Quality… WEB DL 1080p
Format… mp4
Duration…. 25m @Episode
Genre ….. Animation, Romance, Fantasy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated… by Alyn
Season 1
Ep 1 – Userdrive / Megaup / Yoteshin / Telegram
Ep 2 – Userdrive / Megaup / Yoteshin / Telegram
Ep 3 – Userdrive / Megaup / Yoteshin / Telegram
Ep 4 – Userdrive / Megaup / Yoteshin / Telegram
Ep 5 – Userdrive / Megaup / Yoteshin / Telegram
Ep 6 – Userdrive / Megaup / Yoteshin / Telegram
Ep 7 – Userdrive / Megaup / Yoteshin / Telegram
Ep 8 – Userdrive / Megaup / Yoteshin / Telegram
Ep 9 – Userdrive / Megaup / Yoteshin / Telegram
Ep 10 – Userdrive / Megaup / Yoteshin / Telegram
Ep 11 – Userdrive / Megaup / Yoteshin / Telegram
Ep 12 – Userdrive / Megaup / Yoteshin / Telegram
Ep 13 (End) – Userdrive / Megaup / Yoteshin / Telegram
S1 End and S2 will coming soon…
Related Keywords
Call of the Night (2022) mmsub, Call of the Night (2022) myanmar sub, Call of the Night (2022) burmese sub, Call of the Night (2022) မြန်မာစာတန်းထိုး