description
သဘာဝလွန်ဖြစ်ရပ်တွေကို ပဟေဠိဆန်ဆန် အဖြေရှာရင်း ကြည့်ရတာကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး လာပါပြီ။
ဇာတ်လမ်းအကျဉ်း
++++++++++
တင်မ်နဲ့ အိုလီဗီယာက ဆောက်လက်စ အဆောက်အဦးတစ်ခုမှာ တိုက်ခန်းတစ်ခန်းဝယ်ထားပြီး အတူနေထိုင်နေတဲ့စုံတွဲဖြစ်ပါတယ်။
တင်မ်ဟာ ဂိမ်းအက်ပလီကေးရှင်းတွေကို ဖန်တီးတဲ့ အိုင်တီပညာရှင်ဖြစ်ပြီးတော့ အလုပ်ရှင်ကုမ္မဏီက ဂိမ်းပွဲဦးထွက်ရမဲ့သတ်မှတ်ရက်ကို ရှေ့တိုးလိုက်လို့ အကြပ်ရိုက်နေပါတယ်။
အိုလီဗီယာကလည်း သူမကို အချိန်မပေးပဲ အလုပ်ပဲဇွတ်လုပ်နေတဲ့တင်မ်ကို သူမကို ကတိပေးထားတဲ့အတိုင်း ပဲရစ်ကို ခေါ်သွားဖို့ ပြောပေမဲ့ အချိန်မရှိတဲ့ တင်မ်က နောက်မှသွားဖို့ပြောလိုက်ပြီး အိပ်ရာဝင်ခဲ့ပါတယ်။
မနက်လင်းတော့ တင်မ်ကို စိတ်ကုန်သွားတဲ့ အိုလီဗီယာဟာ တင်မ်ကိုလမ်းခွဲပြီး ထွက်သွားဖို့ပြင်ပါတော့တယ်။
အဲအချိန်မှာ ထူးဆန်းစွာပဲ သူတို့အဆောက်အဦးရဲ့ လေးဖက်လေးတန်လုံးမှာ ထူးဆန်းတဲ့နံရံကြီးတစ်ခုက ထွက်ပေါက်မရှိပဲ ပိတ်ဆို့ထားပါတော့တယ်။
အဲအချိန်မှာ ဘေးအခန်းမှာနေတဲ့သူတွေရဲ့အသံကိုကြားလို့ အခန်းတွင်း ဘေးနံရံကို ဖောက်ထွင်းလိုက်တော့ အခန်းဖော်တွေကို တွေ့လိုက်ရပြီး သူတို့လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။
အဲတော့ သူတို့တွေ ဒီအဆောက်အဦးထဲက ဘယ်လိုထွက်ပေါက်ရှာကြမလဲ…
ဒီနံရံကြီးက လူသားတွေက ဖန်တီးထားတာလား ဒါမှမဟုတ် ဂြိုဟ်သားတွေများ ဖြစ်နေမလား….
ဒီလိုနံရံကြီးက ဒီအဆောက်အဦးတစ်ခုကိုပဲ ပိတ်ဆို့ထားတာလား….
တခြားအဆောက်အဦးတွေရော ဒီလိုဖြစ်နေမလား….
အပြင်မှာရော ပုံမှန်အတိုင်းပဲလား…..
ဘာများဖြစ်နေလို့လဲ အစရှိသဖြင့် သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
File Size… (1.52 GB) / (775 MB)
Quality… NF WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration…1h 39m
Genre ….. Drama , Mystery , Sci-Fi , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Act Matteo
Related Keywords
Brick (2025) mmsub, Brick (2025) myanmar sub, Brick (2025) burmese sub, Brick (2025) မြန်မာစာတန်းထိုး