description
Bonjour Tristesse ရုပ်ရှင်ဟာ Françoise Sagan ရဲ့ ၁၉၅၄ ခုနှစ်ထွက် ဂန္ထဝင်ဝတ္ထုကို အခြေခံတဲ့ရုပ်ရှင်ဖြစ်ပြီး Durga Chew-Bose က ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းကတော့ အသက် ၁၈ နှစ်အရွယ် Cécile (Lily McInerny) ဟာ ပြင်သစ်ကမ်းခြေတစ်ခုမှာ ဖခင်ဖြစ်သူ Raymond (Claes Bang) ၊
ဖခင်ရဲ့ချစ်သူ Elsa (Naïlia Harzoune) တို့နဲ့အတူဖြတ်သန်းတဲ့ နွေရာသီကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။
ဒါပေမဲ့ Cécile ရဲ့သေဆုံးသွားတဲ့မိခင်နဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Anne (Chloë Sevigny) ရောက်ရှိလာချိန်မှာတော့ သူတို့ရဲ့ ပျော်ရွှင်မှုတွေ အဆုံးသတ်ခဲ့ရပါတော့တယ်။
Anne ရဲ့တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ Raymond အပေါ် Anne ရဲ့လွှမ်းမိုးမှုကြောင့် မကျေနပ်ဖြစ်လာတဲ့ Cécile ဟာ Elsa ၊ သူ့ချစ်သူကောင်လေး Cyril
(Aliocha Schneider) တို့နဲ့ပူးပေါင်းကြံစည်ပြီး Anne နဲ့ Raymond ရဲ့လက်ထပ်မယ့်အစီအစဉ်ကို ဖျက်ဆီးဖို့ကြံစည်ပါတော့တယ်။
ဒါတွေရဲ့အဆုံးသတ်မှာတော့ Cécile တစ်ယောက် ထင်မှတ်မထားတဲ့ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်။
ဒီရုပ်ရှင်မှာ အလှပဆုံးသော ရုပ်ပုံတွေ၊ ပြင်သစ်ကမ်းခြေရဲ့သဘာဝအလှတရားတွေနဲ့ ဇာတ်ကောင်တွေရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကို အဓိကရိုက်ကူးပြသထားပါတယ်။
လူငယ်ဘဝရဲ့စိတ်ရှုပ်ထွေးမှု၊ လွတ်လပ်မှုကိုတောင့်တခြင်းနဲ့ စိတ်ခံစားမှုတွေရဲ့ပဋိပက္ခတွေကို ဖော်ပြထားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
File Size… (1.72 GB) / ( 0.97 GB)
Quality… WEB-DL 1080p HEVC /720p
Format…mkv / mp4
Duration….1h 50m
Genre …..Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by JULY
Related Keywords
Bonjour Tristesse (2025) mmsub, Bonjour Tristesse (2025) myanmar sub, Bonjour Tristesse (2025) burmese sub, Bonjour Tristesse (2025) မြန်မာစာတန်းထိုး