channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Black Ops (2023)

Black Ops (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Season 1

 

အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး

 

ယခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့

Comedy/Crime အမျိုးအစားဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်

ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် အပိုင်း ၆ ပိုင်းပဲပါဝင်ပြီး အချိန်

ပေးရသက်သာလို့ ပေါ့ပေါ့ပါးပါးဟာသကားကြိုက်နှစ်သက်

သူပရိသတ်များ သဘောကျနှစ်ခြိုက်မယ့် Mini-series လေးဖြစ်ပါတယ်

Dom နဲ့ Kay တို့ဟာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြပြီး အမှုလိုက်တဲ့အလုပ်

မလုပ်ရတဲ့ ဌာနအတွင်း ရဲလို့တောင်အသတ်မှတ်မခံရတဲ့

လမ်း‌ဘေးမှာယာဉ်အန္တရာယ်လမ်းအန္တရာယ်များအကြောင်း

ပညာပေးစာစောင် ကမ်းရသူရဲများဖြစ်ကြပါတယ်..

Dom ဟာဆိုရင် တက္ကသိုလ် မှုခင်းဗေဒဘာသာရပ်မှာ အဆင့်မြင့်‌မြင့်

အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ထားသူဖြစ်သော်လည်း

လန်ဒန်မြို့‌တော်ရဲဌာနကတော့ ရာထူးတိုးပေးဖို့ ငြင်းဆိုရင်း

လမ်းသတိပေးတာဝန်အတွက်သာ Dom ကိုနေရာချထားခဲ့ပါတယ်

ထို့ကြောင့်ပဲ Dom ဟာ ရဲဌာနကို စိတ်နာကာ အရွဲ့တိုက်လျက်

ရုံးအချိန်မှန်မတက် ယူနီဖောင်းသေချာမဝတ် စည်းကမ်းမလိုက်နာဘဲ

ဘေးတစောင်းလိုက်ကာ ရေစုန်မျှောနေသူဖြစ်ပါတယ်…

Kay ဟာဆိုရင်တော့ Dom ရဲ့တွဲဘက်ဖြစ်ပြီး ရိုးသားလွန်းသူ

တုံးလွန်းသူဖြစ်ကာ ဘာသာရေးအဆုံးအမတွေကို လိုက်နာသူ

အခြားသူများကို ဘာသာရေးလုပ်ဖို့ စည်းရုံးသူဖြစ်ပါတယ်..

သို့နှင့် ၎င်းတို့နှစ်ယောက် လမ်း‌မပေါ်မှာ သတိပေးလက်ကမ်း

စာစောင်များဝေရင်း ကျရာဇာတ်ရုပ်ကို မကချင်ကချင်ကနေစဉ်မှာပဲ

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ ဘရိုက်မာ့ရှ်နယ်မြေက မူးယစ်ဂိုဏ်းကို

ဖမ်းဆီးဖို့ အလုပ်ရှုပ်နေခဲ့ပါတယ်..

၎င်းမူးယစ်ဂိုဏ်းဟာ လူမဲများရဲ့ ဂိုဏ်းဖြစ်တာကြောင့် အသွင်ယူ

ရဲများဟာ လူမဲဖြစ်ဖို့လိုနေခဲ့ပါတယ် သို့သော်လည်း ရဲဌာနမှအကြီး

အကဲများဟာ ထိုအမှုအတွက်တာဝန်ရှိသူစုံထောက်ကြီးကို

လူဖြူအသွင်ယူရဲများသာ ချပေးရာမှာတော့ အထက်လူကြီးများ

ထိုအမှုပေါ်ထားရှိတဲ့ မမှန်ကန်တဲ့သဘောထားကို စုံထောက်ကြီး

ရိပ်မိသွားကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့

ဖြစ်လာခဲ့ပါတယ်..

ထိုအခိုက်မှာပဲ လန်ဒန်မြို့တော်ရဲစခန်းရဲ့ လူမဲအရာရှိ ၂ ဦးဖြစ်တဲ့

Dom နဲ့ Kay တို့ အသွင်ယူရဲအဖြစ်နဲ့ ရဲအလုပ်စစ်စစ်ကို လုပ်ဖို့

အခွင့်အရေးရလာပါတယ်..

သို့သော်လည်း ထိုအသွင်ယူစစ်ဆင်ရေးဟာ လျှို့ဝှက်စစ်ဆင်ရေး

ဖြစ်လို့ Dom နဲ့ Kay ရယ် စုံထောက်ကြီးရယ်သာ သိရှိထားရာ

အသွင်ယူနေစဉ်အတွင်း စုံထောက်ကြီးရဲ့ အသက်မဲ့အလောင်းကို

မြေမြှုပ်ပေးဖို့ ဂိုဏ်းသားများက စေခိုင်းလာတဲ့နောက်မှာတော့

Dom နဲ့ Kay တို့ ဦးခေါင်းပြတ်လျက် မျောက်သစ်ကိုင်းလွတ်

သလိုဖြစ်ခဲ့ရပါတယ်..

ထိုသို့နှင့် အကာအကွယ်ပေးမည့် စုံထောက်ကြီးလည်း မရှိ

ဂိုဏ်းသားများလက်ကလည်း မလွတ်နိုင်တော့တဲ့နောက်မှာတော့

ငုတ်မိသဲတိုင် တိုင်နိုင်ဖျားရောက်ဆိုသလို Dom နဲ့ Kay တို့

ကိုယ့်အားကိုယ်ကိုးလျက် အမှုလိုက်ရတော့မှာပဲဖြစ်ပါတယ်…

ဒီဇာတ်ကားလေးဟာဆိုရင် အမှုလိုက်ကျမယ့်အသွင်ယူရဲနှစ်‌ယောက်ရဲ့

အတွဲညီညီကမောက်ကမဖြစ်ကြပုံတို့ကို ကလိထိုးရယ်ရမှာမဟုတ်ဘဲ

ပြုံးရွှင်စွာနဲ့ တစိမ့်စိမ့်ရယ်ရမယ့် ဟာသကားလေးဖြစ်တာကြောင့်

ရုပ်ရှင်ချစ်သူပရိသတ်များ မြည်းစမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားလေး

ဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ………

 

 

File Size –510MB

Quality –WEB-DL 1080p HEVC

Episodes –  6 Eps

Duration –  26 min

Subtitle – Myanmar Hardsub

Format – mkv

Genre :   Drama

Translator – Ye Thiha Htet & Saw Lay

Encoder – Min Wai

 

 

( Season 1 )

 

 

Ep-1 (1080p)>>  Usersdrive  YoteShin   /  gdtot  /   Megaup

 

Ep-2 (1080p)>>  Usersdrive  YoteShin   /  gdtot  /   Megaup

 

Ep-3 (1080p)>>  Usersdrive  /   YoteShin   /  gdtot  /   Megaup

 

Ep-4 (1080p)>>  Usersdrive  /   YoteShin   /  gdtot  /   Megaup

 

Ep-5 (1080p)>>  Usersdrive  YoteShin   /   gdtot  /   Megaup

 

Ep-6 (1080p)>>  Usersdrive  YoteShin   /   gdtot  /   Megaup

 

++++++THE END++++++

Related Keywords

Black Ops (2023) mmsub, Black Ops (2023) myanmar sub, Black Ops (2023) burmese sub, Black Ops (2023) မြန်မာစာတန်းထိုး