description
Bandish Bandits (2024) “ဂန္ထဝင်ဂီတ”
ယခုတဖန် တင်ဆက်ပေးမှာကတော့ ဟင်ဒီမြူဇစ်ကယ်ဒရာမာရုပ်သံဇာတ်လမ်းတွဲပါပဲ။
မြူဇစ်ကယ်ရုပ်ရှင်တွေကို ဖန်တီးတဲ့နေရာမှာပြောင်မြောက်လှတဲ့
ဒါရိုက်တာကြီးအာနန်တီဝါရီရဲ့ လက်ရာပေါ့။
မှတ်မိအောင်ပြောရရင် ဗစ်ကီရဲ့ မြူဇစ်ကယ်ရုပ်ရှင် Love Per Square Foot (2018)ကို
ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ။ ၂၀၁၉ခုနှစ်က ပထမတွဲထွက်ရှိခဲ့တဲ့
ဒီရုပ်သံစီးရီးကတော့ အောင်မြင်မှုတွေနဲ့အတူ ၂၀၂၄မှာ
ဒုတိယတွဲထွက်ရှိလာတာမို့ နှစ်တွဲစလုံးကို cm bollywood teamကနေ
တင်ဆက်ပေးလိုက်ပါတယ်။
ရာဒေဆိုတာ ဘုရင်ကတောင်မြောက်စားရတဲ့ အဘိုးဖြစ်သူ
ဂန္ထဝင်တေးဂီတပညာရှင်ကြီးရဲ့မြေးတစ်ယောက်။
အဘိုးဖြစ်သူရဲ့ အရိုက်အရာကိုဆက်ခံဖို့ နေ့မနားညမနားကြိုးစားပေမဲ့
မိသားစုအခက်အခဲကြောင့် နန်းတော်မှာ စာရင်းကိုင်ဝင်လုပ်နေရတဲ့သူ။
တာမာနာကတော့ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ နာမည်ကျော် ပေါ့ပ်အဆိုတော်တစ်ယောက်။
ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်အရ သီချင်းအသစ်ထုတ်ဖို့ရှိပေမဲ့ ခေါင်းထဲမှာ
အဆင်ပြေတဲ့သီချင်းတစ်ပုဒ်မှရောက်မလာလို့ ဘူနေတဲ့ နာမည်ကျော်အဆိုတော်မလေး။
အကြောင်းတိုက်ဆိုင်လို့ ဂန္ထဝင်အဆိုတော်ဖြစ်ချင်တဲ့ရာဒေနဲ့ ပေါ့ပ်အဆိုတော်မလေးတာမာနာတို့ဆုံကြတဲ့အခါ။
တာမာနာက သူ့ရဲ့ နောက်လာမဲ့သီချင်းမှာ ရာဒေကို ဝင်ဆိုစေချင်ပြီး
ရာဒေကတော့ သူ့ဂီတကိုပဲ ဂီတလို့မြင်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့…။
Shankar–Ehsaan–Loyလို အောင်မြင်တဲ့တေးဂီတအဖွဲ့ကနေ
နောက်ခံတေးသီချင်းတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)
File Size – 700 MB(Appx;)@Episode
Quality – 1080p WEB DL
Duration –35minute (@Episode)
Total Episodes:10Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Family~Drama
Translator – CM Bollywood Team
Encoder – YK
Season 1
===Complete===
Season 2
===Complete===
Related Keywords
Bandish Bandits (2020) mmsub, Bandish Bandits (2020) myanmar sub, Bandish Bandits (2020) burmese sub, Bandish Bandits (2020) မြန်မာစာတန်းထိုး