\n 

~ IMDb – 7.1/10, Rotten Tomatoes – 72% ~

 

ဒီမီနီစီးရီးကတော့ Cary Grant အကြောင်းသက်သက်ပါပဲ။ Cary Grant အကြောင်းသက်သက်ဆိုပေမဲ့ Cary Grant ကတော့ တော်ရုံတန်ရုံမည်ကာမတ္တတော့ မဟုတ်ချေဘူး။ Classic Hollywood Cinema ရဲ့ ထိတ်ထိတ်ကြဲမင်းသားတွေထဲက တစ်ယောက်။ ဟောလိဝုဒ်ရွှေခေတ်ရဲ့ ဒုတိယမြောက်အကြီးကျယ်ဆုံး အမျိုးသားသရုပ်ဆောင်လို့ ခေါ်တွင်ရတဲ့လူ။ ပထမနေရာမှာတော့ Humphrey Bogart က ယူထားပြီး ဒီစာရင်းမှာ Marlon Brando က ၄၊ Gone with the Wind မင်းသား Clark Gable က ၇၊ ချာလီချက်ပလင်က ၁၀ ဆိုတော့ ဂရန့်ရထားတဲ့နေရာက ဘယ်လောက်ကြီးကျယ်လဲ ပြောစရာတောင်မလိုပါဘူး။ နောက် Cary Grant ဟာ Master of Suspense လို့ခေါ်တွင်ကြတဲ့ အဲဖရက်ဟစ်ကော့ရဲ့ သဘောအကျဆုံး မင်းသားလည်းဟုတ်တယ်။ ဒီစီးရီးထဲလည်း သူနဲ့ဟစ်ကော့ ဘယ်လောက်ထိ ရင်းနီးတဲ့ ဆက်ဆံရေးမျိုးရှိကြောင်း သေချာပြထားတယ်။ ဟစ်ကော့ဟာ ဂရန့်နဲ့ Suspicion (1941), Notorious (1946), To Catch a Thief (1955) နဲ့ North by Northwest (1959) လေးကား ရိုက်ဖူးတယ်။ နောက် ကာရီဂရန့်ဟာ ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကြီးကျယ်ဆုံး နံပါတ်တစ်မင်းသမီးလို့ သမုတ်ကြတဲ့ Katharine Hepburn နဲ့ James Stewart တို့နဲ့အတူတူ တွဲဖက်ပြီး The Philadelphia Story ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့ဖူးတယ်။ Katharine Hepburn နဲ့ တခြားကားတွေလည်းရိုက်ခဲ့ဖူးသလို ဟောလိဝုဒ်ရွှေခေတ်ရဲ့ နာမည်ကြီးဒါရိုက်တာ တော်တော်များများနဲ့ ရိုက်ခဲ့ဖူးတယ်။ ဒါကတော့ သူ့ရဲ့ကြီးကျယ်ခြင်းတွေပေါ့။

 

ဒါပေမဲ့ စီးရီးမှာကျ သူ့ကြီးကျယ်ခြင်းတွေကို ပြဖို့လည်းမလိုဘူးမို့ သူ့ကြီးကျယ်ခြင်းတွေအကြောင်းတော့ မယ်မယ်ရရ သိပ်မပြထားဘူး။ အဲဒီအစား သူ့ရဲ့ ငယ်ဘဝထရော်မာတွေကနေ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဖြစ်တည်လာခြင်းကိုပဲ ရိုက်ပြထားတယ်။ အာချီလိချ်လို့ခေါ်တဲ့ အင်္ဂလန်က သာမန်တောင်မဟုတ်တဲ့ အမေက အရူးထောင်ရောက်၊ အဖေက နောက်မိန်းမယူသွားလို့ မကြည်နေတဲ့ အဘွားနဲ့သွားကပ်နေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ဘဝကနေ စပြထားတယ်။ ဒီကနေမှ အားလုံးစွန့်ပစ်တာခံခဲ့ရတဲ့ အာချီလိချ်ပေါက်စလေးကနေ ဆပ်ကပ်၊ ပြဇာတ်၊ သရုပ်ဆောင်လောကကို ကူးလာတဲ့ အာချီလိချ်အငယ်လေးရဲ့ ဘဝကို ဆက်ပြသွားတယ်။ နောက်ပိုင်းတော့ အာချီလိချ်ကနေမှ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ကို သူအသက်သွင်းခဲ့ပုံကိုပြတယ်။ ကာရီဂရန့်ကို ဇာတ်ကောင်တစ်ကောင်လို သုံးရတာက အာချီကိုယ်တိုင်လည်း ကာရီဂရန့်ဟာ လူတိုင်းဖြစ်ချင်ကြတဲ့လူမျိုး လူတိုင်းပိုင်ဆိုင်ချင်တဲ့ ဘဝမျိုးနဲ့လူမျိုးလို့ ဆိုခဲ့တယ်။ ကာရီဂရန့်ကို သူက ဇာတ်ကောင်တစ်ကောင်လို့လည်း ဆိုခဲ့တယ်။ ကာရီဂရန့်ဆိုတဲ့လူဖြစ်လာအောင် သူအသက်သွင်းထားရတယ်ပေါ့။ ကာရီဟာ အာချီအတွက် ဇာတ်တစ်ကောင်လို ဘဝမျိုးပဲ။ အာချီဟာ သူအာချီဆိုတာကို ကျောခိုင်းမေ့ပစ်ပြီး ကာရီဂရန့်ဆိုတဲ့ နာမည်ကျော်မင်းသားဘဝမှာပဲ ရှင်သန်နေခဲ့တယ်။ တစ်နေ့မှာ သူ့အတိတ်က သူ့ကို တံခါးလာခေါက်လာတယ်။ ကာရီဂရန့်ဆီကို အာချီဟာရောက်လာတယ်။ ဒီလိုနဲ့ အမေရိကန်က နာမည်ကျော်မင်းသား ကာရီဂရန့်ဟာ အာချီဆိုတဲ့ကောင်လေးနေခဲ့ဖူးတဲ့ကမ္ဘာကို ပြန်တီးခေါက်မိရာက အာချီဘဝနဲ့ကာရီဘဝကြား သူလွန်ဆွဲရပုံတွေကို ပြထားတယ်။

 

ကာရီဂရန့်ရဲ့ဘဝကိုက အတက်အကျပေါင်းများစွာနဲ့ ဒရာမာဆန်နေတာဆိုတော့ အာချီဇာတ်လမ်းဟာ ဒရာမာဇာတ်လမ်းလို့ထင်နေရတာလည်း အံ့ဩစရာတော့မရှိဘူး။ ဒါပေမဲ့ အာချီဟာ ကာရီဂရန့်ရဲ့ ဖြစ်ရပ်မှန်ကိုပဲ ရိုက်ပြထားတဲ့ မီနီစီးရီးပါပဲ။ ဟောလိဝုဒ်ရွှေခေတ်ထဲက ဟိုးအောက်ဆုံးဘဝငရဲကနေ တစ်ခေတ်ရဲ့တစ်ယောက်တွေထဲက တစ်ယောက်ဖြစ်လာတဲ့အထိ တက်လှမ်းလာခဲ့တဲ့ နာမည်ကျော်မင်းသားတစ်ယောက်အကြောင်းဆိုရင်လည်း မမှားဘူး။ ဇာတ်လမ်းကတော့ ကောင်းပါပေ့ညွန့်ပါပေ့လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း‌ ဟောလိဝုဒ်ရွှေခေတ် ရုပ်ရှင်တွေနဲ့ မစိမ်းတဲ့လူတွေအတွက်နဲ့ အဲဒီခေတ်က ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ အာချီဟာ လွမ်းစရာအတန်အသင့်ကောင်းစေမယ့် စီးရီးပါပဲ။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်)

Size ~ 750MB+
\nTotal – 4 Episodes
\nQuality – 1080p
\nDuration ~ 50min+ (@Episode)
\nSubtitle – Myanmar Hardsub
\nFormat – Mp4
\nGenre : Biography, Drama
\nSource : BBX.Web-dl.1080p
\nTranslator – WiRa Aung
\nEncoder – Y


Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 2 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 3 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 4 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish


 

\n","author":{"@type":"Person","name":"channelmyannar","url":"https://channelmyanmar.blog"},"publisher":{"@type":"Organization","name":"channelmyannar INC.","logo":{"@type":"ImageObject","url":"//netmangraw.com/public/assets/images/logo-channelmyanmar.svg","width":135,"height":38}},"image":{"@type":"ImageObject","url":"https://admin.channelmyanmar.blog/storage/images/archie-2023.jpg","width":300,"height":400}}
channelmyanmar သည် 4K၊ 1080P၊ 720P ကဲ့သို့သော လူကြိုက်များသည့် အရည်အသွေးများနှင့်အတူ မြန်မာစာတန်းထိုးဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုရန်နှင့် ဒေါင်းလုဒ်လုပ်ရန်အတွက် ဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နေ့စဉ်အမြန်ဆုံးအပ်ဒိတ်လုပ်ပေးနေပါသည်။

Archie (2023)

Archie (2023)
  • other name

    updating

  • author

    updating

  • status

    ongoing

  • genres

    updating

  • views

    0

rating: 5/5 - 1 votes.

description

Archie (2023) Complete Mini Series

 

~ IMDb – 7.1/10, Rotten Tomatoes – 72% ~

 

ဒီမီနီစီးရီးကတော့ Cary Grant အကြောင်းသက်သက်ပါပဲ။ Cary Grant အကြောင်းသက်သက်ဆိုပေမဲ့ Cary Grant ကတော့ တော်ရုံတန်ရုံမည်ကာမတ္တတော့ မဟုတ်ချေဘူး။ Classic Hollywood Cinema ရဲ့ ထိတ်ထိတ်ကြဲမင်းသားတွေထဲက တစ်ယောက်။ ဟောလိဝုဒ်ရွှေခေတ်ရဲ့ ဒုတိယမြောက်အကြီးကျယ်ဆုံး အမျိုးသားသရုပ်ဆောင်လို့ ခေါ်တွင်ရတဲ့လူ။ ပထမနေရာမှာတော့ Humphrey Bogart က ယူထားပြီး ဒီစာရင်းမှာ Marlon Brando က ၄၊ Gone with the Wind မင်းသား Clark Gable က ၇၊ ချာလီချက်ပလင်က ၁၀ ဆိုတော့ ဂရန့်ရထားတဲ့နေရာက ဘယ်လောက်ကြီးကျယ်လဲ ပြောစရာတောင်မလိုပါဘူး။ နောက် Cary Grant ဟာ Master of Suspense လို့ခေါ်တွင်ကြတဲ့ အဲဖရက်ဟစ်ကော့ရဲ့ သဘောအကျဆုံး မင်းသားလည်းဟုတ်တယ်။ ဒီစီးရီးထဲလည်း သူနဲ့ဟစ်ကော့ ဘယ်လောက်ထိ ရင်းနီးတဲ့ ဆက်ဆံရေးမျိုးရှိကြောင်း သေချာပြထားတယ်။ ဟစ်ကော့ဟာ ဂရန့်နဲ့ Suspicion (1941), Notorious (1946), To Catch a Thief (1955) နဲ့ North by Northwest (1959) လေးကား ရိုက်ဖူးတယ်။ နောက် ကာရီဂရန့်ဟာ ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကြီးကျယ်ဆုံး နံပါတ်တစ်မင်းသမီးလို့ သမုတ်ကြတဲ့ Katharine Hepburn နဲ့ James Stewart တို့နဲ့အတူတူ တွဲဖက်ပြီး The Philadelphia Story ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ခဲ့ဖူးတယ်။ Katharine Hepburn နဲ့ တခြားကားတွေလည်းရိုက်ခဲ့ဖူးသလို ဟောလိဝုဒ်ရွှေခေတ်ရဲ့ နာမည်ကြီးဒါရိုက်တာ တော်တော်များများနဲ့ ရိုက်ခဲ့ဖူးတယ်။ ဒါကတော့ သူ့ရဲ့ကြီးကျယ်ခြင်းတွေပေါ့။

 

ဒါပေမဲ့ စီးရီးမှာကျ သူ့ကြီးကျယ်ခြင်းတွေကို ပြဖို့လည်းမလိုဘူးမို့ သူ့ကြီးကျယ်ခြင်းတွေအကြောင်းတော့ မယ်မယ်ရရ သိပ်မပြထားဘူး။ အဲဒီအစား သူ့ရဲ့ ငယ်ဘဝထရော်မာတွေကနေ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဖြစ်တည်လာခြင်းကိုပဲ ရိုက်ပြထားတယ်။ အာချီလိချ်လို့ခေါ်တဲ့ အင်္ဂလန်က သာမန်တောင်မဟုတ်တဲ့ အမေက အရူးထောင်ရောက်၊ အဖေက နောက်မိန်းမယူသွားလို့ မကြည်နေတဲ့ အဘွားနဲ့သွားကပ်နေရတဲ့ ကောင်လေးတစ်ယောက်ရဲ့ဘဝကနေ စပြထားတယ်။ ဒီကနေမှ အားလုံးစွန့်ပစ်တာခံခဲ့ရတဲ့ အာချီလိချ်ပေါက်စလေးကနေ ဆပ်ကပ်၊ ပြဇာတ်၊ သရုပ်ဆောင်လောကကို ကူးလာတဲ့ အာချီလိချ်အငယ်လေးရဲ့ ဘဝကို ဆက်ပြသွားတယ်။ နောက်ပိုင်းတော့ အာချီလိချ်ကနေမှ ကာရီဂရန့်ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ကို သူအသက်သွင်းခဲ့ပုံကိုပြတယ်။ ကာရီဂရန့်ကို ဇာတ်ကောင်တစ်ကောင်လို သုံးရတာက အာချီကိုယ်တိုင်လည်း ကာရီဂရန့်ဟာ လူတိုင်းဖြစ်ချင်ကြတဲ့လူမျိုး လူတိုင်းပိုင်ဆိုင်ချင်တဲ့ ဘဝမျိုးနဲ့လူမျိုးလို့ ဆိုခဲ့တယ်။ ကာရီဂရန့်ကို သူက ဇာတ်ကောင်တစ်ကောင်လို့လည်း ဆိုခဲ့တယ်။ ကာရီဂရန့်ဆိုတဲ့လူဖြစ်လာအောင် သူအသက်သွင်းထားရတယ်ပေါ့။ ကာရီဟာ အာချီအတွက် ဇာတ်တစ်ကောင်လို ဘဝမျိုးပဲ။ အာချီဟာ သူအာချီဆိုတာကို ကျောခိုင်းမေ့ပစ်ပြီး ကာရီဂရန့်ဆိုတဲ့ နာမည်ကျော်မင်းသားဘဝမှာပဲ ရှင်သန်နေခဲ့တယ်။ တစ်နေ့မှာ သူ့အတိတ်က သူ့ကို တံခါးလာခေါက်လာတယ်။ ကာရီဂရန့်ဆီကို အာချီဟာရောက်လာတယ်။ ဒီလိုနဲ့ အမေရိကန်က နာမည်ကျော်မင်းသား ကာရီဂရန့်ဟာ အာချီဆိုတဲ့ကောင်လေးနေခဲ့ဖူးတဲ့ကမ္ဘာကို ပြန်တီးခေါက်မိရာက အာချီဘဝနဲ့ကာရီဘဝကြား သူလွန်ဆွဲရပုံတွေကို ပြထားတယ်။

 

ကာရီဂရန့်ရဲ့ဘဝကိုက အတက်အကျပေါင်းများစွာနဲ့ ဒရာမာဆန်နေတာဆိုတော့ အာချီဇာတ်လမ်းဟာ ဒရာမာဇာတ်လမ်းလို့ထင်နေရတာလည်း အံ့ဩစရာတော့မရှိဘူး။ ဒါပေမဲ့ အာချီဟာ ကာရီဂရန့်ရဲ့ ဖြစ်ရပ်မှန်ကိုပဲ ရိုက်ပြထားတဲ့ မီနီစီးရီးပါပဲ။ ဟောလိဝုဒ်ရွှေခေတ်ထဲက ဟိုးအောက်ဆုံးဘဝငရဲကနေ တစ်ခေတ်ရဲ့တစ်ယောက်တွေထဲက တစ်ယောက်ဖြစ်လာတဲ့အထိ တက်လှမ်းလာခဲ့တဲ့ နာမည်ကျော်မင်းသားတစ်ယောက်အကြောင်းဆိုရင်လည်း မမှားဘူး။ ဇာတ်လမ်းကတော့ ကောင်းပါပေ့ညွန့်ပါပေ့လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း‌ ဟောလိဝုဒ်ရွှေခေတ် ရုပ်ရှင်တွေနဲ့ မစိမ်းတဲ့လူတွေအတွက်နဲ့ အဲဒီခေတ်က ရုပ်ရှင်တွေရဲ့ ပရိသတ်တွေအတွက်တော့ အာချီဟာ လွမ်းစရာအတန်အသင့်ကောင်းစေမယ့် စီးရီးပါပဲ။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်)

Size ~ 750MB+
Total – 4 Episodes
Quality – 1080p
Duration ~ 50min+ (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Biography, Drama
Source : BBX.Web-dl.1080p
Translator – WiRa Aung
Encoder – Y


Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 2 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 3 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode 4 –>Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish


 

Related Keywords

Archie (2023) mmsub, Archie (2023) myanmar sub, Archie (2023) burmese sub, Archie (2023) မြန်မာစာတန်းထိုး