Apple Cider Vinegar (2025) [last updated: 2025-07-29 17:34:33] other name updating author updating status ongoing genres updating views 0 Apple Cider Vinegar (2025) rating: 5/5 - 1 votes. follow 0 followers description IMDb – 7.2/10 RT – 84% Netflix က ထုတ်လုပ်တဲ့ သြစတြေးလျမီနီစီးရီးတစ်ခုဖြစ်ပါတယ်။လက်တွေ့ဘဝ ကျန်းမာရေးဂုရု လူလိမ် Belle Gibson ရဲ့ လုပ်ဇာတ်တွေကို တင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ သူမဟာ ဦးနှောက်ကင်ဆာအပါအဝင် ကင်ဆာအများအပြားရှိယောင်ဆောင်ပြီး အာဟာရ၊ လေ့ကျင့်ခန်း၊ Natural Medicine နဲ့ Alternative Medicine (အမည်ခံသော အတုအယောင်တွေ)နဲ့ ကင်ဆာပျောက်သွားကြောင်း၊ မည်သို့မည်ပုံနေထိုင်စားသောက်ကြောင်း သူမရဲ့ Followers တွေကိုအယုံသွင်းပြီး သူမရဲ့ apps နဲ့ စာအုပ်တွေကို အရောင်းမြှင့်တင်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း ဖျံကျလွန်းသူဖြစ်ပြီး အော်စကာဆုရသရုပ်ဆောင်တွေ လက်မှိုင်ချရလောက်အောင်လည်း သရုပ်ဆောင်ကောင်းသူဖြစ်ပါတယ်။ သူမရဲ့ ကုမ္ပဏီအကျိုးအမြတ်တွေကိုလည်း အဖွဲ့အစည်းပေါင်းများစွာကို လှူဒါန်းကြောင်း လိမ်ညာခဲ့ပါသေးတယ်။ငွေကြေးမတတ်နိုင်သူတွေ ခွဲစိတ်ကုသဖို့အတွက် အကြောင်းပြပြီး Crowdfunding လို့ခေါ် တဲ့ စုပေါင်းအလှူရန်ပုံငွေတွေကိုလည်း လိမ်ညာကောက်ခံပြီး အပျောက်ရိုက်ခဲ့ပါသေးတယ်။ သူမကို ၂၀၁၆ခုနှစ်မှာ တရားစွဲဆိုပြီး ဒဏ်ငွေတွေချမှတ်ခဲ့ပေမယ့် ၂၀၂၅ခုနှစ် မတ်လအထိ ပေးလျော်ခြင်းမရှိသေးကြောင်း သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဲလ်ဂစ်ဘ်ဆင် (Kaitlyn Dever)ဟာ ဦးနှောက်ကင်ဆာရှိနေကြောင်း၊ နောက်ပိုင်းမှာ Alternative Medicineကြောင့် ပျောက်ကင်းသွားကြောင်း လိမ်ညာပြီး Followers တွေကိုအယုံသွင်းကာ သူမရဲ့ apps နဲ့ စာအုပ်တွေကို လိမ်ညာရောင်းချခဲ့ပါတယ်။ မီလာဘလိက်ခ် (Alycia Debnam-Carey)ကတော့ တကယ့်ကင်ဆာအောင်နိုင်ရှင်ကျန်ခဲ့သူတစ်ဦးဖြစ်ပြီး Influencer အချင်းချင်း ဘဲလ်နဲ့ ယှဉ်ပြိုင်ရင်း အတိဒုက္ခရောက်ခဲ့ရပါတယ်။ဒါကိုမမြင်ရက်တဲ့ သူငယ်ချင်းဖြစ်သူ ရှနယ်လ် (Aisha Dee)က သတင်းစာဆရာ ဂျက်စတင် (Mark Coles Smith) နဲ့ ပူးပေါင်းပြီး ဘဲလ်ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ကြတာကို တင်ဆက်ထားတာပါ။ ဒီစီးရီးကိုကြည့်ပြီး အတွေးတစ်ခုဝင်လာတာကတော့ ကမ္ဘာရဲ့ဘယ်အရပ်မှာနေသည်ဖြစ်စေ လူဆိုတဲ့အမျိုးကတော့ အတူတူပါပဲ ဆိုတာပါပဲ။ ဘယ်အရွက်လေးကြိတ်သောက် ဟိုရောဂါပျောက်တယ်၊ ဒီအမြစ်လေးလိမ်းကြည့် ကင်ဆာပျောက်တယ်ဆိုတာ ကျနော်တို့ပတ်ဝန်းကျင်မှာမှ မဟုတ်ဘူးဆိုတာပါပဲ။ သိပ္ပံပညာဗန်းပြပြီး လိမ်စားနေသူတွေကလည်း ဒုနဲ့ဒေးပါပဲ။ သဘာဝလွန်ဖြစ်ရပ်တွေကလည်း ဝင်ပါလိုက်ပါသေးတယ်။ ဝေဖန်သူများက လူမှုမီဒီယာတွေရဲ့ လွှမ်းမိုးမှုနှင့် မှားယွင်းတဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို စူးစမ်းချင်လာအောင် လှုံ့ဆော်ပေးသည့်အပြင် Kaitlyn Dever၏ သရုပ်ဆောင်မှုများ၊ ဇာတ်လမ်းပြောပြပုံတို့ကို ချီးကျူးကြသော်လည်း ရှုပ်ထွေးသောအချိန်အလိုက်တင်ပြပုံနှင့် ဘဲလ်ကို သနားစရာကောင်းအောင် ပုံဖော်မှုတို့အတွက် ဝေဖန်ခံရပါတယ်။ အများစုကတော့ သတင်းမှားတွေရဲ့ အန္တရာယ်နဲ့ Influencer ကျင့်ဝတ်တွေကို မီးမောင်းထိုးပြလို့ သဘောကျကြပါတယ်။အကောင်းဆုံးသရုပ်ဆောင်အဖြစ် Kaitlyn Dever ဇကာတင်ဆုတစ်ခုဝင်ဖူးတဲ့ ဒီ Series မှာ အပိုင်းခြောက်ပိုင်းပဲ ရှိပါတယ်။ တစ်ပိုင်းချင်းစီကလည်း ရုပ်ရှင်တစ်ကားစာလောက်နီးပါး ရသမျိုးစုံပေးပါလိမ့်မယ်။ ဇာတ်ညွှန်း Samantha Strauss, Anya Beyersdorf နဲ့ Angela Betzien တို့ဖြစ်ပြီး ဒါရိုက်တာ Jeffrey Walker ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thompson ဖြစ်ပါတယ်။File size…(1.3 GB)/(609 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ThompsonSeason 1Episode 1 720p – Yoteshin/ Gdot / Megaup / Telegram Episode 1 1080p – Yoteshin/ Gdot / Megaup Episode 2 720p – Yoteshin/ Gdtot / Megaup / Telegram Episode 2 1080p – Yoteshin/ Gdtot / Megaup Episode 3 720p – Yoteshin/ Gdtot / Megaup / Telegram Episode 3 1080p – Yoteshin/ Gdtot / Megaup Episode 4 720p – Yoteshin/ Gdtot / Megaup / Telegram Episode 4 1080p – Yoteshin/ Gdtot / Megaup Episode 5 720p – Yoteshin/ Gdtot / Megaup / Telegram Episode 5 1080p – Yoteshin/ Gdtot / Megaup Episode 6 720p – Yoteshin/ Gdtot / Megaup / Telegram Episode 6 1080p – Yoteshin/ Gdtot / Megaup Related Keywords Apple Cider Vinegar (2025) mmsub, Apple Cider Vinegar (2025) myanmar sub, Apple Cider Vinegar (2025) burmese sub, Apple Cider Vinegar (2025) မြန်မာစာတန်းထိုး