description
IMDB 6.1/10 ရရှိထားတဲ့ ၂၀၂၄ ခုနှစ်ထွက် Crime/Drama/Mystery အမျိုးအစား ပြင်သစ် mini series အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
အီဒါက ငယ်ငယ်လေးကတည်းက အဖေတစ်ခုသမီးတစ်ခုနေခဲ့ရတာမို့ ဖခင်ဖြစ်သူနဲ့ ရင်းနှီးပြီး လျှို့ဝှက်ချက်တွေ မရှိကြေး ကတိတွေထားကာ အရွယ်ရောက်လာခဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ် ၃၀ က တောရွာလေးတစ်ခုက သတင်းတစ်ခုကိုလိုက်ရင်း ထူးဆန်းစွာ ပျောက်ဆုံးသွားတာမို့ သူ့ဖခင်ကို ပြန်တွေ့နိုင်ဖို့အရေး ရွာငယ်လေးဆီ လိုက်သွားခဲ့ရပါတော့တယ်။
ရွာလေးကိုရောက်တော့ သူ့ဖခင်ကို ပြန်တွေ့ဖို့ လုံးပန်းရာကနေ သူ့ဖခင်က လူတစ်ယောက်ကို ရှာနေတာဖြစ်ကြောင်း သိခဲ့ရတာမို့ အဲဒီလူဆီ သွားမေးတော့လည်း အဲဒီလူက သူ့အဖေကို မြင်ဖူးဖို့မပြောနဲ့၊ ကြားတောင်မကြားဖူးဘူးလို့ ဆိုလာတာကြောင့် အစအနပျောက်ကာ မျှော်လင့်ချက်မဲ့ဖြစ်ခဲ့ရပါတော့တယ်။ ဒါပေမဲ့လည်း ဇွဲကြီးတဲ့ အီဒါက ဖခင်ဖြစ်သူကို မတွေ့မချင်း ရှာဖို့ ကြိုးစားခဲ့ရာက အဲဒီရွာငယ်လေးရဲ့ လျှို့ဝှက်ချက်တွေကို တစ်စတစ်စ သိရှိလာခဲ့ရာမှာတော့.. သူ့အဖေက ဘာလို့ ပျောက်ဆုံးသွားခဲ့တာလဲ.. ရွာငယ်လေးရဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. သူ့အဖေ ရှာချင်ခဲ့တဲ့ လူကရော ဘယ်သူလဲ.. နောက်ဆုံးမှာ သူ့အဖေကိုရော ဘေးကင်းကင်းနဲ့ ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီ စီးရီးရဲ့ ဇာတ်ညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)
File size…(980 Mb)/(501 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….00:55:00
Genre…Drama, Mystery,Crime
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily
Season 1
Episode 1 720p – Yoteshin/ Megaup / Meganz/ Usersdrive/ Streamwish
Episode 2 720p – Yoteshin/ Megaup / Meganz/ Usersdrive / Streamwish
Episode 3 720p – Yoteshin/ Megaup / Meganz/ Usersdrive/ Streamwish
Episode 4 720p – Yoteshin/ Megaup / Meganz/ Usersdrive / Streamwish
Episode 5 720p – Yoteshin/ Megaup / Meganz/ Usersdrive/ Streamwish
Episode 6 720p – Yoteshin/ Megaup / Meganz/ Usersdrive/ Streamwish
Related Keywords
Anthracite (2024) mmsub, Anthracite (2024) myanmar sub, Anthracite (2024) burmese sub, Anthracite (2024) မြန်မာစာတန်းထိုး