description
Aniela (2025)
Netflix ရဲ့တင်ဆက်နေကျ ၈ပိုင်းပါဝင်တဲ့ comedy‑drama စီးရီးကိုမှ
မိသားစုအခက်အခဲတွေ အကြင်လင်မယားကြားက ဆက်ဆံရေးတွေနဲ့အတူ သားသမီးနဲ့
မိဘသူငယ်ချင်းတို့ရဲ့ ပတ်သက်ဆက်ဆံမှုတွေကို ဘယ်လိုအကောင်းဆုံး အပြန်အလှန် နားလည်မှုတွေ ပေးကြရင်း
ဘဝကိုခရီးဆက်သင့်လဲဆိုတာ မီးမောင်းထိုးပြထားတဲ့ ပိုလန်စီးရီး ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အာညေးလာဆိုတဲ့ လူကုံထံအမျိုးသမီးဟာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခင်ပွန်းဖြစ်သူကြောင့်
သူတို့နေထိုင်တဲ့ ဝါစောမြို့လေးမှာ အချမ်းသာဆုံးဖြစ်ပြီး ပန်းချီပြခန်းတစ်ခုလည်း ပိုင်ဆိုင်ထားပါတယ်။
တစ်နေ့ ခင်ပွန်းဖြစ်သူက အာဖရိကဘက်ကို အလုပ်ကိစ္စနဲ့သွားပြီး အပြန်မှာ အမျိုးသားတွေသီးသန့်
ဆွေးနွေးပွဲကိုသွားခဲ့ပြီး ဇနီးဖြစ်သူ အာညေးလာကို သူ့ရဲ့လောင်းရိပ်အောက်မှာ ပိတ်မိမနေစေလိုဘဲ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့
အမျိုးသမီးဖြစ်စေချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကွာရှင်းဖို့လုပ်ပါတယ်။ ဒါကို အာညေးလာက လက်မခံလို့
တကယ့်အကြောင်းအရင်းဖြစ်တဲ့ အငယ်အနှောင်းရှိနေတဲ့အကြောင်းကိုပါ ထုတ်ဖော်ပြီး အားလုံးကိုလည်း ကွာရှင်းတော့မယ့်အကြောင်း
ကြေညာတော့မယ်လုပ်နေလို့ အာညေးလာက ဖန်ကွဲနဲ့ ဗိုက်ကိုထိုးလို့ ရဲစခန်းရောက်သွားခဲ့ပါတယ်။
ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးပြီး ပိုင်ဆိုင်မှုတွေအားလုံးနဲ့အတူ သမီးဖြစ်သူကို အုပ်ထိန်းခွင့်ပါ
လက်လျှော့ရင် တရားမစွဲဘူးဆိုတာကြောင့် အာညေးလာ လက်လျှော့ခဲ့ရပါတယ်။ သူ့အတွက် ကူညီမယ့်လူလည်း ရှားပါးနေပြီး
ပေါ်ကြော့ လူကုံထံ အာညေးလာရဲ့ ကြမ်းတမ်းရဲ့ ဘဝအလှည့်အပြောင်းကို ကြည့်ရှုရမှာပါ။
အာညေးလာတစ်ယောက်ကတော့ တစ်ပတ်အတွင်း ဘဝကိုပြန်လည်ထူထောင်ပြီး သမီးဖြစ်သူကိုပါ
အုပ်ထိန်းခွင့်ရအောင် ကြိုးစားသွားမှာမို့ ဘဝကိုတစ်ယောက်တည်း ရုန်းကန်နေရတဲ့ ကြည့်ရှုသူတွေအနေနဲ့
ခွန်အားတစ်ရပ်လည်းဖြစ် အပျင်းလည်းဖြေရင်း ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲအမျိုးအစားလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။
အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Channel Myanmar Teamမှ တင်ဆက်ပေးထားပါတယ်။
File Size – 900 MB(Appx;)@Episode
Quality – 1080p WEB DL
Duration –50minute (@Episode)
Total Episodes:8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama
Translator – Channel Myanmar Team
Encoder – YK
===== Complete =====
Related Keywords
Aniela (2025) mmsub, Aniela (2025) myanmar sub, Aniela (2025) burmese sub, Aniela (2025) မြန်မာစာတန်းထိုး