description
Adolescence (2025)
*********************
အပိုင်း (၁ မှ ၄) စ/ဆုံး
လျှို့ဝှက်ဆန်းကြယ်စုံထောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သူတွေအတွက် Mini Series
ကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် တရားခံတွေက လူကြီးတွေ
ဖြစ်နေတာများပေမဲ့ ဒီကားထဲမှာတော့ ၁၃ နှစ်သား ကလေးလေးက တရားခံဖြစ်နေပြီး
တရားခံကိုအစကတည်းက တန်းသိရပေမဲ့ နောက်ပိုင်းကိုလည်း စိတ်ဝင်စားစရာကောင်းအောင်
ဆက်လက်ဆွဲခေါ်သွားပေးနိုင်တဲ့အတွက် အချိန်ပေးရတာတန်စေမဲ့ Series လေးတစ်ခုလို့
ပြောလို့ရပါတယ်။ နာမည်ကတော့ Adolescence ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ TV
Series တွေမှာ တော်တော်ကောင်းကောင်းလက်စွမ်းပြထားနိုင်တဲ့ Ashley Walters တို့
Stephen Graham တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး
IMDb Rating ကြမ်းကြမ်း 8.5 အထိကိုဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ ဂျေမီဆိုတဲ့ ၁၃ နှစ်အရွယ်ကောင်လေးရဲ့အိမ်ကို ရဲတွေ လက်နက်ကိုင်
တပ်ဖွဲ့တွေနဲ့ဝင်စီးနင်းတာကိုတွေ့ရမှာဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂျေမီ့ကို ရဲစခန်းကို ဖမ်းခေါ်သွား
ခဲ့ပါတော့တယ်။အဲ့ဒီအခါမှာ မိဘဖြစ်သူတွေကအကျိုးအကြောင်းမေးတဲ့အခါမှာတော့ သူတို့သားကို
လူသတ်မှုသံသယရှိသူအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။
ဒီလိုနဲ့ဂျေမီတစ်ယောက် ရဲစခန်းလုပ်ထုံးလုပ်စဉ်တွေအတိုင်း စစ်ဆေးတာတွေ စစ်မေးတာ
တွေကိုခံရပြီး သိပ်မကြာခင်မှာပဲ တရားခံပေါ်သွားပါတော့တယ်။ အထက်မှာပြောခဲ့သလိုပဲ
တရားခံတန်းပေါ်သွားပေမဲ့ နောက်ပိုင်း ဆက်လာမဲ့ အကြောင်းအရာတွေကမှ တကယ်
စိတ်ဝင်စားဖို့ ကောင်းတာပါ။ စောစောစီးစီး တရားခံအထိ Spoil ပြီးသွားပြီ ဆိုတော့
နောက်ဆက်တွဲတွေကို ဆက်မပြောတော့ဘဲ ကိုယ်တိုင်ပဲလက်မလွတ်တမ်း ကြည့်ဖြစ်အောင်
ကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတော့တယ်။
(အညွှန်းကို Saw Lay မှ ရေးသားပေးထားပါတယ်)
Episodes: 4
Aired: 13 March 2025
Genres: Psychological, Thriller, Crime, Drama
Translated by Saw Lay
Encoded by AHtet
Episode 01
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 02
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 03
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
Episode 04
[720p] »»» UsersDrive • Yoteshin • MegaUp • GDToT
[1080p] »»» UsersDrive • Yoteshin • MegaUp • GDToT
========================THE END===========================
Related Keywords
Adolescence (2025) [Complete] mmsub, Adolescence (2025) [Complete] myanmar sub, Adolescence (2025) [Complete] burmese sub, Adolescence (2025) [Complete] မြန်မာစာတန်းထိုး